[Zawgyi]

မာဆယ္လို Marcelo ကို အသင္းက ထြက္ခြာဖို႔ တိုက္တြန္းခဲ့တဲ့ ခရစၥတီယာႏိုေရာ္နယ္လ္ဒို Cristiano Ronaldo

ဂ်ဴဗင္တပ္စ္အသင္းကို ေျပာင္းေ႐ႊ႕ခဲ့တဲ့ နာမည္ေက်ာ္ တိုက္စစ္မႉး ခရစၥတီယာႏိုေရာ္နယ္လ္ဒို Cristiano Ronaldo က ရီးယဲလ္ဘယ္ေနာက္ခံလူ မာဆယ္လို Marcelo ကို အသင္းက ထြက္ခြာဖို႔ တိုက္တြန္းေျပာၾကားခဲ့ပါတယ္။ ရီးယဲလ္အသင္းမွာ အတြဲညီခဲ့တဲ့ အသင္းေဖာ္ေဟာင္း မာဆယ္လို Marcelo ကို အသင္းက ထြက္ခြာၿပီး ဂ်ဴဗင္တပ္စ္အသင္းမွာ လာေရာက္ကစားဖို႔ ခရစၥတီယာႏိုေရာ္နယ္လ္ဒို Cristiano Ronaldo က တိုက္တြန္းေျပာၾကားခဲ့တာျဖစ္ပါတယ္။ အီတလီေဘာလုံးေလာကကို ပုံရိပ္ျမႇင့္တင္ေပးမယ့္ ကစားသမားတစ္ဦးလို႔ စီးရီးေအၿပိဳင္ပြဲရဲ႕ တာဝန္ရွိသူေတြက သတ္မွတ္ထားတဲ့အေပၚ ၿပိဳင္ပြဲမွာ နာမည္ေက်ာ္ကစားသမားေတြ လာေရာက္ကစားဖို႔ ခရစၥတီယာႏိုေရာ္နယ္လ္ဒို Cristiano Ronaldo က ဖိတ္ေခၚခဲ့တာျဖစ္ပါတယ္။

Cristiano-Ronaldo-and-Marcelo

Cristiano-Ronaldo-and-Marcelo

ဂ်ဴဗင္တပ္စ္အသင္းရဲ႕ ဘယ္ေနာက္ခံလူ အဲလက္စ္ဆန္ဒရို Alex Sandro ဟာ PSG အသင္းကို ေျပာင္းေရႊ႕ဖို႔ရွိေနတာေၾကာင့္ အသင္းမွာ လာေရာက္ကစားဖို႔ မာဆယ္လို Marcelo ကို ဖိတ္ေခၚခဲ့တာျဖစ္ပါတယ္။ ဂ်ဴဗင္တပ္စ္အသင္းရဲ႕ ဘယ္ေနာက္ခံလူေနရာက မာဆယ္လို Marcelo နဲ႔ အသင့္ေတာ္ဆံုးျဖစ္တယ္လို႔ ခရစၥတီယာႏိုေရာ္နယ္လ္ဒို Cristiano Ronaldo က ေျပာၾကားခဲ့ပါတယ္။ ထြက္ေပၚေနတဲ့သတင္းေတြအရ နည္းျပ ဇီဒန္း Zidane နဲ႔ နာမည္ေက်ာ္တိုက္စစ္မွဴး ခရစၥတီယာႏိုေရာ္နယ္လ္ဒို Cristiano Ronaldo တို႔ ထြက္ခြာသြားၿပီးေနာက္ပိုင္း မာဆယ္လို Marcelo ကိုယ္တိုင္ကလည္း ရီးယဲလ္အသင္းက ထြက္ခြာဖို႔ ဆႏၵရွိေနခဲ့ပါတယ္။ ရီးယဲလ္အသင္းကလည္း မာဆယ္လို Marcelo ရဲ႕ အနာဂတ္မတည္မၿငိမ္ျဖစ္ေနလို႔ သူထြက္ခြာခဲ့ရင္ အသင့္အစားထိုးႏိုင္မယ့္ ကစားသမားတစ္ဦးကို အေျပာင္းအေရႊ႕ေစ်းကြက္မပိတ္ခင္ ေခၚယူသြားဖို႔ စီစဥ္မႈေတြ ျပဳလုပ္ေနခဲ့ပါတယ္။

REF:The Sun
Photo:The National, Sportskeeda
Aung Kyaw Wai (Akhayar)
www.akhayar.com

[Unicode]

မာဆယ်လို Marcelo ကို အသင်းက ထွက်ခွာဖို့ တိုက်တွန်းခဲ့တဲ့ ခရစ္စတီယာနိုရော်နယ်လ်ဒို Cristiano Ronaldo

ဂျူဗင်တပ်စ်အသင်းကို ပြောင်းရွှေ့ခဲ့တဲ့ နာမည်ကျော် တိုက်စစ်မှူး ခရစ္စတီယာနိုရော်နယ်လ်ဒို Cristiano Ronaldo က ရီးယဲလ်ဘယ်နောက်ခံလူ မာဆယ်လို Marcelo ကို အသင်းက ထွက်ခွာဖို့ တိုက်တွန်းပြောကြားခဲ့ပါတယ်။ ရီးယဲလ်အသင်းမှာ အတွဲညီခဲ့တဲ့ အသင်းဖော်ဟောင်း မာဆယ်လို Marcelo ကို အသင်းက ထွက်ခွာပြီး ဂျူဗင်တပ်စ်အသင်းမှာ လာရောက်ကစားဖို့ ခရစ္စတီယာနိုရော်နယ်လ်ဒို Cristiano Ronaldo က တိုက်တွန်းပြောကြားခဲ့တာဖြစ်ပါတယ်။ အီတလီဘောလုံးလောကကို ပုံရိပ်မြှင့်တင်ပေးမယ့် ကစားသမားတစ်ဦးလို့ စီးရီးအေပြိုင်ပွဲရဲ့ တာဝန်ရှိသူတွေက သတ်မှတ်ထားတဲ့အပေါ် ပြိုင်ပွဲမှာ နာမည်ကျော်ကစားသမားတွေ လာရောက်ကစားဖို့ ခရစ္စတီယာနိုရော်နယ်လ်ဒို Cristiano Ronaldo က ဖိတ်ခေါ်ခဲ့တာဖြစ်ပါတယ်။

Cristiano-Ronaldo-and-Marcelo

Cristiano-Ronaldo-and-Marcelo

ဂျူဗင်တပ်စ်အသင်းရဲ့ ဘယ်နောက်ခံလူ အဲလက်စ်ဆန်ဒရို Alex Sandro ဟာ PSG အသင်းကို ပြောင်းရွှေ့ဖို့ရှိနေတာကြောင့် အသင်းမှာ လာရောက်ကစားဖို့ မာဆယ်လို Marcelo ကို ဖိတ်ခေါ်ခဲ့တာဖြစ်ပါတယ်။ ဂျူဗင်တပ်စ်အသင်းရဲ့ ဘယ်နောက်ခံလူနေရာက မာဆယ်လို Marcelo နဲ့ အသင့်တော်ဆုံးဖြစ်တယ်လို့ ခရစ္စတီယာနိုရော်နယ်လ်ဒို Cristiano Ronaldo က ပြောကြားခဲ့ပါတယ်။ ထွက်ပေါ်နေတဲ့သတင်းတွေအရ နည်းပြ ဇီဒန်း Zidane နဲ့ နာမည်ကျော်တိုက်စစ်မှူး ခရစ္စတီယာနိုရော်နယ်လ်ဒို Cristiano Ronaldo တို့ ထွက်ခွာသွားပြီးနောက်ပိုင်း မာဆယ်လို Marcelo ကိုယ်တိုင်ကလည်း ရီးယဲလ်အသင်းက ထွက်ခွာဖို့ ဆန္ဒရှိနေခဲ့ပါတယ်။ ရီးယဲလ်အသင်းကလည်း မာဆယ်လို Marcelo ရဲ့ အနာဂတ်မတည်မငြိမ်ဖြစ်နေလို့ သူထွက်ခွာခဲ့ရင် အသင့်အစားထိုးနိုင်မယ့် ကစားသမားတစ်ဦးကို အပြောင်းအရွှေ့ဈေးကွက်မပိတ်ခင် ခေါ်ယူသွားဖို့ စီစဉ်မှုတွေ ပြုလုပ်နေခဲ့ပါတယ်။

REF:The Sun
Photo:The National, Sportskeeda
Aung Kyaw Wai (Akhayar)
www.akhayar.com