[Zawgyi]

ခ်န္ပီယံလိဂ္ဗုိလ္လုပဲြမွာ အဓိက ေစာင့္ၾကည့္ရမယ့္ စီေရာ္နယ္လ္ဒုိ C.Ronaldo န႔ဲ ဆာလာ Salah တို႔ရဲ႕ ဒီရာသီ စြမ္းေဆာင္ရည္ ႏႈိင္းယွဥ္မႈ

ခ်န္ပီယံလိဂ္ဗုိလ္လုပဲြမွာ ဘယ္သူဗုိလ္စဲြႏုိင္မလဲဆုိတာ ပရိသတ္ေတြ အားလုံးက စိတ္၀င္စားေနၾကၿပီး ေနာက္ထပ္ စိတ္၀င္စားေနတာက အဲဒီႏွစ္သင္းရဲ႕ အဓိက ကစားသမားႏွစ္ဦးျဖစ္တဲ့ စီေရာ္နယ္လ္ဒုိ C.Ronaldo န႔ဲ ဆာလာ Salah တို႔ထဲက ဘယ္သူဟာ ပုိၿပီးေျခစြမ္းျပႏုိင္မလဲဆုိတာပါ။ ဒါေၾကာင့္ ဗုိလ္လုပဲြမတိုင္ခင္ ဒီကစားသမားႏွစ္ဦးရဲ႕ ဒီရာသီ စြမ္းေဆာင္ရည္ေတြကုိ ပရိသတ္ေတြ သိရွိႏုိင္ေအာင္ ေဖာ္ျပေပးလုိက္ပါတယ္။

စီေရာ္နယ္လ္ဒုိနဲ႔ ဆာလာဟာ ဒီရာသီမွာ ၿပိဳင္ပဲြစုံ (၄၄)ဂုိးအထိ သြင္းယူထားၿပီး သူတို႔ထက္ သာတာဆုိလုိ႔ ဘာစီလုိနာတိုက္စစ္မွဴး မက္ဆီ Messi (၄၅ဂုိး)ပဲရွိတယ္။ ဆာလာသြင္းယူခဲ့တဲ့ ဂုိးေတြထဲက (၈၂%)ကုိ ဘယ္ေျခနဲ႔ သြင္းယူခဲ့တာျဖစ္ၿပီး စီေရာ္နယ္လ္ဒုိကေတာ့ ညာေျခနဲ႔သြင္းယူခဲ့တာက (၆၁%)ရွိခဲ့ပါတယ္။ ဆာလာဟာ Shot Conversion Rate နဲ႔ ဂုိးဖန္တီးမႈ အပုိင္းမွာ စီေရာ္နယ္လ္ဒုိထက္ သာေပမယ့္ မိနစ္အလုိက္ ပ်မ္းမွ်ဂုိးသြင္းႏုိင္မႈမွာေတာ့ စီေရာ္နယ္လ္ဒိုက သာပါတယ္။ ထူးျခားတာတစ္ခုကေတာ့ ဒီကစားသမားႏွစ္ဦး ဂုိးစသြင္းႏုိင္ရင္ သူတို႔အသင္းက ႐ႈံးပဲြမရွိေတာ့တာပါပဲ။ လီဗာပူးလ္အသင္းဟာ ဆာလာ ဂုိးစသြင္းခဲ့တဲ့ ပဲြစဥ္ (၁၂)ပဲြမွာ (၉)ပဲြႏုိင္၊ (၃)ပဲြသေရက်ခဲ့သလုိ ရီးယဲလ္အသင္းကလည္း စီေရာ္နယ္လ္ဒုိ ဂုိးစသြင္းခဲ့တဲ့ (၉)ပဲြမွာ (၈)ပဲြႏုိင္၊ (၁)ပဲြ သေရက်ခဲ့တယ္။ ဒီႏွစ္ခ်န္ပီယံလိဂ္မွာ စီေရာ္နယ္လ္ဒုိက (၁၅)ဂုိးသြင္း ထားၿပီး ဆာလာနဲ႔ ေဖမီႏုိ Firmino က (၁၀)ဂုိးစီနဲ႔ လီဗာပူးအသင္းအတြက္ ခ်န္ပီယံလိဂ္သြင္းဂုိးအမ်ားဆုံး ကစားသမားေတြအျဖစ္ ရပ္တည္ေနပါတယ္။ ဆာလာနဲ႔ စီေရာ္နယ္လ္ဒုိတို႔ဟာ လြန္ခဲ့တဲ့ႏွစ္လေလာက္တုန္းက ႏုိင္ငံတကာေျခစမ္းပဲြအျဖစ္ ေပၚတူဂီနဲ႔ အီဂ်စ္အသင္းတို႔ ကစားခဲ့စဥ္က ထိပ္တိုက္ဆုံေတြ႕ခဲ့ၿပီး ႏွစ္ေယာက္စလုံး ဂုိးသြင္းႏုိင္ခဲ့ေပမယ့္ စီေရာ္နယ္လ္ဒုိရဲ႕ ေပၚတူဂီအသင္းက (၂-၁)ဂုိးနဲ႔ အႏုိင္ရခဲ့တယ္။

Who-is-the-Best-Crisiano-Or-Salah

Who-is-the-Best-Crisiano-Or-Salah

ဆာလာနဲ႔ စီေရာ္နယ္လ္ဒုိတို႔ရဲ႕ ဒီရာသီ စြမ္းေဆာင္ရည္မွတ္တမ္း

ဆာလာ    စီေရာ္နယ္လ္ဒုိ

44 သြင္းဂုိး 44

51 ပဲြ 43

36 ဘယ္ေျခ 10

6 ညာေျခ 27

2 ေခါင္းတိုက္သြင္းဂုိး 7

5 ဧရိယာျပင္ပမွသြင္းဂုိး 2

1 ပယ္နယ္တီ 7

23% Shot conversion rate 16%

93 သြင္းဂုိးတစ္ဂုိးအတြက္ပ်မ္းမွ်မိနစ္ၾကာခ်ိန္ 81

14 ဂုိးဖန္တီးေပးမႈ 8

71 သြင္းဂုိးတစ္ဂုိးအတြက္ ပါ၀င္မႈပ်မ္းမွ်မိနစ္ၾကာခ်ိန္ 69

12 ပဲြတစ္ပဲြမွာ အဖြင့္ဂုိးသြင္းယူႏုိင္မႈ 9

စီေရာ္နယ္လ္ဒုိရဲ႕ ခ်န္ပီယံလိဂ္ဗုိလ္လုပဲြမွတ္တမ္း

Real Madrid
2016/17 Juventus W 4-1 2 Goals

2015/16 Atletico Madrid D 1-1, won 5-3 on pens 0 Goals

2013/14 Atletico Madrid W 4-1 aet 1 Goals

Man Utd
2008/09 Barcelona L 0-2 0 Goals

2007/08 Chelsea D 1-1, won 6-5 on pens 1 Goals

REF:Sky Sports
Photo: Goal.com,Youtube
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ အဓိက စောင့်ကြည့်ရမယ့် စီရော်နယ်လ်ဒို C.Ronaldo နဲ့ ဆာလာ Salah တို့ရဲ့ ဒီရာသီ စွမ်းဆောင်ရည် နှိုင်းယှဉ်မှု

ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ဘယ်သူဗိုလ်စွဲနိုင်မလဲဆိုတာ ပရိသတ်တွေ အားလုံးက စိတ်ဝင်စားနေကြပြီး နောက်ထပ် စိတ်ဝင်စားနေတာက အဲဒီနှစ်သင်းရဲ့ အဓိက ကစားသမားနှစ်ဦးဖြစ်တဲ့ စီရော်နယ်လ်ဒို C.Ronaldo နဲ့ ဆာလာ Salah တို့ထဲက ဘယ်သူဟာ ပိုပြီးခြေစွမ်းပြနိုင်မလဲဆိုတာပါ။ ဒါကြောင့် ဗိုလ်လုပွဲမတိုင်ခင် ဒီကစားသမားနှစ်ဦးရဲ့ ဒီရာသီ စွမ်းဆောင်ရည်တွေကို ပရိသတ်တွေ သိရှိနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။

စီရော်နယ်လ်ဒိုနဲ့ ဆာလာဟာ ဒီရာသီမှာ ပြိုင်ပွဲစုံ (၄၄)ဂိုးအထိ သွင်းယူထားပြီး သူတို့ထက် သာတာဆိုလို့ ဘာစီလိုနာတိုက်စစ်မှူး မက်ဆီ Messi (၄၅ဂိုး)ပဲရှိတယ်။ ဆာလာသွင်းယူခဲ့တဲ့ ဂိုးတွေထဲက (၈၂%)ကို ဘယ်ခြေနဲ့ သွင်းယူခဲ့တာဖြစ်ပြီး စီရော်နယ်လ်ဒိုကတော့ ညာခြေနဲ့သွင်းယူခဲ့တာက (၆၁%)ရှိခဲ့ပါတယ်။ ဆာလာဟာ Shot Conversion Rate နဲ့ ဂိုးဖန်တီးမှု အပိုင်းမှာ စီရော်နယ်လ်ဒိုထက် သာပေမယ့် မိနစ်အလိုက် ပျမ်းမျှဂိုးသွင်းနိုင်မှုမှာတော့ စီရော်နယ်လ်ဒိုက သာပါတယ်။ ထူးခြားတာတစ်ခုကတော့ ဒီကစားသမားနှစ်ဦး ဂိုးစသွင်းနိုင်ရင် သူတို့အသင်းက ရှုံးပွဲမရှိတော့တာပါပဲ။ လီဗာပူးလ်အသင်းဟာ ဆာလာ ဂိုးစသွင်းခဲ့တဲ့ ပွဲစဉ် (၁၂)ပွဲမှာ (၉)ပွဲနိုင်၊ (၃)ပွဲသရေကျခဲ့သလို ရီးယဲလ်အသင်းကလည်း စီရော်နယ်လ်ဒို ဂိုးစသွင်းခဲ့တဲ့ (၉)ပွဲမှာ (၈)ပွဲနိုင်၊ (၁)ပွဲ သရေကျခဲ့တယ်။ ဒီနှစ်ချန်ပီယံလိဂ်မှာ စီရော်နယ်လ်ဒိုက (၁၅)ဂိုးသွင်း ထားပြီး ဆာလာနဲ့ ဖေမီနို Firmino က (၁၀)ဂိုးစီနဲ့ လီဗာပူးအသင်းအတွက် ချန်ပီယံလိဂ်သွင်းဂိုးအများဆုံး ကစားသမားတွေအဖြစ် ရပ်တည်နေပါတယ်။ ဆာလာနဲ့ စီရော်နယ်လ်ဒိုတို့ဟာ လွန်ခဲ့တဲ့နှစ်လလောက်တုန်းက နိုင်ငံတကာခြေစမ်းပွဲအဖြစ် ပေါ်တူဂီနဲ့ အီဂျစ်အသင်းတို့ ကစားခဲ့စဉ်က ထိပ်တိုက်ဆုံတွေ့ခဲ့ပြီး နှစ်ယောက်စလုံး ဂိုးသွင်းနိုင်ခဲ့ပေမယ့် စီရော်နယ်လ်ဒိုရဲ့ ပေါ်တူဂီအသင်းက (၂-၁)ဂိုးနဲ့ အနိုင်ရခဲ့တယ်။

Who-is-the-Best-Crisiano-Or-Salah

Who-is-the-Best-Crisiano-Or-Salah

ဆာလာနဲ့ စီရော်နယ်လ်ဒိုတို့ရဲ့ ဒီရာသီ စွမ်းဆောင်ရည်မှတ်တမ်း

ဆာလာ    စီရော်နယ်လ်ဒို

44 သွင်းဂိုး 44

51 ပွဲ 43

36 ဘယ်ခြေ 10

6 ညာခြေ 27

2 ခေါင်းတိုက်သွင်းဂိုး 7

5 ဧရိယာပြင်ပမှသွင်းဂိုး 2

1 ပယ်နယ်တီ 7

23% Shot conversion rate 16%

93 သွင်းဂိုးတစ်ဂိုးအတွက်ပျမ်းမျှမိနစ်ကြာချိန် 81

14 ဂိုးဖန်တီးပေးမှု 8

71 သွင်းဂိုးတစ်ဂိုးအတွက် ပါဝင်မှုပျမ်းမျှမိနစ်ကြာချိန် 69

12 ပွဲတစ်ပွဲမှာ အဖွင့်ဂိုးသွင်းယူနိုင်မှု 9

စီရော်နယ်လ်ဒိုရဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှတ်တမ်း

Real Madrid
2016/17 Juventus W 4-1 2 Goals

2015/16 Atletico Madrid D 1-1, won 5-3 on pens 0 Goals

2013/14 Atletico Madrid W 4-1 aet 1 Goals

Man Utd
2008/09 Barcelona L 0-2 0 Goals

2007/08 Chelsea D 1-1, won 6-5 on pens 1 Goals

REF:Sky Sports
Photo: Goal.com,Youtube
Naing Linn(Akhayar)
www.akhayar.com