This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

ပြဲပယ္ျပစ္ဒဏ္ေၾကာင့္ အဂၤလန္နဲ႔ ပြဲစဥ္ကို လြဲေခ်ာ္ဖို႔ရွိေနတဲ့ ခရိုေအးရွားေနာက္ခံလူ ဗီဒါ Vida

ရုရွားအသင္းကို ပယ္နယ္တီအဆံုးအျဖတ္နဲ႔ အႏိုင္ရခဲ့တဲ့ ပြဲစဥ္အၿပီး ေအာင္ပြဲခံရာမွာ ႏုိင္ငံေရးသေဘာေဆာင္တဲ့ စကားကို ေျပာၾကားခဲ့လို႔ ခရိုေအးရွားေနာက္ခံလူ ဗီဒါ Vida ပြဲပယ္ခံရမယ့္ အေရးနဲ႔ ရင္ဆိုင္ေနရပါတယ္။ ပြဲပယ္ျပစ္ဒဏ္က်ခံရပါက အဂၤလန္နဲ႔ ကစားမယ့္ ဆီမီးဖိုင္နယ္ပြဲစဥ္ကို ဗီဒါ Vida လြဲေခ်ာ္ဖို႔ ရွိေနတာျဖစ္ပါတယ္။ ရုရွားအသင္းနဲ႔ ပြဲအၿပီး ခရိုေအးရွားကင္းေထာက္ ဗူကိုယီဗစ္ Vukojevic နဲ႔ အဝတ္လဲခန္းအတြင္း ေအာင္ပြဲခံဗီဒီယိုဖိုင္တစ္ခုကို ရိုက္ကူးခဲ့ရာမွာ ရုရွားႏိုင္ငံနဲ႔ ႏုိင္ငံေရးအရ ျပႆနာေတြရွိေနတဲ့ ယူကရိန္းႏိုင္ငံကို ေထာက္ခံတဲ့ သေဘာေဆာင္တဲ့ ‘Glory to Ukraine’ လို႔ ဗီဒါ Vida က ေျပာၾကားခဲ့တာျဖစ္ပါတယ္။

Domagoj-Vida-is-filmed-in-the-video-shouting-Glory-to-Ukraine

Domagoj-Vida-is-filmed-in-the-video-shouting-Glory-to-Ukraine

အဆိုပါ ဗီဒီယိုဖိုင္ကို ရုရွားျပည္တြင္း ရုပ္သံလိုင္းေတြမွာ ေဖာ္ျပခဲ့ၿပီး ဗီဒါ Vida အေပၚ ရုရွားျပည္သူေတြက ျပင္းထန္စြာ ေဒါသထြက္ေနၾကတာျဖစ္ပါတယ္။ ဗီဒါ Vida ရဲ႕ လုပ္ရပ္ဟာ ႏိုင္ငံေရးအရ သေဘာေဆာင္ေနလို႔ ဖီဖာရဲ႕ ပြဲပယ္ျပစ္ဒဏ္ကို က်ခံရဖို႔ ရွိေနတာျဖစ္ပါတယ္။ တကယ္လို႔ အဂၤလန္နဲ႔ ပြဲမတိုင္ခင္ ပြဲပယ္ျပစ္ဒဏ္ ခ်မွတ္ခံခဲ့ရပါက ဗိုလ္လုပြဲတက္ေရာက္ဖို႔ အေရးပါေနတဲ့ ဆီမီးဖိုင္နယ္ပြဲစဥ္ကို ဗီဒါ Vida အေနနဲ႔ လြဲေခ်ာ္ဖို႔ရွိေနတာျဖစ္ပါတယ္။

REF:The Sun
Photo:The Sun
Aung Kyaw Wai (Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

ပွဲပယ်ပြစ်ဒဏ်ကြောင့် အင်္ဂလန်နဲ့ ပွဲစဉ်ကို လွဲချော်ဖို့ရှိနေတဲ့ ခရိုအေးရှားနောက်ခံလူ ဗီဒါ Vida

ရုရှားအသင်းကို ပယ်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်အပြီး အောင်ပွဲခံရာမှာ နိုင်ငံရေးသဘောဆောင်တဲ့ စကားကို ပြောကြားခဲ့လို့ ခရိုအေးရှားနောက်ခံလူ ဗီဒါ Vida ပွဲပယ်ခံရမယ့် အရေးနဲ့ ရင်ဆိုင်နေရပါတယ်။ ပွဲပယ်ပြစ်ဒဏ်ကျခံရပါက အင်္ဂလန်နဲ့ ကစားမယ့် ဆီမီးဖိုင်နယ်ပွဲစဉ်ကို ဗီဒါ Vida လွဲချော်ဖို့ ရှိနေတာဖြစ်ပါတယ်။ ရုရှားအသင်းနဲ့ ပွဲအပြီး ခရိုအေးရှားကင်းထောက် ဗူကိုယီဗစ် Vukojevic နဲ့ အဝတ်လဲခန်းအတွင်း အောင်ပွဲခံဗီဒီယိုဖိုင်တစ်ခုကို ရိုက်ကူးခဲ့ရာမှာ ရုရှားနိုင်ငံနဲ့ နိုင်ငံရေးအရ ပြဿနာတွေရှိနေတဲ့ ယူကရိန်းနိုင်ငံကို ထောက်ခံတဲ့ သဘောဆောင်တဲ့ ‘Glory to Ukraine’ လို့ ဗီဒါ Vida က ပြောကြားခဲ့တာဖြစ်ပါတယ်။

Domagoj-Vida-is-filmed-in-the-video-shouting-Glory-to-Ukraine

Domagoj-Vida-is-filmed-in-the-video-shouting-Glory-to-Ukraine

အဆိုပါ ဗီဒီယိုဖိုင်ကို ရုရှားပြည်တွင်း ရုပ်သံလိုင်းတွေမှာ ဖော်ပြခဲ့ပြီး ဗီဒါ Vida အပေါ် ရုရှားပြည်သူတွေက ပြင်းထန်စွာ ဒေါသထွက်နေကြတာဖြစ်ပါတယ်။ ဗီဒါ Vida ရဲ့ လုပ်ရပ်ဟာ နိုင်ငံရေးအရ သဘောဆောင်နေလို့ ဖီဖာရဲ့ ပွဲပယ်ပြစ်ဒဏ်ကို ကျခံရဖို့ ရှိနေတာဖြစ်ပါတယ်။ တကယ်လို့ အင်္ဂလန်နဲ့ ပွဲမတိုင်ခင် ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံခဲ့ရပါက ဗိုလ်လုပွဲတက်ရောက်ဖို့ အရေးပါနေတဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်ကို ဗီဒါ Vida အနေနဲ့ လွဲချော်ဖို့ရှိနေတာဖြစ်ပါတယ်။

REF:The Sun
Photo:The Sun
Aung Kyaw Wai (Akhayar)
www.akhayar.com