This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

ဗိုလ္လုပြဲေရာက္ဖို႔ ျပင္သစ္အသင္းထက္ မိနစ္ (၉၀) ပိုကစားခဲ့ရတဲ့ ခရိုေအးရွားအသင္း

၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပြဲမွာ ဗိုလ္လုပြဲတက္ေရာက္ခဲ့တဲ့ ခရိုေအးရွားအသင္းဟာ ဗိုလ္လုပြဲမွာရင္ဆိုင္ရမယ့္ ျပင္သစ္အသင္းထက္ မိနစ္ (၉၀)ပိုကစားခဲ့ရပါတယ္။ အဂၤလန္အသင္းကို ဆီမီးဖိုင္နယ္မွာ အခ်ိန္ပိုသြင္းဂိုးနဲ႔ အႏိုင္ရခဲ့တဲ့ ခရိုေအးရွားအသင္းဟာ အသင္းသမိုင္းတစ္ေလွ်ာက္ ပထမဆံုးအႀကိမ္ ကမၻာ႔ဖလားဗိုလ္လုပြဲကို တက္ေရာက္ႏိုင္ခဲ့တာျဖစ္ပါတယ္။ ခရိုေအးရွားအသင္း ဗိုလ္လုပြဲသြားရာလမ္းေၾကာင္းမွာ ရံႈးထြက္ပြဲစဥ္ေတြကစလို႔ ဆီမီးဖိုင္နယ္အထိ ပြဲအားလံုးကို အခ်ိန္ပို မိနစ္ (၃၀)စီ ကစားခဲ့ရတာေၾကာင့္ သာမန္ပြဲကစားခ်ိန္ေတြအတြင္း ၿပိဳင္ဘက္အသင္းေတြကို အႏိုင္ရခဲ့တဲ့ ျပင္သစ္အသင္းထက္ မိနစ္ (၉၀) ပိုကစားခဲ့ရတာျဖစ္ပါတယ္။

Perisic-score

Perisic-score

ခရိုေအးရွားအသင္းဟာ ဒိန္းမတ္အသင္းနဲ႔ ရံႈးထြက္ပြဲစဥ္၊ အိမ္ရွင္ရုရွားအသင္းနဲ႔ ကြာတားဖိုင္နယ္ပြဲစဥ္ေတြမွာ ပယ္နယ္တီအဆံုးအျဖတ္ခံယူခဲ့ရၿပီး အဂၤလန္အသင္းနဲ႔ ဆီမီးဖို္င္နယ္ပြဲစဥ္မွာ အခ်ိန္ပိုအထိ ကစားခဲ့ရတာပါ။ ျပင္သစ္အသင္းကေတာ့ ရံႈးထြက္အဆင့္အျဖစ္ အာဂ်င္တီးနားအသင္း၊ ကြာတားဖိုင္နယ္ပြဲစဥ္အျဖစ္ ဥရုေဂြးအသင္းနဲ႔ ဆီမီးဖိုင္နယ္ပြဲစဥ္အျဖစ္ ဘယ္လ္ဂ်ီယံအသင္းနဲ႔ ကစားခဲ့တဲ့ ပြဲစဥ္ေတြမွာ သာမန္ပြဲကစားခ်ိန္ေတြအတြင္း အႏိုင္ကစားခဲ့တာျဖစ္ပါတယ္။ လာမယ့္ တနဂၤေႏြေန႔မွာ ျပင္သစ္အသင္းနဲ႔ ခရိုေအးရွားအသင္းတို႔ ဗိုလ္လုပြဲအျဖစ္ နာမည္ေက်ာ္ လုဇ္နီကီကြင္းမွာ ယွဥ္ၿပိဳင္ကစားသြားမွာျဖစ္ပါတယ္။

REF:Marca
Photo:The Times, W3LiveNews.com
Aung Kyaw Wai (Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

ဗိုလ်လုပွဲရောက်ဖို့ ပြင်သစ်အသင်းထက် မိနစ် (၉၀) ပိုကစားခဲ့ရတဲ့ ခရိုအေးရှားအသင်း

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်လုပွဲတက်ရောက်ခဲ့တဲ့ ခရိုအေးရှားအသင်းဟာ ဗိုလ်လုပွဲမှာရင်ဆိုင်ရမယ့် ပြင်သစ်အသင်းထက် မိနစ် (၉၀)ပိုကစားခဲ့ရပါတယ်။ အင်္ဂလန်အသင်းကို ဆီမီးဖိုင်နယ်မှာ အချိန်ပိုသွင်းဂိုးနဲ့ အနိုင်ရခဲ့တဲ့ ခရိုအေးရှားအသင်းဟာ အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။ ခရိုအေးရှားအသင်း ဗိုလ်လုပွဲသွားရာလမ်းကြောင်းမှာ ရှုံးထွက်ပွဲစဉ်တွေကစလို့ ဆီမီးဖိုင်နယ်အထိ ပွဲအားလုံးကို အချိန်ပို မိနစ် (၃၀)စီ ကစားခဲ့ရတာကြောင့် သာမန်ပွဲကစားချိန်တွေအတွင်း ပြိုင်ဘက်အသင်းတွေကို အနိုင်ရခဲ့တဲ့ ပြင်သစ်အသင်းထက် မိနစ် (၉၀) ပိုကစားခဲ့ရတာဖြစ်ပါတယ်။

Perisic-score

Perisic-score

ခရိုအေးရှားအသင်းဟာ ဒိန်းမတ်အသင်းနဲ့ ရှုံးထွက်ပွဲစဉ်၊ အိမ်ရှင်ရုရှားအသင်းနဲ့ ကွာတားဖိုင်နယ်ပွဲစဉ်တွေမှာ ပယ်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရပြီး အင်္ဂလန်အသင်းနဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ အချိန်ပိုအထိ ကစားခဲ့ရတာပါ။ ပြင်သစ်အသင်းကတော့ ရှုံးထွက်အဆင့်အဖြစ် အာဂျင်တီးနားအသင်း၊ ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် ဥရုဂွေးအသင်းနဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ဘယ်လ်ဂျီယံအသင်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ်တွေမှာ သာမန်ပွဲကစားချိန်တွေအတွင်း အနိုင်ကစားခဲ့တာဖြစ်ပါတယ်။ လာမယ့် တနင်္ဂနွေနေ့မှာ ပြင်သစ်အသင်းနဲ့ ခရိုအေးရှားအသင်းတို့ ဗိုလ်လုပွဲအဖြစ် နာမည်ကျော် လုဇ်နီကီကွင်းမှာ ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပါတယ်။

REF:Marca
Photo:The Times, W3LiveNews.com
Aung Kyaw Wai (Akhayar)
www.akhayar.com