This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

ေပါင္ၿခံဒဏ္ရာေၾကာင့္ ကမၻာ႔ဖလားဗိုလ္လုပြဲကို လြဲေခ်ာ္ဖို႔ရွိေနတဲ့ ပါရီဆစ္ Perisic

အဂၤလန္အသင္းကို အႏိုင္ရရွိခဲ့တဲ့ ဆီမီးဖိုင္နယ္ပြဲစဥ္မွာ ရရွိခဲ့တဲ့ ေပါင္ၿခံဒဏ္ရာေၾကာင့္ ခရိုေအးရွားအသင္းရဲ႕ ေတာင္ပံတိုက္စစ္ကစားသမား ပါရီဆစ္ Perisic ျပင္သစ္အသင္းနဲ႔ ကစားမယ့္ ကမၻာ႔ဖလားဗိုလ္လုပြဲကို လြဲေခ်ာ္ဖို႔ရွိေနပါတယ္။ အသက္ (၂၉)ႏွစ္အရြယ္ရွိ ပါရီဆစ္ Perisic ဟာ အဂၤလန္အသင္းနဲ႔ ကစားခဲ့တဲ့ ဆီမီးဖိုင္နယ္ပြဲစဥ္မွာ အသင္းအတြက္ အေရးပါတဲ့ ေခ်ပဂိုးကို သြငး္ယူေပးခဲ့တဲ့ ကစားသမား ျဖစ္ပါတယ္။ ေမာ္စကိုၿမိဳ႕ရွိ ေဆးရံုတစ္ရံုမွာ ပါရီဆစ္ Perisic ရဲ႕ ဒဏ္ရာအေျခအေနကို စစ္ေဆးမႈေတြ ျပဳလုပ္ေနၿပီး လာမယ့္ တနဂၤေႏြေန႔မွာ ကစားမယ့္ ကမၻာ႔ဖလားဗိုလ္လုပြဲကို လြဲေခ်ာ္ဖို႔ ရွိေနေၾကာင္း သတင္းေတြ ထြက္ေပၚေနခဲ့ပါတယ္။ ခရိုေအးရွားနည္းျပ ဒါလစ္ Dalic ကေတာ့ အဓိကကစားသမား ပါရီဆစ္ Perisic ရဲ႕ ဒဏ္ရာအေျခအေနအေပၚ စိုးရိမ္လ်က္ရွိၿပီး ျပင္သစ္အသင္းနဲ႔ ကစားမယ့္ ကမၻာ႔ဖလားဗိုလ္လုပြဲစဥ္အမီ ႀကံ့ခိုင္မႈျပည့္ဝလာဖို႔ ေမွ်ာ္လင့္ေနေၾကာင္းသိရပါတယ္။

Perisic-celebrates-scoring-the-equaliser-against-England

Perisic-celebrates-scoring-the-equaliser-against-England

ဥေရာပထိပ္တန္းအသင္းေတြ ပစ္မွတ္ထားေနခဲ့တဲ့ ေတာင္ပံတုိက္စစ္ကစားသမား ပါရီဆစ္ Perisic ဟာ လုဇ္နီကိီကြင္းမွာ ကစားခဲ့တဲ့ အဂၤလန္အသင္းနဲ႔ ပြဲစဥ္မွာ မိနစ္ (၁၂၀)ျပည့္ ပါဝင္ကစားေပးခဲ့ၿပီး အထူးေျခစြမ္းျပခဲ့တဲ့ ကစားသမားတစ္ဦးျဖစ္ပါတယ္။ ေတာင္ပံတိုက္စစ္ကစားသမား ပါရီဆစ္ Perisic ဟာ အသင္းအတြက္ အေရးပါတဲ့ ေခ်ပဂိုးကို သြင္းယူေပးခဲ့သလို တိုက္စစ္မွဴး မန္ဇူကစ္ Mandzukic ရဲ႕ အႏိုင္ဂိုးကို ဂိုးဖန္တီးမႈ ျပဳလုပ္ေပးခဲ့တာ ျဖစ္ပါတယ္။ အဂၤလန္အသင္းနဲ႔ ဆီမီးဖိုင္နယ္ပြဲစဥ္မွာ ပါရီဆစ္ Perisic ရဲ႕ ေခ်ပဂိုးေၾကာင့္ အခ်ိန္ပိုဆက္လက္ ကစားခဲ့ရၿပီး တိုက္စစ္မွဴး မန္ဇူကစ္ Mandzukic ရဲ႕ အခ်ိန္ပိုသြင္းဂိုးေၾကာင့္ ကမၻာ႔ဖလားသမိုင္းတစ္ေလွ်ာက္ ပထမဆံုးအႀကိမ္္ ဗိုလ္လုပြဲတက္ေရာက္ႏိုင္ခဲ့တာျဖစ္ပါတယ္။

REF:The Sun
Photo:FIFA World Cup
Aung Kyaw Wai (Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

ပေါင်ခြံဒဏ်ရာကြောင့် ကမ္ဘာ့ဖလားဗိုလ်လုပွဲကို လွဲချော်ဖို့ရှိနေတဲ့ ပါရီဆစ် Perisic

အင်္ဂလန်အသင်းကို အနိုင်ရရှိခဲ့တဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ရရှိခဲ့တဲ့ ပေါင်ခြံဒဏ်ရာကြောင့် ခရိုအေးရှားအသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမား ပါရီဆစ် Perisic ပြင်သစ်အသင်းနဲ့ ကစားမယ့် ကမ္ဘာ့ဖလားဗိုလ်လုပွဲကို လွဲချော်ဖို့ရှိနေပါတယ်။ အသက် (၂၉)နှစ်အရွယ်ရှိ ပါရီဆစ် Perisic ဟာ အင်္ဂလန်အသင်းနဲ့ ကစားခဲ့တဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ အသင်းအတွက် အရေးပါတဲ့ ချေပဂိုးကို သွင်းယူပေးခဲ့တဲ့ ကစားသမား ဖြစ်ပါတယ်။ မော်စကိုမြို့ရှိ ဆေးရုံတစ်ရုံမှာ ပါရီဆစ် Perisic ရဲ့ ဒဏ်ရာအခြေအနေကို စစ်ဆေးမှုတွေ ပြုလုပ်နေပြီး လာမယ့် တနင်္ဂနွေနေ့မှာ ကစားမယ့် ကမ္ဘာ့ဖလားဗိုလ်လုပွဲကို လွဲချော်ဖို့ ရှိနေကြောင်း သတင်းတွေ ထွက်ပေါ်နေခဲ့ပါတယ်။ ခရိုအေးရှားနည်းပြ ဒါလစ် Dalic ကတော့ အဓိကကစားသမား ပါရီဆစ် Perisic ရဲ့ ဒဏ်ရာအခြေအနေအပေါ် စိုးရိမ်လျက်ရှိပြီး ပြင်သစ်အသင်းနဲ့ ကစားမယ့် ကမ္ဘာ့ဖလားဗိုလ်လုပွဲစဉ်အမီ ကြံ့ခိုင်မှုပြည့်ဝလာဖို့ မျှော်လင့်နေကြောင်းသိရပါတယ်။

Perisic-celebrates-scoring-the-equaliser-against-England

Perisic-celebrates-scoring-the-equaliser-against-England

ဥရောပထိပ်တန်းအသင်းတွေ ပစ်မှတ်ထားနေခဲ့တဲ့ တောင်ပံတိုက်စစ်ကစားသမား ပါရီဆစ် Perisic ဟာ လုဇ်နီကီကွင်းမှာ ကစားခဲ့တဲ့ အင်္ဂလန်အသင်းနဲ့ ပွဲစဉ်မှာ မိနစ် (၁၂၀)ပြည့် ပါဝင်ကစားပေးခဲ့ပြီး အထူးခြေစွမ်းပြခဲ့တဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်။ တောင်ပံတိုက်စစ်ကစားသမား ပါရီဆစ် Perisic ဟာ အသင်းအတွက် အရေးပါတဲ့ ချေပဂိုးကို သွင်းယူပေးခဲ့သလို တိုက်စစ်မှူး မန်ဇူကစ် Mandzukic ရဲ့ အနိုင်ဂိုးကို ဂိုးဖန်တီးမှု ပြုလုပ်ပေးခဲ့တာ ဖြစ်ပါတယ်။ အင်္ဂလန်အသင်းနဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ပါရီဆစ် Perisic ရဲ့ ချေပဂိုးကြောင့် အချိန်ပိုဆက်လက် ကစားခဲ့ရပြီး တိုက်စစ်မှူး မန်ဇူကစ် Mandzukic ရဲ့ အချိန်ပိုသွင်းဂိုးကြောင့် ကမ္ဘာ့ဖလားသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။

REF:The Sun
Photo:FIFA World Cup
Aung Kyaw Wai (Akhayar)
www.akhayar.com