[Zawgyi]

မက္ဆီ Messi ေက်ာ္ျဖတ္ဖုိ႔ ႀကိဳးပမ္းရမယ့္ စီေရာ္နယ္လ္ဒုိ Cristiano Ronaldo ရဲ႕ စံခ်ိန္မွတ္တမ္းမ်ား

မက္ဆီ Messi နဲ႔ စီေရာ္နယ္လ္ဒုိ Cristiano Ronaldo ဆုိတာက ဒီေန႔ေခတ္ေဘာလုံးေလာကမွ Debate အျဖစ္ဆုံး ကစားသမားႏွစ္ဦးပါပဲ။ ႏွစ္ေယာက္စလုံးမွာလည္း ပရိသတ္အခုိင္အမာ ရွိေနၿပီး ဘယ္သူပုိေကာင္းလဲဆုိတဲ့ ေမးခြန္းအေျဖကုိ ရွာရင္းနဲ႔ ႏွစ္ဖက္ပရိသတ္ေတြ အခ်င္းခ်င္း တိုက္ပဲြေတြျဖစ္ေနဆဲပါပဲ။ မက္ဆီ တင္ထားတဲ့ စံခ်ိန္မွတ္တမ္းေတြကုိ စီေရာ္နယ္လ္ဒုိ ခ်ိဳးျဖတ္ဖုိ႔ ႀကိဳးပမ္းေနသလုိ မက္ဆီ ခ်ိဳးျဖတ္ျပရမယ့္ စီေရာ္နယ္လ္ဒုိရဲ႕ စံခ်ိန္ေတြလည္း ရွိေနပါေသးတယ္။ အခုေလာေလာဆယ္ မက္ဆီ ေက်ာ္ျဖတ္ဖုိ႔ ႀကိဳးပမ္းရမယ့္ စီေရာ္နယ္လ္ဒုိရဲ႕ စံခ်ိန္မွတ္တမ္းေတြကုိ ဦးဆုံးေဖာ္ျပလုိက္ပါတယ္ . . .

၁. ခ်န္ပီယံလိဂ္ သြင္းဂုိးအမ်ားဆုံးစံခ်ိန္

Messi-and-Cristiano-Ronaldo

Messi-and-Cristiano-Ronaldo

မက္ဆီအတြက္ ပထမဦးစားေပး ႀကိဳးပမ္းရမွာက ခ်န္ပီယံလိဂ္ သြင္းဂုိးအမ်ားဆုံး ကစားသမားစာရင္းမွာ စီေရာ္နယ္လ္ဒုိကုိ ေက်ာ္ျဖတ္ေရးပါပဲ။ အခုေလာေလာဆယ္ စီေရာ္နယ္လ္ဒုိက ခ်န္ပီယံလိဂ္မွာ (၁၂၀)ဂုိး သြင္းယူထားတဲ့အျပင္ တစ္ရာသီအတြင္း သြင္းဂုိးအမ်ားဆုံးကစားသမားအျဖစ္ ၂၀၁၃-၁၄ ရာသီက (၁၇)ဂုိးသြင္းၿပီး စံခ်ိန္တင္ထားပါတယ္။ မက္ဆီရဲ႕ ခ်န္ပီယံလိဂ္သြင္းဂုိးက (၁၀၅)ဂုိးရွိေနၿပီျဖစ္လုိ႔ စီေရာ္နယ္လ္ဒုိကုိ ေက်ာ္ျဖတ္ဖုိ႔ အခ်ိန္ယူရဦးမွာပါ။

၂.(၆)ရာသီဆက္ ၿပိဳင္ပဲြစုံ ဂုိး(၅၀)နဲ႔အထက္ သြင္းယူခဲ့တဲ့ စံခ်ိန္

Cristiano-Ronaldo

Cristiano-Ronaldo

စီေရာ္နယ္လ္ဒုိဟာ ရီးယဲလ္အသင္းကုိ စတင္ေရာက္ရွိခဲ့တဲ့ ၂၀၀၉-၁၀ ရာသီေနာက္ပုိင္းကတည္းက (၆)ရာသီဆက္တိုက္ ၿပိဳင္ပဲြစုံမွာ တစ္ရာသီကုိ ဂုိး(၅၀)နဲ႔အထက္ သြင္းယူခဲ့တယ္။ မက္ဆီဟာ ဂုိး(၅၀)နဲ႔အထက္ သြင္းယူခ့ဲတာက ၂၀၁၀-၁၁ ၊ ၂၀၁၁-၁၂ ၊ ၂၀၁၂-၁၃ (၃)ရာသီဆက္သာ ရွိခဲ့တယ္။ လက္ရွိအေနအထားအရ မက္ဆီအေနနဲ႔ ဒီစံခ်ိန္ကုိ ျဖတ္ေက်ာ္ဖုိ႔က နည္းနည္းေတာ့ ခက္ခဲေနပါတယ္။

၃. ႏုိင္ငံတကာသြင္းဂုိးနဲ႔ ဆုဖလား

Cristiano-Ronaldo-with-Euro-Trophy

Cristiano-Ronaldo-with-Euro-Trophy

မက္ဆီထက္ စီေရာ္နယ္လ္ဒုိ ေခါင္းတစ္လုံးသာေနတာက ႏုိင္ငံအသငး္အတြက္ ဆုဖလားရရွိမႈပါ။ စီေရာ္နယ္လ္ဒုိဟာ ယူ႐ုိ-၂၀၁၆ မွာ ခ်န္ပီယံျဖစ္ခဲ့ၿပီး မက္ဆီကေတာ့ အခုအခ်ိန္အထိ ႏုိင္ငံအသင္းနဲ႔အတူ ဘာဆုဖလားမွ မရေသးပါဘူး။ သြင္းဂုိးအေရအတြက္ကုိ ၾကည့္ရင္လည္း စီေရာ္နယ္လ္ဒုိဟာ ေပၚတူဂီအသင္းအတြက္ (၈၅)ဂုိးအထိ သြင္းထားၿပီး မက္ဆီကေတာ့ (၆၅)ဂုိးသာ ရွိပါေသးတယ္။

ဒါေတြကေတာ့ စီေရာ္နယ္လ္ဒုိကုိ ေက်ာ္ျဖတ္ဖုိ႔ မက္ဆီ လုိအပ္ေနတဲ့ စံခ်ိန္မွတ္တမ္းေတြျဖစ္ပါတယ္။ ႏွစ္ေယာက္စလုံးက အသက္အရြယ္ရလာေပမယ့္လည္း ေျခစြမ္းက မက်ေသးလုိ႔ ဘယ္သူက ဘယ္သူ႔ကုိ ႏွာတစ္ဖ်ားအသာရမလဲဆုိတာ စိတ္၀င္စားစရာပါပဲ . .

REF:sportskeeda
Photo:Goal.com,Business Insider,CRHoy,The Japan Times,SportsBible
Naing Linn(Akhayar)
www.akhayar.com

[Unicode]

မက်ဆီ Messi ကျော်ဖြတ်ဖို့ ကြိုးပမ်းရမယ့် စီရော်နယ်လ်ဒို Cristiano Ronaldo ရဲ့ စံချိန်မှတ်တမ်းများ

မက်ဆီ Messi နဲ့ စီရော်နယ်လ်ဒို Cristiano Ronaldo ဆိုတာက ဒီနေ့ခေတ်ဘောလုံးလောကမှ Debate အဖြစ်ဆုံး ကစားသမားနှစ်ဦးပါပဲ။ နှစ်ယောက်စလုံးမှာလည်း ပရိသတ်အခိုင်အမာ ရှိနေပြီး ဘယ်သူပိုကောင်းလဲဆိုတဲ့ မေးခွန်းအဖြေကို ရှာရင်းနဲ့ နှစ်ဖက်ပရိသတ်တွေ အချင်းချင်း တိုက်ပွဲတွေဖြစ်နေဆဲပါပဲ။ မက်ဆီ တင်ထားတဲ့ စံချိန်မှတ်တမ်းတွေကို စီရော်နယ်လ်ဒို ချိုးဖြတ်ဖို့ ကြိုးပမ်းနေသလို မက်ဆီ ချိုးဖြတ်ပြရမယ့် စီရော်နယ်လ်ဒိုရဲ့ စံချိန်တွေလည်း ရှိနေပါသေးတယ်။ အခုလောလောဆယ် မက်ဆီ ကျော်ဖြတ်ဖို့ ကြိုးပမ်းရမယ့် စီရော်နယ်လ်ဒိုရဲ့ စံချိန်မှတ်တမ်းတွေကို ဦးဆုံးဖော်ပြလိုက်ပါတယ် . . .

၁. ချန်ပီယံလိဂ် သွင်းဂိုးအများဆုံးစံချိန်

Messi-and-Cristiano-Ronaldo

Messi-and-Cristiano-Ronaldo

မက်ဆီအတွက် ပထမဦးစားပေး ကြိုးပမ်းရမှာက ချန်ပီယံလိဂ် သွင်းဂိုးအများဆုံး ကစားသမားစာရင်းမှာ စီရော်နယ်လ်ဒိုကို ကျော်ဖြတ်ရေးပါပဲ။ အခုလောလောဆယ် စီရော်နယ်လ်ဒိုက ချန်ပီယံလိဂ်မှာ (၁၂၀)ဂိုး သွင်းယူထားတဲ့အပြင် တစ်ရာသီအတွင်း သွင်းဂိုးအများဆုံးကစားသမားအဖြစ် ၂၀၁၃-၁၄ ရာသီက (၁၇)ဂိုးသွင်းပြီး စံချိန်တင်ထားပါတယ်။ မက်ဆီရဲ့ ချန်ပီယံလိဂ်သွင်းဂိုးက (၁၀၅)ဂိုးရှိနေပြီဖြစ်လို့ စီရော်နယ်လ်ဒိုကို ကျော်ဖြတ်ဖို့ အချိန်ယူရဦးမှာပါ။

၂.(၆)ရာသီဆက် ပြိုင်ပွဲစုံ ဂိုး(၅၀)နဲ့အထက် သွင်းယူခဲ့တဲ့ စံချိန်

Cristiano-Ronaldo

Cristiano-Ronaldo

စီရော်နယ်လ်ဒိုဟာ ရီးယဲလ်အသင်းကို စတင်ရောက်ရှိခဲ့တဲ့ ၂၀၀၉-၁၀ ရာသီနောက်ပိုင်းကတည်းက (၆)ရာသီဆက်တိုက် ပြိုင်ပွဲစုံမှာ တစ်ရာသီကို ဂိုး(၅၀)နဲ့အထက် သွင်းယူခဲ့တယ်။ မက်ဆီဟာ ဂိုး(၅၀)နဲ့အထက် သွင်းယူခဲ့တာက ၂၀၁၀-၁၁ ၊ ၂၀၁၁-၁၂ ၊ ၂၀၁၂-၁၃ (၃)ရာသီဆက်သာ ရှိခဲ့တယ်။ လက်ရှိအနေအထားအရ မက်ဆီအနေနဲ့ ဒီစံချိန်ကို ဖြတ်ကျော်ဖို့က နည်းနည်းတော့ ခက်ခဲနေပါတယ်။

၃. နိုင်ငံတကာသွင်းဂိုးနဲ့ ဆုဖလား

Cristiano-Ronaldo-with-Euro-Trophy

Cristiano-Ronaldo-with-Euro-Trophy

မက်ဆီထက် စီရော်နယ်လ်ဒို ခေါင်းတစ်လုံးသာနေတာက နိုင်ငံအသင်းအတွက် ဆုဖလားရရှိမှုပါ။ စီရော်နယ်လ်ဒိုဟာ ယူရို-၂၀၁၆ မှာ ချန်ပီယံဖြစ်ခဲ့ပြီး မက်ဆီကတော့ အခုအချိန်အထိ နိုင်ငံအသင်းနဲ့အတူ ဘာဆုဖလားမှ မရသေးပါဘူး။ သွင်းဂိုးအရေအတွက်ကို ကြည့်ရင်လည်း စီရော်နယ်လ်ဒိုဟာ ပေါ်တူဂီအသင်းအတွက် (၈၅)ဂိုးအထိ သွင်းထားပြီး မက်ဆီကတော့ (၆၅)ဂိုးသာ ရှိပါသေးတယ်။

ဒါတွေကတော့ စီရော်နယ်လ်ဒိုကို ကျော်ဖြတ်ဖို့ မက်ဆီ လိုအပ်နေတဲ့ စံချိန်မှတ်တမ်းတွေဖြစ်ပါတယ်။ နှစ်ယောက်စလုံးက အသက်အရွယ်ရလာပေမယ့်လည်း ခြေစွမ်းက မကျသေးလို့ ဘယ်သူက ဘယ်သူ့ကို နှာတစ်ဖျားအသာရမလဲဆိုတာ စိတ်ဝင်စားစရာပါပဲ . .

REF:sportskeeda
Photo:Goal.com,Business Insider,CRHoy,The Japan Times,SportsBible
Naing Linn(Akhayar)
www.akhayar.com