This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

ဂုိးသမားဆူဘာဆစ္ရဲ႕ အံ့မခန္းစြမ္းေဆာင္ရည္ေၾကာင့္ ကြာတားဖုိင္နယ္တက္ခဲ့တဲ့ ခ႐ုိေအးရွား

ဒိန္းမတ္ဂုိးသမား ရွမုိက္ကယ္ အေကာင္းဆုံး စြမ္းေဆာင္ရည္ျပသခဲ့ေပမယ့္လည္း ဒိန္းမတ္အသင္းဟာ ပယ္နယ္တီအဆုံးအျဖတ္နဲ႔ ခ႐ုိေအးရွားကုိ ႐ႈံးနိမ့္ခဲ့ၿပီး ႐ႈံးထြက္(၁၆)သင္းအဆင့္ကေန လွည့္ျပန္ခဲ့ရပါတယ္။ ဒီပဲြဟာ ပဲြအစ(၅)မိနစ္အတြင္း အျပန္အလွန္သြင္းဂုိးေတြနဲ႔အတူ ၿပိဳင္ဆုိင္မႈ ျပင္းထန္ခဲ့တယ္။

Jørgensen-Score-Opening-Goal

Jørgensen-Score-Opening-Goal

ပဲြစလုိ႔(၅၇)စကၠန္႔အၾကာမွာပဲ ဒိန္းမတ္ေနာက္ခံလူ ေယာ္ဂင္ဆင္က အသင္းအတြက္ အဖြင့္ဂုိးသြင္းခဲ့ၿပီး ဒါဟာ ၂၀၁၄ ကမၻာ႔ဖလားတုန္းက ဂါနာဘက္ကုိ (၂၉)စကၠန္႔အတြင္း ဂုိးသြင္းခဲ့တဲ့ အေမရိကန္တိုက္စစ္မွဴး ဒမ္ေဆးေနာက္ပုိင္း အျမန္ဆုံးသြင္းဂုိးအျဖစ္ မွတ္တမ္း၀င္ခဲ့ပါတယ္။ ဒါေပမဲ့ ဒိန္းမတ္အသင္းရဲ႕ ဦးေဆာင္မႈက မိနစ္ပုိင္းသာၾကာၿပီး (၄)မိနစ္မွာပဲ ခ႐ုိေအးရွားတိုက္စစ္မွဴးမန္ဇူကစ္က ဂုိးဧရိယာအတြင္း အပုိင္ပိတ္သြင္းၿပီး ေခ်ပဂုိးျပန္သြင္းခဲ့တယ္။

Mandžukić-Celebrate-After-Scoring-equalizer

Mandžukić-Celebrate-After-Scoring-equalizer

ခ႐ုိေအးရွားအသင္းက မုိဒရစ္၊ ရာကီတစ္၊ ပါရီဆစ္တို႔က ဒိန္းမတ္အသင္းကုိ ဖိအားေပးကစားႏုိင္ခဲ့ၿပီး အခြင့္အေရးေတြရခဲ့ေပမယ့္ ဒိန္းမတ္ဂုိးသမား ရွမုိက္ကယ္ အမွားအယြင္းမရွိ ကာကြယ္ခဲ့တယ္။ ႏွစ္သင္းစလုံးအျပန္အလွန္ ထုိးေဖာက္ကစားခဲ့ေပမယ့္ ေဘာလုံးအပ်က္မ်ားေနၿပီး ႀကံဳသလုိပုံစံနဲ႔ ထုိးေဖာက္တာမ်ိဳးျဖစ္ေနတယ္။ အံ့အားသင့္စရာေကာင္းတာက အေစာပုိင္းဂုိးေတြေၾကာင့္ သြင္းဂုိးမ်ားမယ့္ပဲြလုိ႔ ထင္ခဲ့ေပမယ့္ ေနာက္ထပ္ ဂုိးေတြ မျမင္ေတြ႕ရေတာ့ဘဲ မိနစ္(၉၀)ျပည့္သြားခဲ့လုိ႔ အခ်ိန္ပုိဆက္ကစားခဲ့ပါတယ္။ အခ်ိန္ပုိမိနစ္(၃၀) အတြင္း Exciting Moment က မုိဒရစ္ရဲ႕ ပယ္နယ္တီပါပဲ။ ပယ္နယ္တီဧရိယာအတြင္း ဂုိးသမားကုိ လိမ္ေခါက္ၿပီး လြတ္လြတ္ကၽြတ္ကၽြတ္ျဖစ္ေနတဲ့ ေတာင္ပံတိုက္စစ္ကစားသမား ရီဘစ္ကုိ ဒိန္းမတ္ေနာက္ခံလူ ေယာ္ဂင္ဆင္ ေနာက္က်ေလ်ာထုိးျဖတ္ထုတ္ခဲ့လုိ႔ ခ႐ုိေအးရွားအသင္း ပယ္နယ္တီကန္ခြင့္ရခဲ့တယ္။ ဒီပယ္နယ္တီကုိ ၀ါရင့္ကြင္းလယ္လူ မုိဒရစ္ ကန္သြင္းခဲ့ေပမယ့္ ရွမုိက္ကယ္ အစြမ္းျပၿပီး ကာကြယ္ခ့ဲလုိ႔ ဒိန္းမတ္တို႔ ကံေကာင္းခဲ့တာပါ။

Subašić-Makes-A-Great-Save

Subašić-Makes-A-Great-Save

ဒါေပမဲ့ ပယ္နယ္တီအဆုံးအျဖတ္မွာေတာ့ ဒိန္းမတ္အသင္းရဲ႕ ကံေကာင္းမႈေတြက အဆုံးသတ္ခဲ့ရတယ္။ ရွမုိက္ကယ္အစြမ္းျပၿပီး ကာကြယ္မႈေတြ လုပ္ခဲ့ေပမယ့္လည္း ဒိန္းမတ္ကစားသမားေတြရဲ႕ ပယ္နယ္တီကန္သြင္းမႈက စိတ္ပ်က္စရာေကာင္းခဲ့တဲ့အျပင္ ခ႐ုိေအးရွားဂုိးသမား ဆူဘာဆစ္ကလည္း Magnificent Save ေတြနဲ႔ ပယ္နယ္တီ(၃)လုံးကုိ ပုတ္ထုတ္သြားခဲ့တယ္။ အဆုံးအျဖတ္ပယ္နယ္တီကုိ ခ႐ုိေအးရွားကြင္းလယ္လူ ရာကီတစ္က အမွားအယြင္းမရွိ ကန္သြင္းခဲ့တာေၾကာင့္ (၃-၂)ဂုိးနဲ႔ အႏုိင္ယူၿပီး ကြာတားဖုိင္နယ္တက္ခြင့္ရယူခဲ့ပါတယ္။
Photo:FIFA World Cup
Naing Linn(Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

ဂိုးသမားဆူဘာဆစ်ရဲ့ အံ့မခန်းစွမ်းဆောင်ရည်ကြောင့် ကွာတားဖိုင်နယ်တက်ခဲ့တဲ့ ခရိုအေးရှား

ဒိန်းမတ်ဂိုးသမား ရှမိုက်ကယ် အကောင်းဆုံး စွမ်းဆောင်ရည်ပြသခဲ့ပေမယ့်လည်း ဒိန်းမတ်အသင်းဟာ ပယ်နယ်တီအဆုံးအဖြတ်နဲ့ ခရိုအေးရှားကို ရှုံးနိမ့်ခဲ့ပြီး ရှုံးထွက်(၁၆)သင်းအဆင့်ကနေ လှည့်ပြန်ခဲ့ရပါတယ်။ ဒီပွဲဟာ ပွဲအစ(၅)မိနစ်အတွင်း အပြန်အလှန်သွင်းဂိုးတွေနဲ့အတူ ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့တယ်။

Jørgensen-Score-Opening-Goal

Jørgensen-Score-Opening-Goal

ပွဲစလို့(၅၇)စက္ကန့်အကြာမှာပဲ ဒိန်းမတ်နောက်ခံလူ ယော်ဂင်ဆင်က အသင်းအတွက် အဖွင့်ဂိုးသွင်းခဲ့ပြီး ဒါဟာ ၂၀၁၄ ကမ္ဘာ့ဖလားတုန်းက ဂါနာဘက်ကို (၂၉)စက္ကန့်အတွင်း ဂိုးသွင်းခဲ့တဲ့ အမေရိကန်တိုက်စစ်မှူး ဒမ်ဆေးနောက်ပိုင်း အမြန်ဆုံးသွင်းဂိုးအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ဒါပေမဲ့ ဒိန်းမတ်အသင်းရဲ့ ဦးဆောင်မှုက မိနစ်ပိုင်းသာကြာပြီး (၄)မိနစ်မှာပဲ ခရိုအေးရှားတိုက်စစ်မှူးမန်ဇူကစ်က ဂိုးဧရိယာအတွင်း အပိုင်ပိတ်သွင်းပြီး ချေပဂိုးပြန်သွင်းခဲ့တယ်။

Mandžukić-Celebrate-After-Scoring-equalizer

Mandžukić-Celebrate-After-Scoring-equalizer

ခရိုအေးရှားအသင်းက မိုဒရစ်၊ ရာကီတစ်၊ ပါရီဆစ်တို့က ဒိန်းမတ်အသင်းကို ဖိအားပေးကစားနိုင်ခဲ့ပြီး အခွင့်အရေးတွေရခဲ့ပေမယ့် ဒိန်းမတ်ဂိုးသမား ရှမိုက်ကယ် အမှားအယွင်းမရှိ ကာကွယ်ခဲ့တယ်။ နှစ်သင်းစလုံးအပြန်အလှန် ထိုးဖောက်ကစားခဲ့ပေမယ့် ဘောလုံးအပျက်များနေပြီး ကြုံသလိုပုံစံနဲ့ ထိုးဖောက်တာမျိုးဖြစ်နေတယ်။ အံ့အားသင့်စရာကောင်းတာက အစောပိုင်းဂိုးတွေကြောင့် သွင်းဂိုးများမယ့်ပွဲလို့ ထင်ခဲ့ပေမယ့် နောက်ထပ် ဂိုးတွေ မမြင်တွေ့ရတော့ဘဲ မိနစ်(၉၀)ပြည့်သွားခဲ့လို့ အချိန်ပိုဆက်ကစားခဲ့ပါတယ်။ အချိန်ပိုမိနစ်(၃၀) အတွင်း Exciting Moment က မိုဒရစ်ရဲ့ ပယ်နယ်တီပါပဲ။ ပယ်နယ်တီဧရိယာအတွင်း ဂိုးသမားကို လိမ်ခေါက်ပြီး လွတ်လွတ်ကျွတ်ကျွတ်ဖြစ်နေတဲ့ တောင်ပံတိုက်စစ်ကစားသမား ရီဘစ်ကို ဒိန်းမတ်နောက်ခံလူ ယော်ဂင်ဆင် နောက်ကျလျောထိုးဖြတ်ထုတ်ခဲ့လို့ ခရိုအေးရှားအသင်း ပယ်နယ်တီကန်ခွင့်ရခဲ့တယ်။ ဒီပယ်နယ်တီကို ဝါရင့်ကွင်းလယ်လူ မိုဒရစ် ကန်သွင်းခဲ့ပေမယ့် ရှမိုက်ကယ် အစွမ်းပြပြီး ကာကွယ်ခဲ့လို့ ဒိန်းမတ်တို့ ကံကောင်းခဲ့တာပါ။

Subašić-Makes-A-Great-Save

Subašić-Makes-A-Great-Save

ဒါပေမဲ့ ပယ်နယ်တီအဆုံးအဖြတ်မှာတော့ ဒိန်းမတ်အသင်းရဲ့ ကံကောင်းမှုတွေက အဆုံးသတ်ခဲ့ရတယ်။ ရှမိုက်ကယ်အစွမ်းပြပြီး ကာကွယ်မှုတွေ လုပ်ခဲ့ပေမယ့်လည်း ဒိန်းမတ်ကစားသမားတွေရဲ့ ပယ်နယ်တီကန်သွင်းမှုက စိတ်ပျက်စရာကောင်းခဲ့တဲ့အပြင် ခရိုအေးရှားဂိုးသမား ဆူဘာဆစ်ကလည်း Magnificent Save တွေနဲ့ ပယ်နယ်တီ(၃)လုံးကို ပုတ်ထုတ်သွားခဲ့တယ်။ အဆုံးအဖြတ်ပယ်နယ်တီကို ခရိုအေးရှားကွင်းလယ်လူ ရာကီတစ်က အမှားအယွင်းမရှိ ကန်သွင်းခဲ့တာကြောင့် (၃-၂)ဂိုးနဲ့ အနိုင်ယူပြီး ကွာတားဖိုင်နယ်တက်ခွင့်ရယူခဲ့ပါတယ်။
Photo:FIFA World Cup
Naing Linn(Akhayar)
www.akhayar.com