[Zawgyi]

ခ႐ုိေအးရွားအသင္းအတြက္ Hero ျဖစ္ခဲ့တဲ့ ဂုိးသမား Subasic ႏုိင္ငံအသင္းကေန အနားယူသြားၿပီ

ၿပီးခဲ့တဲ့ ၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပဲြမွာ ခ႐ုိေအးရွားအသငး္ရဲ႕ Hero ေတြထဲက တစ္ဦးအပါအ၀င္ျဖစ္တဲ့ ၀ါရင့္ဂုိးသမားႀကီး ဆူဘာဆစ္ Subasic ဟာ ႏုိင္ငံလက္ေရြးစင္ကစားသမားဘ၀ကုိ ေအာင္ျမင္မႈမွတ္တမ္းနဲ႔ အဆုံးသတ္ခဲ့ပါၿပီ။ အသက္(၃၃)ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ မုိနာကုိ ဂုိးသမား ဆူဘာဆစ္ဟာ ခ႐ုိေအးရွားအသင္းမွာ ၂၀၀၉ ခုႏွစ္က စတင္ေရြးခ်ယ္ခံခဲ့ရၿပီး (၉)ႏွစ္တာကာလအတြင္း အသင္းအတြက္ (၄၄)ပဲြအထိ ကစားခဲ့တယ္။ ၿပီးခဲ့တ့ဲ ၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပဲြတုန္းက ခ႐ုိေအးရွားအသင္း သမုိင္းတစ္ေလွ်ာက္ ပထမဆုံးအႀကိမ္ ဗုိလ္လုပဲြတက္ေရာက္ခဲ့တာမွာ ဆူဘာဆစ္ရဲ႕ လက္စြမ္းျပမႈေတြကလည္း အဓိကက်ခဲ့ၿပီး ဒိန္းမတ္၊ ႐ုရွားတို႔နဲ႔ပဲြေတြမွာ ပယ္နယ္တီကာကြယ္မႈေတြ ျပဳလုပ္ခဲ့တယ္။

Subasic-and-Dalic

Subasic-and-Dalic

ဆူဘာဆစ္က “ကၽြန္ေတာ္တို႔ရဲ႕ လက္ေရြးစင္သက္တမ္းက အခ်ိန္ကာလတစ္ခု သတ္မွတ္ထားၿပီးသားပါ။ ဘယ္အခ်ိန္အထိ ဆက္ကစားႏုိင္မလဲဆုိတာ ျပန္သုံးသပ္ဖုိ႔ လုိပါတယ္။ ေနာက္ထပ္ ၿပိဳင္ပဲြတစ္ခုေလာက္ ဆက္ၿပီး ပါ၀င္ကစားလုိေပမယ့္ အဲဒီရည္မွန္းခ်က္က မျဖစ္ႏုိင္ေတာ့ပါဘူး။ အခုအခ်ိန္မွာေတာ့ အရင္တုန္းက ကၽြန္ေတာ္တို႔လုိပဲ ႏုိင္ငံအသင္းမွာ ပါ၀င္ကစားခြင့္ရဖုိ႔ ေစာင့္ေမွ်ာ္ေနသူေတြအတြက္ လမ္းဖြင့္ေပးရေတာ့မွာပါ။ သူတို႔ေတြဟာ ခ႐ုိေအးရွားအသင္းရဲ႕ အနာဂတ္ေတြလည္း ျဖစ္ပါတယ္”လုိ႔ ေျပာၾကားခဲ့ပါတယ္။ ၿပီးခဲ့တဲ့ရက္ပုိင္းအတြင္း ၀ါရင့္တိုက္စစ္မွဴး မန္ဇူကစ္ Mandzukic လက္ေရြးစင္အသငး္က အနားယူသြားၿပီးတဲ့ေနာက္ ဆူဘာဆစ္က ႏုိင္ငံအသင္းကစားသမားဘ၀ကုိ အဆုံးသတ္ခဲ့တဲ့ ဒုတိယေျမာက္ကစားသမား ျဖစ္လာခဲ့ပါတယ္။

REF:AS
Photo:Gol.hr,ESPN
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ခရိုအေးရှားအသင်းအတွက် Hero ဖြစ်ခဲ့တဲ့ ဂိုးသမား Subasic နိုင်ငံအသင်းကနေ အနားယူသွားပြီ

ပြီးခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခရိုအေးရှားအသင်းရဲ့ Hero တွေထဲက တစ်ဦးအပါအဝင်ဖြစ်တဲ့ ဝါရင့်ဂိုးသမားကြီး ဆူဘာဆစ် Subasic ဟာ နိုင်ငံလက်ရွေးစင်ကစားသမားဘဝကို အောင်မြင်မှုမှတ်တမ်းနဲ့ အဆုံးသတ်ခဲ့ပါပြီ။ အသက်(၃၃)နှစ်အရွယ်ရှိပြီဖြစ်တဲ့ မိုနာကို ဂိုးသမား ဆူဘာဆစ်ဟာ ခရိုအေးရှားအသင်းမှာ ၂၀၀၉ ခုနှစ်က စတင်ရွေးချယ်ခံခဲ့ရပြီး (၉)နှစ်တာကာလအတွင်း အသင်းအတွက် (၄၄)ပွဲအထိ ကစားခဲ့တယ်။ ပြီးခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက ခရိုအေးရှားအသင်း သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ဗိုလ်လုပွဲတက်ရောက်ခဲ့တာမှာ ဆူဘာဆစ်ရဲ့ လက်စွမ်းပြမှုတွေကလည်း အဓိကကျခဲ့ပြီး ဒိန်းမတ်၊ ရုရှားတို့နဲ့ပွဲတွေမှာ ပယ်နယ်တီကာကွယ်မှုတွေ ပြုလုပ်ခဲ့တယ်။

Subasic-and-Dalic

Subasic-and-Dalic

ဆူဘာဆစ်က “ကျွန်တော်တို့ရဲ့ လက်ရွေးစင်သက်တမ်းက အချိန်ကာလတစ်ခု သတ်မှတ်ထားပြီးသားပါ။ ဘယ်အချိန်အထိ ဆက်ကစားနိုင်မလဲဆိုတာ ပြန်သုံးသပ်ဖို့ လိုပါတယ်။ နောက်ထပ် ပြိုင်ပွဲတစ်ခုလောက် ဆက်ပြီး ပါဝင်ကစားလိုပေမယ့် အဲဒီရည်မှန်းချက်က မဖြစ်နိုင်တော့ပါဘူး။ အခုအချိန်မှာတော့ အရင်တုန်းက ကျွန်တော်တို့လိုပဲ နိုင်ငံအသင်းမှာ ပါဝင်ကစားခွင့်ရဖို့ စောင့်မျှော်နေသူတွေအတွက် လမ်းဖွင့်ပေးရတော့မှာပါ။ သူတို့တွေဟာ ခရိုအေးရှားအသင်းရဲ့ အနာဂတ်တွေလည်း ဖြစ်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဝါရင့်တိုက်စစ်မှူး မန်ဇူကစ် Mandzukic လက်ရွေးစင်အသင်းက အနားယူသွားပြီးတဲ့နောက် ဆူဘာဆစ်က နိုင်ငံအသင်းကစားသမားဘဝကို အဆုံးသတ်ခဲ့တဲ့ ဒုတိယမြောက်ကစားသမား ဖြစ်လာခဲ့ပါတယ်။

REF:AS
Photo:Gol.hr,ESPN
Naing Linn(Akhayar)
www.akhayar.com