This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

သမုိင္းတစ္ေလွ်ာက္ ကမၻာ႔ဖလားဗုိလ္လုပဲြကုိ ပထမဆုံးအႀကိမ္တက္ေရာက္ခ့ဲတဲ့ ခ႐ုိေအးရွား

ခ႐ုိေအးရွားအသင္းဟာ နာမည္ႀကီး အဂၤလန္ကုိ အႏုိင္ယူၿပီး အသင္းသမုိင္းတစ္ေလွ်ာက္ ကမၻာ႔ဖလားဗုိလ္လုပဲြကုိ ပထမဆုံးအႀကိမ္ တက္ေရာက္ႏုိင္ခဲ့ၿပီျဖစ္ပါတယ္။ ဗုိလ္လုပဲြတက္ဖုိ႔ ေရပန္းစားခဲ့တဲ့ အဂၤလန္အသင္းကေတာ့ ထုံးစံအတိုင္း ဆီမီးဖုိင္နယ္နဲ႔ပဲ ေက်နပ္ခဲ့ရၿပီး တတိယေနရာရဖုိ႔ပဲ ႀကိဳးစားရေတာ့မွာပါ။ ပထမပုိင္းမွာ ႏွစ္သင္းစလုံးရဲ႕ ကစားပုံက အလြဲလဲြအေခ်ာ္ေခ်ာ္ျဖစ္ခဲ့ၿပီး တည္ၿငိမ္တဲ့ကစားပုံမ်ိဳး မေတြ႕ခဲ့ရဘူး။ ဆီမီးဖုိင္နယ္အဆင့္ျဖစ္တာေၾကာင့္ High Tempo Game ျဖစ္လုိ႔ ႏွစ္သင္းစလုံး တည္ၿငိမ္မႈမရွိတာျဖစ္ေပမယ့္လည္း သာမန္ Normal Passing ေတြေတာင္ မွန္ေအာင္မေပးႏုိင္တာက စိတ္ပ်က္စရာပါ။

Trippier-Free-Kick-Goal

Trippier-Free-Kick-Goal

အဖြင့္ဂုိးကုိေတာ့ အဂၤလန္အသင္းက စတင္ရရွိခဲ့တယ္။ ပဲြအစ(၅)မိနစ္ေလာက္မွာ ရခဲ့တဲ့ Free Kick ကေန ေနာက္ခံလူ ထရစ္ပီယာ Trippier က လွလွပပကန္သြင္းခဲ့တာျဖစ္ပါတယ္။ ဒါေပမဲ့ အဲဒီေနာက္ပုိင္း အဂၤလန္အသင္း ကစားပုံက အားရစရာမရွိသလုိ၊ ခ႐ုိေအးရွားအသင္းကလည္း အမွားမ်ားခဲ့တယ္။ ဒုတိယပုိင္းမွာေတာ့ ခ႐ုိေအးရွားအသငး္ရဲ႕ကစားပုံက ပုိေကာင္းလာခဲ့ၿပီး အဂၤလန္အသင္းဘက္ကုိ ဖိအားေပးကစားႏုိင္ခဲ့တယ္။ 3 Backs ပုံစံနဲ႔ကစားေနတဲ့ အဂၤလန္အသင္းခံစစ္က ခ႐ုိေအးရွားအသင္း ဖိအားေပးလာခ်ိန္မွာ အမွားမ်ားလာခဲ့ၿပီး Space ေတြ အမ်ားႀကီးရွိလာတာေၾကာင့္ ခ႐ုိေအးရွားတိုက္စစ္ကစားသမားေတြအတြက္ အခြင့္အေရးျဖစ္လာခဲ့တယ္။

Perisic-Score-For-Croatia

Perisic-Score-For-Croatia

ခ႐ုိေအးရွားအသင္းအတြက္ ေခ်ပဂုိးကုိ (၆၈)မိနစ္မွာ ဗာဆယ္လ္ကုိ Vrsaljko ရဲ႕ေပးပုိ႔မႈကေန ပါရီဆစ္က Perišić က သြင္းယူခဲ့တာျဖစ္ပါတယ္။ မိနစ္(၉၀)အထိ အေျဖမေပၚလုိ႔ အခ်ိန္ပုိဆက္ကစားခဲ့ရၿပီး (၁၀၉)မိနစ္မွာ အဂၤလန္ခံစစ္ကစားသမားေတြ ေပ့ါေလ်ာ႔မႈကေန Marking လြတ္ေနတဲ့ မန္ဇူကစ္ Mandžukić က အပုိင္ကန္သြင္းခဲ့တာပါ။

Mandžukić-Winning-Goal

Mandžukić-Winning-Goal

လက္က်န္မိနစ္ေတြမွာ အဂၤလန္အသငး္ ေခ်ပဂုိးရဖုိ႔ႀကိဳးစားခ့ဲေပမယ့္ အရာမထင္ခဲ့ဘဲ (၂-၁)ဂုိးရလဒ္နဲ႔ ပဲြၿပီးဆုံးခဲ့ပါတယ္။ ခ႐ုိေအးရွားအသင္းဟာ ယူ႐ုိ-၂၀၀၈ ေျခစစ္ပဲြတုန္းက အဂၤလန္အသင္း အသည္းခဲြခဲ့သလုိ အခု ၂၀၁၈ ကမၻာ႔ဖလားမွာလည္း အဂၤလန္အသင္းကုိ ထပ္မံအႏုိင္ယူခဲ့တာလည္းျဖစ္ပါတယ္။

England-Players Disappointment

England-Players Disappointment

အဂၤလန္-ခ႐ုိေအးရွားပဲြနဲ႔ပတ္သက္တဲ့ ထူးျခားခ်က္မ်ား
-(၁၀၈)မိနစ္၊ (၃)စကၠန္႔မွာ သြင္းယူခဲ့တဲ့ မန္ဇူကစ္ရဲ႕ဂုိးဟာ ခ႐ုိေအးရွားအသင္းအတြက္ ကမၻာ႔ဖလားပဲြစဥ္တစ္ပဲြမွာ ေနာက္အက်ဆုံး သြင္းဂုိးျဖစ္ခဲ့သလုိ၊ အဂၤလန္အသင္းအတြက္လည္း ေနာက္အက်ဆုံး ေပးဂုိးျဖစ္ခဲ့တယ္။
– အဂၤလန္အသင္းဟာ အဓိကႏုိင္ငံတကာၿပိဳင္ပဲြ ဆီမီးဖုိင္နယ္(၅)ႀကိမ္မွာ (၄)ႀကိမ္ ႐ႈံးနိမ့္ခဲ့ၿပီး ယူ႐ုိ-၁၉၆၈ မွာ ယူဂုိဆလားဗီးယား၊ ၁၉၉၀ ကမၻာ႔ဖလားမွာ ဂ်ာမနီ၊ ယူ႐ုိ-၁၉၉၆ မွာ ဂ်ာမနီ၊ ၂၀၁၈ ကမၻာ႔ဖလားမွာ ခ႐ုိေအးရွားအသင္းတို႔ကုိ ႐ႈံးနိမ့္ခဲ့တာျဖစ္ပါတယ္။
– ပါရီဆစ္ရဲ႕ ကမၻာ႔ဖလားသြင္းဂုိးက (၄)ဂုိးအထိရွိလာခဲ့ၿပီး ဂႏၳ၀င္တိုက္စစ္မွဴး ဆူကာ(၆ဂုိး)ၿပီးရင္ အမ်ားဆုံးပါပဲ။
– ကမၻာ႔ဖလားၿပိဳင္ပဲြတစ္ေလွ်ာက္ ဆီမီးဖုိင္နယ္တက္ခဲ့တဲ့ (၁၈)သင္းမွာ ပထမပုိင္းမွာ ဦးေဆာင္ဂုိးသြင္းၿပီးမွ ႐ႈံးနိမ့္ခဲ့တာ အီတလီ(၁၉၉၀ကမၻာ႔ဖလား)ျဖစ္ၿပီး အခု အဂၤလန္အသင္းလည္း ပါ၀င္လာခဲ့ပါၿပီ။
– ၂၀၁၈ ကမၻာ႔ဖလားမွာ အဂၤလန္အသငး္ Set Piece ကေန သြင္းခဲ့တာက (၉)ဂုိးအထိရွိခဲ့ၿပီး ၁၉၆၆ ကမၻာ႔ဖလားၿပိဳင္ပဲြေနာက္ပုိင္း အမ်ားဆုံးျဖစ္ခဲ့ပါတယ္။

Photo:FIFA World Cup,Twitter
Naing Linn(Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

သမိုင်းတစ်လျှောက် ကမ္ဘာ့ဖလားဗိုလ်လုပွဲကို ပထမဆုံးအကြိမ်တက်ရောက်ခဲ့တဲ့ ခရိုအေးရှား

ခရိုအေးရှားအသင်းဟာ နာမည်ကြီး အင်္ဂလန်ကို အနိုင်ယူပြီး အသင်းသမိုင်းတစ်လျှောက် ကမ္ဘာ့ဖလားဗိုလ်လုပွဲကို ပထမဆုံးအကြိမ် တက်ရောက်နိုင်ခဲ့ပြီဖြစ်ပါတယ်။ ဗိုလ်လုပွဲတက်ဖို့ ရေပန်းစားခဲ့တဲ့ အင်္ဂလန်အသင်းကတော့ ထုံးစံအတိုင်း ဆီမီးဖိုင်နယ်နဲ့ပဲ ကျေနပ်ခဲ့ရပြီး တတိယနေရာရဖို့ပဲ ကြိုးစားရတော့မှာပါ။ ပထမပိုင်းမှာ နှစ်သင်းစလုံးရဲ့ ကစားပုံက အလွဲလွဲအချော်ချော်ဖြစ်ခဲ့ပြီး တည်ငြိမ်တဲ့ကစားပုံမျိုး မတွေ့ခဲ့ရဘူး။ ဆီမီးဖိုင်နယ်အဆင့်ဖြစ်တာကြောင့် High Tempo Game ဖြစ်လို့ နှစ်သင်းစလုံး တည်ငြိမ်မှုမရှိတာဖြစ်ပေမယ့်လည်း သာမန် Normal Passing တွေတောင် မှန်အောင်မပေးနိုင်တာက စိတ်ပျက်စရာပါ။

Trippier-Free-Kick-Goal

Trippier-Free-Kick-Goal

အဖွင့်ဂိုးကိုတော့ အင်္ဂလန်အသင်းက စတင်ရရှိခဲ့တယ်။ ပွဲအစ(၅)မိနစ်လောက်မှာ ရခဲ့တဲ့ Free Kick ကနေ နောက်ခံလူ ထရစ်ပီယာ Trippier က လှလှပပကန်သွင်းခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီနောက်ပိုင်း အင်္ဂလန်အသင်း ကစားပုံက အားရစရာမရှိသလို၊ ခရိုအေးရှားအသင်းကလည်း အမှားများခဲ့တယ်။ ဒုတိယပိုင်းမှာတော့ ခရိုအေးရှားအသင်းရဲ့ကစားပုံက ပိုကောင်းလာခဲ့ပြီး အင်္ဂလန်အသင်းဘက်ကို ဖိအားပေးကစားနိုင်ခဲ့တယ်။ 3 Backs ပုံစံနဲ့ကစားနေတဲ့ အင်္ဂလန်အသင်းခံစစ်က ခရိုအေးရှားအသင်း ဖိအားပေးလာချိန်မှာ အမှားများလာခဲ့ပြီး Space တွေ အများကြီးရှိလာတာကြောင့် ခရိုအေးရှားတိုက်စစ်ကစားသမားတွေအတွက် အခွင့်အရေးဖြစ်လာခဲ့တယ်။

Perisic-Score-For-Croatia

Perisic-Score-For-Croatia

ခရိုအေးရှားအသင်းအတွက် ချေပဂိုးကို (၆၈)မိနစ်မှာ ဗာဆယ်လ်ကို Vrsaljko ရဲ့ပေးပို့မှုကနေ ပါရီဆစ်က Perišić က သွင်းယူခဲ့တာဖြစ်ပါတယ်။ မိနစ်(၉၀)အထိ အဖြေမပေါ်လို့ အချိန်ပိုဆက်ကစားခဲ့ရပြီး (၁၀၉)မိနစ်မှာ အင်္ဂလန်ခံစစ်ကစားသမားတွေ ပေ့ါလျော့မှုကနေ Marking လွတ်နေတဲ့ မန်ဇူကစ် Mandžukić က အပိုင်ကန်သွင်းခဲ့တာပါ။

Mandžukić-Winning-Goal

Mandžukić-Winning-Goal

လက်ကျန်မိနစ်တွေမှာ အင်္ဂလန်အသင်း ချေပဂိုးရဖို့ကြိုးစားခဲ့ပေမယ့် အရာမထင်ခဲ့ဘဲ (၂-၁)ဂိုးရလဒ်နဲ့ ပွဲပြီးဆုံးခဲ့ပါတယ်။ ခရိုအေးရှားအသင်းဟာ ယူရို-၂၀၀၈ ခြေစစ်ပွဲတုန်းက အင်္ဂလန်အသင်း အသည်းခွဲခဲ့သလို အခု ၂၀၁၈ ကမ္ဘာ့ဖလားမှာလည်း အင်္ဂလန်အသင်းကို ထပ်မံအနိုင်ယူခဲ့တာလည်းဖြစ်ပါတယ်။

England-Players Disappointment

England-Players Disappointment

အင်္ဂလန်-ခရိုအေးရှားပွဲနဲ့ပတ်သက်တဲ့ ထူးခြားချက်များ
-(၁၀၈)မိနစ်၊ (၃)စက္ကန့်မှာ သွင်းယူခဲ့တဲ့ မန်ဇူကစ်ရဲ့ဂိုးဟာ ခရိုအေးရှားအသင်းအတွက် ကမ္ဘာ့ဖလားပွဲစဉ်တစ်ပွဲမှာ နောက်အကျဆုံး သွင်းဂိုးဖြစ်ခဲ့သလို၊ အင်္ဂလန်အသင်းအတွက်လည်း နောက်အကျဆုံး ပေးဂိုးဖြစ်ခဲ့တယ်။
– အင်္ဂလန်အသင်းဟာ အဓိကနိုင်ငံတကာပြိုင်ပွဲ ဆီမီးဖိုင်နယ်(၅)ကြိမ်မှာ (၄)ကြိမ် ရှုံးနိမ့်ခဲ့ပြီး ယူရို-၁၉၆၈ မှာ ယူဂိုဆလားဗီးယား၊ ၁၉၉၀ ကမ္ဘာ့ဖလားမှာ ဂျာမနီ၊ ယူရို-၁၉၉၆ မှာ ဂျာမနီ၊ ၂၀၁၈ ကမ္ဘာ့ဖလားမှာ ခရိုအေးရှားအသင်းတို့ကို ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။
– ပါရီဆစ်ရဲ့ ကမ္ဘာ့ဖလားသွင်းဂိုးက (၄)ဂိုးအထိရှိလာခဲ့ပြီး ဂန္ထဝင်တိုက်စစ်မှူး ဆူကာ(၆ဂိုး)ပြီးရင် အများဆုံးပါပဲ။
– ကမ္ဘာ့ဖလားပြိုင်ပွဲတစ်လျှောက် ဆီမီးဖိုင်နယ်တက်ခဲ့တဲ့ (၁၈)သင်းမှာ ပထမပိုင်းမှာ ဦးဆောင်ဂိုးသွင်းပြီးမှ ရှုံးနိမ့်ခဲ့တာ အီတလီ(၁၉၉၀ကမ္ဘာ့ဖလား)ဖြစ်ပြီး အခု အင်္ဂလန်အသင်းလည်း ပါဝင်လာခဲ့ပါပြီ။
– ၂၀၁၈ ကမ္ဘာ့ဖလားမှာ အင်္ဂလန်အသင်း Set Piece ကနေ သွင်းခဲ့တာက (၉)ဂိုးအထိရှိခဲ့ပြီး ၁၉၆၆ ကမ္ဘာ့ဖလားပြိုင်ပွဲနောက်ပိုင်း အများဆုံးဖြစ်ခဲ့ပါတယ်။

Photo:FIFA World Cup,Twitter
Naing Linn(Akhayar)
www.akhayar.com