This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

ယူကရိန္းကုိ အားေပးေထာက္ခံတဲ့ ႐ုပ္သံဖုိင္ေၾကာင့္ ခ႐ုိေအးရွားလက္ေထာက္နည္းျပ ရာထူးက ထုတ္ပယ္ခံခဲ့ရ

ခ႐ုိေအးရွားအသင္းလက္ေထာက္နည္းျပ ဗူကုိယီဗစ္ Vukojevic ဟာ ယူကရိန္းႏုိင္ငံကို အားေပးေထာက္ခံတဲ့ ႐ုပ္သံဖုိင္တစ္ခုကုိ Facebook ေပၚမွာ တင္ခဲ့တာေၾကာင့္ သူ႔ရဲ႕ရာထူးက ထုတ္ပယ္ခံခဲ့ရပါတယ္။ ႐ုရွားအသင္းကုိ ပယ္နယ္တီအဆုံးအျဖတ္နဲ႔အႏုိင္ရခဲ့တဲ့ ကြာတားဖုိင္နယ္ပဲြအၿပီးမွာ ဗူကုိယီဗစ္န႔ဲ ေနာက္ခံလူ ဗီဒါ Vida တို႔ဟာ “ယူကရိန္းတို႔ရဲ႕ ေအာင္ပဲြ (Glory To Ukraine)” လုိ႔ ေအာ္ဟစ္ေအာင္ပြဲခံခဲ့ၾကသလုိ “အခုႏုိင္ပဲြက ဒုိင္နမုိကိဗ္နဲ႔ ယူကရိန္းတို႔အတြက္ျဖစ္ပါတယ္”ဆုိၿပီး ေျပာဆုိခ့ဲၾကတာပါ။ တူရကီကလပ္ ဘက္ဆစ္တက္အသင္းမွာ လက္ရွိကစားေနတဲ့ ခ႐ုိေအးရွားေနာက္ခံလူ ဗီဒါဟာ ယူကရိန္းထိပ္သီးကလပ္ ဒုိင္မုိကိဗ္အသင္းမွာ ကစားခဲ့ဖူးသူျဖစ္ၿပီး ဗူကုိယီဗစ္ကလည္း ကစားသမားဘ၀တုန္းက ဒုိင္နမုိကိဗ္အသင္းမွာ ကစားခဲ့သူျဖစ္ပါတယ္။

Vukojevic-and-Vida

Vukojevic-and-Vida

ဒါေၾကာင့္ သူတို႔ႏွစ္ဦးက ႐ုရွားနဲ႔ပဲြအၿပီးမွာ ယူကရိန္းနဲ႔ ဒုိင္နမုိကိဗ္တို႔ကုိ ရည္ရြယ္ေအာင္ပဲြခံခဲ့တာျဖစ္ေပမယ့္ ယူကရိန္းနဲ႔႐ုရွားႏုိင္ငံတို႔အၾကား ႏုိင္ငံေရးပဋိပကၡေတြရွိေနသလုိ သူတို႔ႏွစ္ဦးဟာ ယူကရိန္းႏုိင္ငံက ႐ုရွားဆန္႔က်င္ေရးလႈပ္ရွားသူေတြရဲ႕ စကားအတိုင္း ေျပာဆုိခဲ့တာေၾကာင့္ ခ႐ုိေအးရွားေဘာလုံးအဖဲြ႕ခ်ဳပ္က ဗူကုိယီဗစ္ကုိ ရာထူးက ထုတ္ပယ္ခဲ့ၿပီး ဗီဒါရဲ႕လုပ္ရပ္အတြက္ ေတာင္းပန္စကားဆုိခဲ့ရပါတယ္။ ဒါ့အျပင္ ႐ုရွားႏုိင္ငံကုိ ေရာက္ရွိေနတဲ့ ခ႐ုိေအးရွားပရိသတ္ေတြဟာ ယူကရိန္းႏုိင္ငံကုိ အားေပးေထာက္ခံတဲ့ သီခ်င္းေတြ သီဆုိခဲ့တာေၾကာင့္ အဲဒီပရိသတ္ေတြရဲ႕ လုံၿခံဳေရးအတြက္ ခ႐ုိေအးရွား တာ၀န္ရွိသူေတြက စုိးရိမ္ေနၾကပါတယ္။

REF:Daily Mail
Photo:Nacional,.kronat.com
Naing Linn(Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

ယူကရိန်းကို အားပေးထောက်ခံတဲ့ ရုပ်သံဖိုင်ကြောင့် ခရိုအေးရှားလက်ထောက်နည်းပြ ရာထူးက ထုတ်ပယ်ခံခဲ့ရ

ခရိုအေးရှားအသင်းလက်ထောက်နည်းပြ ဗူကိုယီဗစ် Vukojevic ဟာ ယူကရိန်းနိုင်ငံကို အားပေးထောက်ခံတဲ့ ရုပ်သံဖိုင်တစ်ခုကို Facebook ပေါ်မှာ တင်ခဲ့တာကြောင့် သူ့ရဲ့ရာထူးက ထုတ်ပယ်ခံခဲ့ရပါတယ်။ ရုရှားအသင်းကို ပယ်နယ်တီအဆုံးအဖြတ်နဲ့အနိုင်ရခဲ့တဲ့ ကွာတားဖိုင်နယ်ပွဲအပြီးမှာ ဗူကိုယီဗစ်နဲ့ နောက်ခံလူ ဗီဒါ Vida တို့ဟာ “ယူကရိန်းတို့ရဲ့ အောင်ပွဲ (Glory To Ukraine)” လို့ အော်ဟစ်အောင်ပွဲခံခဲ့ကြသလို “အခုနိုင်ပွဲက ဒိုင်နမိုကိဗ်နဲ့ ယူကရိန်းတို့အတွက်ဖြစ်ပါတယ်”ဆိုပြီး ပြောဆိုခဲ့ကြတာပါ။ တူရကီကလပ် ဘက်ဆစ်တက်အသင်းမှာ လက်ရှိကစားနေတဲ့ ခရိုအေးရှားနောက်ခံလူ ဗီဒါဟာ ယူကရိန်းထိပ်သီးကလပ် ဒိုင်မိုကိဗ်အသင်းမှာ ကစားခဲ့ဖူးသူဖြစ်ပြီး ဗူကိုယီဗစ်ကလည်း ကစားသမားဘဝတုန်းက ဒိုင်နမိုကိဗ်အသင်းမှာ ကစားခဲ့သူဖြစ်ပါတယ်။

Vukojevic-and-Vida

Vukojevic-and-Vida

ဒါကြောင့် သူတို့နှစ်ဦးက ရုရှားနဲ့ပွဲအပြီးမှာ ယူကရိန်းနဲ့ ဒိုင်နမိုကိဗ်တို့ကို ရည်ရွယ်အောင်ပွဲခံခဲ့တာဖြစ်ပေမယ့် ယူကရိန်းနဲ့ရုရှားနိုင်ငံတို့အကြား နိုင်ငံရေးပဋိပက္ခတွေရှိနေသလို သူတို့နှစ်ဦးဟာ ယူကရိန်းနိုင်ငံက ရုရှားဆန့်ကျင်ရေးလှုပ်ရှားသူတွေရဲ့ စကားအတိုင်း ပြောဆိုခဲ့တာကြောင့် ခရိုအေးရှားဘောလုံးအဖွဲ့ချုပ်က ဗူကိုယီဗစ်ကို ရာထူးက ထုတ်ပယ်ခဲ့ပြီး ဗီဒါရဲ့လုပ်ရပ်အတွက် တောင်းပန်စကားဆိုခဲ့ရပါတယ်။ ဒါ့အပြင် ရုရှားနိုင်ငံကို ရောက်ရှိနေတဲ့ ခရိုအေးရှားပရိသတ်တွေဟာ ယူကရိန်းနိုင်ငံကို အားပေးထောက်ခံတဲ့ သီချင်းတွေ သီဆိုခဲ့တာကြောင့် အဲဒီပရိသတ်တွေရဲ့ လုံခြုံရေးအတွက် ခရိုအေးရှား တာဝန်ရှိသူတွေက စိုးရိမ်နေကြပါတယ်။

REF:Daily Mail
Photo:Nacional,.kronat.com
Naing Linn(Akhayar)
www.akhayar.com