[Zawgyi]

Cristiano Ronaldo ရဲ႕ ဂ်ဴဗင္တပ္စ္ပဲြဦးထြက္က Sky Italia ႐ုပ္သံမွာ စတုတၳေျမာက္ ၾကည့္႐ႈမႈအမ်ားဆုံးျဖစ္ခဲ့ၿပီ

ေပၚတူဂီနာမည္ေက်ာ္ ကစားသမား စီေရာ္နယ္လ္ဒုိ Cristiano Ronaldo ရဲ႕ ဂ်ဴဗင္တပ္စ္ပဲြဦးထြက္ကုိ Sky Italia ႐ုပ္သံမွာ ၾကည့္႐ႈတဲ့သူ အေရအတြက္က စုစုေပါင္း(၂.၃)သန္းအထိရွိခဲ့ၿပီး စတုတၳေျမာက္ ၾကည့္႐ႈမႈအမ်ားဆုံးအျဖစ္ မွတ္တမ္း၀င္ခဲ့ပါတယ္။ ေပါင္(၉၉)သန္းတန္ ကစားသမား စီေရာ္နယ္လ္ဒုိဟာ ခ်ီေယဗုိနဲ႔ စီးရီးေအ ရာသီအဖြင့္ပဲြမွာ ပဲြခ်ိန္ျပည့္ပါ၀င္ကစားခဲ့ၿပီး ဂုိးမသြင္းႏုိင္ခဲ့ေပမယ့္ ေျခစြမ္းျပကစားႏုိင္ခဲ့တယ္။ Gazzetta dello Sport သတင္းစာက အဲဒီပဲြကုိ ႐ုပ္သံက ၾကည့္႐ႈသူအေရအတြက္ (၂၃၃၀၂၃၄)အထိ ရွိခဲ့ၿပီး ၿပီးခဲ့တဲ့ရာသီ အဖြင့္ပဲြကထက္ (၆၈)ရာခုိင္ႏႈန္း ျမင့္တက္လာခဲ့သလုိ လူမႈကြန္ယက္မွာ Share လုပ္တဲ့သူက (၁၁.၉)ရာခုိင္ႏႈန္း ျမင့္တက္လာခဲ့တယ္လုိ႔ ေဖာ္ျပခဲ့ပါတယ္။

Italian-viewers-cannot-wait-to-see-what-Ronaldo-is-capable-of

Italian-viewers-cannot-wait-to-see-what-Ronaldo-is-capable-of

ဒီပဲြထက္ ႐ုပ္သံၾကည့္႐ႈမႈ အမ်ားဆုံးပဲြေတြက ၂၀၁၃ ခုႏွစ္က ကစားခဲ့တဲ့ ႐ုိးမား-ဂ်ဴဗင္တပ္စ္၊ ၂၀၁၃နဲ႔ ၂၀၁၆ ခုႏွစ္ေတြတုန္းက ကစားခဲ့တဲ့ ဂ်ဴဗင္တပ္စ္-အင္တာမီလန္ ပဲြေတြျဖစ္ပါတယ္။ စီေရာ္နယ္လ္ဒုိအေနနဲ႔ ခ်ီေယဗုိနဲ႔ပဲြမွာ ဂုိးမသြင္းႏုိင္ခဲ့ေပမယ့္ အခုတစ္ပတ္ တနဂၤေႏြေန႔မွာ ကစားမယ့္ လာဇီယုိနဲ႔ပဲြက်ရင္ ဂုိးသြင္းႏုိင္မလားဆုိတာ ေစာင့္ၾကည့္ရမွာပါ။

REF:The Sun
Photo:The Sun
Naing Linn(Akhayar)
www.akhayar.com

[Unicode]

Cristiano Ronaldo ရဲ့ ဂျူဗင်တပ်စ်ပွဲဦးထွက်က Sky Italia ရုပ်သံမှာ စတုတ္ထမြောက် ကြည့်ရှုမှုအများဆုံးဖြစ်ခဲ့ပြီ

ပေါ်တူဂီနာမည်ကျော် ကစားသမား စီရော်နယ်လ်ဒို Cristiano Ronaldo ရဲ့ ဂျူဗင်တပ်စ်ပွဲဦးထွက်ကို Sky Italia ရုပ်သံမှာ ကြည့်ရှုတဲ့သူ အရေအတွက်က စုစုပေါင်း(၂.၃)သန်းအထိရှိခဲ့ပြီး စတုတ္ထမြောက် ကြည့်ရှုမှုအများဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ပေါင်(၉၉)သန်းတန် ကစားသမား စီရော်နယ်လ်ဒိုဟာ ချီယေဗိုနဲ့ စီးရီးအေ ရာသီအဖွင့်ပွဲမှာ ပွဲချိန်ပြည့်ပါဝင်ကစားခဲ့ပြီး ဂိုးမသွင်းနိုင်ခဲ့ပေမယ့် ခြေစွမ်းပြကစားနိုင်ခဲ့တယ်။ Gazzetta dello Sport သတင်းစာက အဲဒီပွဲကို ရုပ်သံက ကြည့်ရှုသူအရေအတွက် (၂၃၃၀၂၃၄)အထိ ရှိခဲ့ပြီး ပြီးခဲ့တဲ့ရာသီ အဖွင့်ပွဲကထက် (၆၈)ရာခိုင်နှုန်း မြင့်တက်လာခဲ့သလို လူမှုကွန်ယက်မှာ Share လုပ်တဲ့သူက (၁၁.၉)ရာခိုင်နှုန်း မြင့်တက်လာခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။

Italian-viewers-cannot-wait-to-see-what-Ronaldo-is-capable-of

Italian-viewers-cannot-wait-to-see-what-Ronaldo-is-capable-of

ဒီပွဲထက် ရုပ်သံကြည့်ရှုမှု အများဆုံးပွဲတွေက ၂၀၁၃ ခုနှစ်က ကစားခဲ့တဲ့ ရိုးမား-ဂျူဗင်တပ်စ်၊ ၂၀၁၃နဲ့ ၂၀၁၆ ခုနှစ်တွေတုန်းက ကစားခဲ့တဲ့ ဂျူဗင်တပ်စ်-အင်တာမီလန် ပွဲတွေဖြစ်ပါတယ်။ စီရော်နယ်လ်ဒိုအနေနဲ့ ချီယေဗိုနဲ့ပွဲမှာ ဂိုးမသွင်းနိုင်ခဲ့ပေမယ့် အခုတစ်ပတ် တနင်္ဂနွေနေ့မှာ ကစားမယ့် လာဇီယိုနဲ့ပွဲကျရင် ဂိုးသွင်းနိုင်မလားဆိုတာ စောင့်ကြည့်ရမှာပါ။

REF:The Sun
Photo:The Sun
Naing Linn(Akhayar)
www.akhayar.com