This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

အိုက္စလန္နဲ႔ ပြဲမွာ အဓိက ကစားသမား အမ်ားစုကို အနားေပးသြားမယ့္ ခရိုေအးရွားအသင္း

ေနာက္တစ္ဆင့္ တက္ေရာက္ႏိုင္ခဲ့ၿပီျဖစ္လို႔ အုပ္စုေနာက္ဆံုး ပြဲစဥ္အျဖစ္ ကစားမယ့္ အိုက္စလန္နဲ႔ ပြဲစဥ္မွာ အဓိက ကစားသမားအမ်ားစုကို ခရိုေအးရွားအသင္း အနားေပးသြားမွာ ျဖစ္ပါတယ္။ ခရုိေအးရွားအသင္းဟာ အာဂ်င္တီးနား၊ ႏိုက္ဂ်ီးရီးယားအသင္းေတြကို ဂိုးျပတ္အႏိုင္ကစားၿပီး ေနာက္တစ္ဆင့္ တက္ေရာက္ႏိုင္ခဲ့ၿပီျဖစ္လို႔ အေရးမပါေတာ့တဲ့ အုပ္စုေနာက္ဆံုး ပြဲစဥ္မွာ အဓိက ကစားသမား အမ်ားစုကို အနားေပးဖို႔ စီစဥ္ထားေၾကာင္း နည္းျပ ဒါလစ္ Dalic က အတည္ျပဳေျပာၾကားခဲ့တာျဖစ္ပါတယ္။ အာဂ်င္တီးနားအသင္းကို ဂိုးျပတ္အႏိုင္ရခဲ့တဲ့ ပြဲစဥ္အၿပီး ျပဳလုပ္ခဲ့တဲ့ သတင္းစာရွင္းလင္းပြဲမွာ အုပ္စုေနာက္ဆံုးပြဲစဥ္မွာ အဓိက ကစားသမားေတြကို အနားေပးဖို႔ အစီအစဥ္ရွိ၊ မရွိဆိုတဲ့ ေမးခြန္းကို နည္းျပ ဒါလစ္ Dalic က “ဟုတ္ပါတယ္၊ အဓိက ကစားသမားေတြကို အနားေပးသြားမွာပါ”လို႔ လိုတိုရွင္း ေျဖၾကားေပးခဲ့ပါတယ္။ အဓိက ကစားသမားေတြ ရံႈးထြက္အဆင့္မွာ လန္းဆန္းစြာ ကစားႏိုင္ေစဖို႔ အနားေပးသြားမွာျဖစ္ေၾကာင္း ဒါလစ္ Dalic က ထပ္မံေျပာၾကားခဲ့ပါတယ္။

Croatia-boss-Dalic

Croatia-boss-Dalic

အုပ္စု (D)မွာ ရမွတ္ (၆)မွတ္ ရရွိထားတဲ့ ခရုိေအးရွားအသင္း ေနာက္တစ္ဆင့္ကို တက္ေရာက္ႏိုင္ခဲ့ၿပီျဖစ္ေပမယ့္ လက္က်န္တစ္ေနရာစာအတြက္ ႏိုက္ဂ်ီးရီးယား၊ အာဂ်င္တီးနားနဲ႔ အိုက္စလန္အသင္းေတြ အၿပိဳင္လုသြားရမွာ ျဖစ္ပါတယ္။ လက္ရွိအခ်ိန္မွာ ႏိုက္ဂ်ီးရီးယားအသင္းက (၃)မွတ္ ရရွိထားၿပီး၊ အာဂ်င္တီးနားအသင္းနဲ႔ အိုက္စလန္အသင္းေတြက (၁)မွတ္စီရရွိထားကာ လာမယ့္တစ္ပတ္ အဂၤါေန႔မွာ အုပ္စုေနာက္ဆံုး ပြဲစဥ္ေတြအျဖစ္ အာဂ်င္တီးနားအသင္းနဲ႔ ႏိုက္ဂ်ီးရီးယားအသင္း၊ ခရိုေအးရွားအသင္းနဲ႔ အိုက္စလန္အသင္းေတြ ယွဥ္ကစားသြားမွာ ျဖစ္ပါတယ္။

REF:The Sun
Photo:Goal.com, Airtel Football
Aung Kyaw Wai (Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

အိုက်စလန်နဲ့ ပွဲမှာ အဓိက ကစားသမား အများစုကို အနားပေးသွားမယ့် ခရိုအေးရှားအသင်း

နောက်တစ်ဆင့် တက်ရောက်နိုင်ခဲ့ပြီဖြစ်လို့ အုပ်စုနောက်ဆုံး ပွဲစဉ်အဖြစ် ကစားမယ့် အိုက်စလန်နဲ့ ပွဲစဉ်မှာ အဓိက ကစားသမားအများစုကို ခရိုအေးရှားအသင်း အနားပေးသွားမှာ ဖြစ်ပါတယ်။ ခရိုအေးရှားအသင်းဟာ အာဂျင်တီးနား၊ နိုက်ဂျီးရီးယားအသင်းတွေကို ဂိုးပြတ်အနိုင်ကစားပြီး နောက်တစ်ဆင့် တက်ရောက်နိုင်ခဲ့ပြီဖြစ်လို့ အရေးမပါတော့တဲ့ အုပ်စုနောက်ဆုံး ပွဲစဉ်မှာ အဓိက ကစားသမား အများစုကို အနားပေးဖို့ စီစဉ်ထားကြောင်း နည်းပြ ဒါလစ် Dalic က အတည်ပြုပြောကြားခဲ့တာဖြစ်ပါတယ်။ အာဂျင်တီးနားအသင်းကို ဂိုးပြတ်အနိုင်ရခဲ့တဲ့ ပွဲစဉ်အပြီး ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ အုပ်စုနောက်ဆုံးပွဲစဉ်မှာ အဓိက ကစားသမားတွေကို အနားပေးဖို့ အစီအစဉ်ရှိ၊ မရှိဆိုတဲ့ မေးခွန်းကို နည်းပြ ဒါလစ် Dalic က “ဟုတ်ပါတယ်၊ အဓိက ကစားသမားတွေကို အနားပေးသွားမှာပါ”လို့ လိုတိုရှင်း ဖြေကြားပေးခဲ့ပါတယ်။ အဓိက ကစားသမားတွေ ရှုံးထွက်အဆင့်မှာ လန်းဆန်းစွာ ကစားနိုင်စေဖို့ အနားပေးသွားမှာဖြစ်ကြောင်း ဒါလစ် Dalic က ထပ်မံပြောကြားခဲ့ပါတယ်။

Croatia-boss-Dalic

Croatia-boss-Dalic

အုပ်စု (D)မှာ ရမှတ် (၆)မှတ် ရရှိထားတဲ့ ခရိုအေးရှားအသင်း နောက်တစ်ဆင့်ကို တက်ရောက်နိုင်ခဲ့ပြီဖြစ်ပေမယ့် လက်ကျန်တစ်နေရာစာအတွက် နိုက်ဂျီးရီးယား၊ အာဂျင်တီးနားနဲ့ အိုက်စလန်အသင်းတွေ အပြိုင်လုသွားရမှာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ နိုက်ဂျီးရီးယားအသင်းက (၃)မှတ် ရရှိထားပြီး၊ အာဂျင်တီးနားအသင်းနဲ့ အိုက်စလန်အသင်းတွေက (၁)မှတ်စီရရှိထားကာ လာမယ့်တစ်ပတ် အင်္ဂါနေ့မှာ အုပ်စုနောက်ဆုံး ပွဲစဉ်တွေအဖြစ် အာဂျင်တီးနားအသင်းနဲ့ နိုက်ဂျီးရီးယားအသင်း၊ ခရိုအေးရှားအသင်းနဲ့ အိုက်စလန်အသင်းတွေ ယှဉ်ကစားသွားမှာ ဖြစ်ပါတယ်။

REF:The Sun
Photo:Goal.com, Airtel Football
Aung Kyaw Wai (Akhayar)
www.akhayar.com