[Zawgyi]

Instagram မွာ ရီးယဲလ္ကုိ စီေရာ္နယ္လ္ဒုိ Cristiano Ronaldo က Unfollow လုပ္လုိက္ၿပီ

ဒီေႏြရာသီမွာ ဂ်ဴဗင္တပ္စ္အသင္းဆီ ေျပာင္းေရႊ႕ခဲ့တဲ့ စီေရာ္နယ္လ္ဒုိ Cristiano Ronaldo ဟာ အသင္းေဟာင္း ရီးယဲလ္ Real Madrid အသင္းကုိ Instagram မွာ Unfollow လုပ္လုိက္ၿပီျဖစ္ပါတယ္။ စီေရာ္နယ္လ္ဒုိဟာ ရီးယဲလ္အသင္းမွာ (၉)ႏွစ္ၾကာ ကစားခဲ့သလုိ ေအာင္ျမင္မႈေတြ အမ်ားႀကီးရယူခဲ့သူျဖစ္ေပမယ့္ အသင္းဥကၠဌ ဖေလာ္ရင္တီႏုိပီရက္ဇ္ Florentino Perez နဲ႔ စာခ်ဳပ္သစ္ကိစၥအတြက္ အဆင္မေျပျဖစ္ခဲ့လုိ႔ ရီးယဲလ္အသင္းက ထြက္ခြာခဲ့တာျဖစ္တယ္ဆုိၿပီး သတင္းေတြထြက္ခဲ့တယ္။ ဒါေပမဲ့ စီေရာ္နယ္လ္ဒုိက စိန္ေခၚမႈအသစ္ေတြ လုိခ်င္လုိ႔ ဂ်ဴဗင္တပ္စ္အသင္းဆီ ေျပာင္းေရႊ႕ခဲ့တာျဖစ္တယ္လုိ႔ ေျပာၾကားခဲ့ပါတယ္။

Cristiano-Ronaldo-

Cristiano-Ronaldo-

အခုေတာ့ စီေရာ္နယ္လ္ဒုိဟာ သူ႔အသင္းေဟာင္းကုိ Instagram မွာ Unfollow လုပ္လုိက္ၿပီျဖစ္သလုိ သူ႔ရဲ႕ခ်စ္သူ Georgina Rodriguez ကလည္း စီေရာ္နယ္လ္ဒုိလုိပဲ Unfollow လုပ္ခဲ့တယ္။ ဒီလုပ္ရပ္ေၾကာင့္ ရီးယဲလ္အသင္းဥကၠဌပီရက္ဇ္နဲ႔ စီေရာ္နယ္လ္ဒုိတို႔ၾကားထဲမွာ မေျပလည္မႈေတြရွိခဲ့တယ္ဆုိတာက အမွန္ေတြလုိ႔ ယူဆရေတာ့မွာပါ။ ေနာက္တစ္ခုကလည္း စီေရာ္နယ္လ္ဒုိဟာ သူ႔အသင္းေဖာ္ေဟာင္းေတြကုိ အခုအခ်ိန္အထိ Follow လုပ္ထားဆဲျဖစ္ၿပီး သူနဲ႔လက္တဲြခဲ့ဖူးတဲ့ အန္ဆယ္ေလာ့တီ Ancelotti ၊ ဇီဒန္ Zidane တို႔ကုိလည္း Follow လုပ္ထားတုန္းပါပဲ။

REF:The Sun
Photo:Getty Images,Juventus
Naing Linn(Akhayar)
www.akhayar.com

[Unicode]

Instagram မှာ ရီးယဲလ်ကို စီရော်နယ်လ်ဒို Cristiano Ronaldo က Unfollow လုပ်လိုက်ပြီ

ဒီနွေရာသီမှာ ဂျူဗင်တပ်စ်အသင်းဆီ ပြောင်းရွှေ့ခဲ့တဲ့ စီရော်နယ်လ်ဒို Cristiano Ronaldo ဟာ အသင်းဟောင်း ရီးယဲလ် Real Madrid အသင်းကို Instagram မှာ Unfollow လုပ်လိုက်ပြီဖြစ်ပါတယ်။ စီရော်နယ်လ်ဒိုဟာ ရီးယဲလ်အသင်းမှာ (၉)နှစ်ကြာ ကစားခဲ့သလို အောင်မြင်မှုတွေ အများကြီးရယူခဲ့သူဖြစ်ပေမယ့် အသင်းဥက္ကဌ ဖလော်ရင်တီနိုပီရက်ဇ် Florentino Perez နဲ့ စာချုပ်သစ်ကိစ္စအတွက် အဆင်မပြေဖြစ်ခဲ့လို့ ရီးယဲလ်အသင်းက ထွက်ခွာခဲ့တာဖြစ်တယ်ဆိုပြီး သတင်းတွေထွက်ခဲ့တယ်။ ဒါပေမဲ့ စီရော်နယ်လ်ဒိုက စိန်ခေါ်မှုအသစ်တွေ လိုချင်လို့ ဂျူဗင်တပ်စ်အသင်းဆီ ပြောင်းရွှေ့ခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

Cristiano-Ronaldo-

Cristiano-Ronaldo-

အခုတော့ စီရော်နယ်လ်ဒိုဟာ သူ့အသင်းဟောင်းကို Instagram မှာ Unfollow လုပ်လိုက်ပြီဖြစ်သလို သူ့ရဲ့ချစ်သူ Georgina Rodriguez ကလည်း စီရော်နယ်လ်ဒိုလိုပဲ Unfollow လုပ်ခဲ့တယ်။ ဒီလုပ်ရပ်ကြောင့် ရီးယဲလ်အသင်းဥက္ကဌပီရက်ဇ်နဲ့ စီရော်နယ်လ်ဒိုတို့ကြားထဲမှာ မပြေလည်မှုတွေရှိခဲ့တယ်ဆိုတာက အမှန်တွေလို့ ယူဆရတော့မှာပါ။ နောက်တစ်ခုကလည်း စီရော်နယ်လ်ဒိုဟာ သူ့အသင်းဖော်ဟောင်းတွေကို အခုအချိန်အထိ Follow လုပ်ထားဆဲဖြစ်ပြီး သူနဲ့လက်တွဲခဲ့ဖူးတဲ့ အန်ဆယ်လော့တီ Ancelotti ၊ ဇီဒန် Zidane တို့ကိုလည်း Follow လုပ်ထားတုန်းပါပဲ။

REF:The Sun
Photo:Getty Images,Juventus
Naing Linn(Akhayar)
www.akhayar.com