ဂျူဗင်တပ်စ်အသင်းရဲ့ တိုက်စစ်မှူး စီရော်နယ်လ်ဒို Cristiano Ronaldo ဟာ စီးရီးအေရဲ့လစာငွေအများဆုံး ကစားသမားဆိုတာ အားလုံးသိတဲ့ အရာတစ်ခုပါ။ ဒါပေမယ့် လက်ရှိမှာ ထွက်ပေါ်လာတဲ့ အချက်အလက်တွေမှာတော့ စီရော်နယ်လ်ဒို ရဲ့ လစာဟာ တခြားစီးရီးအေကစားသမားတွေရဲ့လစာထက်(၃)ဆပိုများတယ်ဆိုတာပါပဲ။ အသက်(၃၄)နှစ်အရွယ်ရှိပြီဖြစ်ပေမယ့် လက်ရှိအချိန်ထိ အကောင်းဆုံးခြေစွမ်းတွေကို ပိုင်ဆိုင်ထားတဲ့ စီရော်နယ်လ်ဒို ရဲ့ ဂျူဗင်တပ်စ်အသင်းမှာ ရရှိနေတဲ့ တစ်နှစ်လစာငွေဟာ ယူရို(၃၁)သန်းဖြစ်ပါတယ်။ ဒါဟာ စီးရီးအေရဲ့ဒုတိလစာငွေအများဆုံးရရှိနေတဲ့ ဂျူဗင်တပ်စ်နောက်ခံလူသစ် ဒီလိဂ် De Ligt ရဲ့ တစ်နှစ်လစာငွေ ယူရို(၈)သန်း ၊ အပိုဆုကြေး ယူရို(၄)သန်းထက် တော်တော်လေးကို များနေတဲ့ ပမာဏတစ်ခုလည်း ဖြစ်ပါတယ်။

မန်ယူအသင်းကနေ အင်တာမီလန်အသင်းကို ကလပ်အသင်းရဲ့ စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာတဲ့ လူကာကူ ကတော့ စီရော်နယ်လ်ဒို နဲ့ ဒီလိဂ် တို့ရဲ့နောက် တတိယမြောက် စီးရီးအေရဲ့လစာငွေအများဆုံး ကစားသမားအဖြစ် တစ်နှစ်လစာငွေ ယူရို(၇.၅)သန်း ၊ အပိုဆုကြေး ယူရို(၁.၅)သန်းနဲ့ ရှိနေပါတယ်။ စီးရီးအေရဲ့လစာငွေအများဆုံး ကစားသမားစာရင်းမှာတော့ ဂျူဗင်တပ်စ်အသင်း ကစားသမားတွေကသာ လွှမ်းမိုးထားပြီး တိုက်စစ်မှူး ဟီဂွါအင် Higuain က တစ်နှစ်လစာငွေဟာ ယူရို(၇.၅)သန်းနဲ့ စတုတ္ထနေရာ ၊ ဂျူဗင်တပ်စ်တိုက်စစ်ကစားသမား ဒီဘားလား Dybala က တစ်နှစ်လစာငွေဟာ ယူရို(၇.၃)သန်းနဲ့ ပဉ္စမနေရာတွေမှာရှိနေကြပါတယ်။

စီးရီးအေရဲ့လစာငွေအများဆုံး ကစားသမားများ

Cristiano Ronaldo (Juventus): €31m
Matthijs de Ligt (Juventus): €8m (+€4m in bonuses)
Romelu Lukaku (Inter Milan): €7.5m (+€1.5m in bonuses)
Gonzalo Higuain (Juventus): €7.5m
Paulo Dybala (Juventus): €7.3m
Adrien Rabiot (Juventus): €7m (+€2m in bonuses)
Aaron Ramsey (Juventus): €7m
Miralem Pjanic (Juventus): €6.5m
Douglas Costa (Juventus): €6m
Mario Mandzukic (Juventus): €6m
Sami Khedira (Juventus): €6m
Gianluigi Donnarumma (AC Milan): €6m
Kalidou Koulibaly (Napoli): €6m

Ref: Sportbible
Photo: Twitter , REUTERS , The Sun
Ko Kyue(Akhayar)
www.akhayar.com