[Zawgyi]

နာမက်န္းကေလးငယ္ေတြကို ေတြ႔ဆံု အားေပးခဲ့တဲ့ စီေရာ္နယ္လ္ဒို

ကမၻာေက်ာ္ တိုက္စစ္မွဴး စီေရာ္နယ္လ္ဒို C.Ronaldo ဟာ ေပၚတူဂီအသင္းရဲ႕ ေလ့က်င့္ေရး အစီအစဥ္ေတြကေန ေခတၱထြက္ခြာၿပီး နာမက်န္း ကေလးငယ္ေတြကို ေတြ႔ဆံု အားေပးခဲ့ပါတယ္။ ကမၻာ႔ဖလားၿပိဳင္ပြဲကို ဝင္ေရာက္ယွဥ္ၿပိဳင္ဖို႔ ရုရွားႏိုင္ငံကို မထြက္ခြာခင္ နာမက်န္းျဖစ္ေနတဲ့ ကေလးငယ္ (၂)ဦးကို လစၥဘြန္းၿမိဳ႕မွာ ေတြ႔ဆံုခဲ့တာ ျဖစ္ပါတယ္။ ယူလို Joao နဲ႔ ဖရန္စၥကာ Francisca လို႔ အမည္ရတဲ့ နာမက်န္း ကေလးငယ္ (၂)ဦးဟာ The Make-A-Wish ေဖာင္ေဒးရွင္း အကူအညီနဲ႔ စီေရာ္နယ္လ္ဒို C.Ronaldo ကို ေတြ႔ဆံုခြင့္ ရရွိခဲ့တာ ျဖစ္ပါတယ္။ ဝွီးခ်ဲ အကူအညီနဲ႔ ေနထိုင္ေနရတဲ့ ကေလးငယ္ ယူလို Joao ဟာ ေပၚတူဂီအသင္းရဲ႕ လည္းစည္းပုဝါကို ဝတ္ဆင္ထားခဲ့ၿပီး စီေရာ္နယ္လ္ဒို C.Ronaldo က ကေလးငယ္ရဲ႕ ဦးေခါင္းကို အနမ္းေပးခဲ့ပါတယ္။ ဖရန္စၥကာ Francisca လို႔ အမည္ရတဲ့ ကေလးငယ္ကေတာ့ စီေရာ္နယ္လ္ဒို C.Ronaldo ရဲ႕ လက္ေမာင္းကို ဆုပ္ကိုင္ထားခဲ့ၿပီး ေပ်ာ္ရႊင္စြာ ေတြ႔ဆံုခြင့္ ရရွိခဲ့ပါတယ္။

CRISTIANO-RONALDO-took-a-break-from-Portugal-training-to-time-with-two-ill-children.

CRISTIANO-RONALDO-took-a-break-from-Portugal-training-to-time-with-two-ill-children.

စီေရာ္နယ္လ္ဒို C.Ronaldo နဲ႔အတူ ခ်စ္သူ ေဂ်ာ္ဂ်ီနာ Georgina လည္း နာမက်န္း ကေလးငယ္ေတြနဲ႔ ေပ်ာ္ရႊင္စြာ ေတြ႔ဆံုခဲ့ပါတယ္။ ကေလးငယ္ေတြနဲ႔ ေတြ႔ဆံုအၿပီးမွာေတာ့ ေပၚတူဂီ လက္ေရြးစင္အသင္းရဲ႕ ေလ့က်င့္ေရး အစီအစဥ္ေတြမွာ စီေရာ္နယ္လ္ဒို C.Ronaldo  ျပန္လည္ပါဝင္ခဲ့ပါတယ္။ ၿပီးခဲ့တဲ့ တနလၤာေန႔ကလည္း ေပၚတူဂီအသင္းရဲ႕ ေလ့က်င့္ေရး အစီအစဥ္ေတြကို လာေရာက္အားေပးတဲ့ ကေလးငယ္ေတြနဲ႔ ထပ္မံေတြ႔ဆံုခဲ့ၿပီး လက္မွတ္ေရးထိုးမႈေတြ ျပဳလုပ္ခဲ့ပါတယ္။

REF:The Sun
Photo:The Sun
Aung Kyaw Wai (Akhayar)
www.akhayar.com

[Unicode]

နာမကျန်းကလေးငယ်တွေကို တွေ့ဆုံ အားပေးခဲ့တဲ့ စီရော်နယ်လ်ဒို

ကမ္ဘာကျော် တိုက်စစ်မှူး စီရော်နယ်လ်ဒို C.Ronaldo ဟာ ပေါ်တူဂီအသင်းရဲ့ လေ့ကျင့်ရေး အစီအစဉ်တွေကနေ ခေတ္တထွက်ခွာပြီး နာမကျန်း ကလေးငယ်တွေကို တွေ့ဆုံ အားပေးခဲ့ပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရုရှားနိုင်ငံကို မထွက်ခွာခင် နာမကျန်းဖြစ်နေတဲ့ ကလေးငယ် (၂)ဦးကို လစ္စဘွန်းမြို့မှာ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။ ယူလို Joao နဲ့ ဖရန်စ္စကာ Francisca လို့ အမည်ရတဲ့ နာမကျန်း ကလေးငယ် (၂)ဦးဟာ The Make-A-Wish ဖောင်ဒေးရှင်း အကူအညီနဲ့ စီရော်နယ်လ်ဒို C.Ronaldo ကို တွေ့ဆုံခွင့် ရရှိခဲ့တာ ဖြစ်ပါတယ်။ ဝှီးချဲ အကူအညီနဲ့ နေထိုင်နေရတဲ့ ကလေးငယ် ယူလို Joao ဟာ ပေါ်တူဂီအသင်းရဲ့ လည်းစည်းပုဝါကို ဝတ်ဆင်ထားခဲ့ပြီး စီရော်နယ်လ်ဒို C.Ronaldo က ကလေးငယ်ရဲ့ ဦးခေါင်းကို အနမ်းပေးခဲ့ပါတယ်။ ဖရန်စ္စကာ Francisca လို့ အမည်ရတဲ့ ကလေးငယ်ကတော့ စီရော်နယ်လ်ဒို C.Ronaldo ရဲ့ လက်မောင်းကို ဆုပ်ကိုင်ထားခဲ့ပြီး ပျော်ရွှင်စွာ တွေ့ဆုံခွင့် ရရှိခဲ့ပါတယ်။

The-former-Manchester-United-star-regularly-takes-time-out-to-meet-his-fans

The-former-Manchester-United-star-regularly-takes-time-out-to-meet-his-fans

စီရော်နယ်လ်ဒို C.Ronaldo နဲ့အတူ ချစ်သူ ဂျော်ဂျီနာ Georgina လည်း နာမကျန်း ကလေးငယ်တွေနဲ့ ပျော်ရွှင်စွာ တွေ့ဆုံခဲ့ပါတယ်။ ကလေးငယ်တွေနဲ့ တွေ့ဆုံအပြီးမှာတော့ ပေါ်တူဂီ လက်ရွေးစင်အသင်းရဲ့ လေ့ကျင့်ရေး အစီအစဉ်တွေမှာ စီရော်နယ်လ်ဒို C.Ronaldo  ပြန်လည်ပါဝင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ တနင်္လာနေ့ကလည်း ပေါ်တူဂီအသင်းရဲ့ လေ့ကျင့်ရေး အစီအစဉ်တွေကို လာရောက်အားပေးတဲ့ ကလေးငယ်တွေနဲ့ ထပ်မံတွေ့ဆုံခဲ့ပြီး လက်မှတ်ရေးထိုးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

REF:The Sun
Photo:The Sun
Aung Kyaw Wai (Akhayar)
www.akhayar.com