[Zawgyi]

ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲ မတိုင္ခင္ထဲက အသင္းက ထြက္ခြာဖို႔ရွိေၾကာင္း အသင္းေဖာ္ေတြကို အသိေပးထားတဲ့ စီေရာ္နယ္လ္ဒို

ရီးယဲလ္တိုက္စစ္မွဴး စီေရာ္နယ္လ္ဒို C.Ronaldo ဟာ အသင္းကေန ထြက္ခြာဖို႔ရွိေနတဲ့အေၾကာင္းကို ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲ မတိုင္ခင္ထဲက အသင္းေဖာ္ေတြကို အသိေပးေျပာၾကားခဲ့ေၾကာင္း သတင္းေတြ ထြက္ေပၚလာခဲ့ပါတယ္။ စီေရာ္နယ္လ္ဒို C.Ronaldo အသင္းကို စြန္႔ခြာေတာ့မယ့္ သတင္းက ရီးယဲလ္အသင္း ဥကၠဌ ပီရက္ဇ္ Perez အပါအဝင္ ေျမာက္မ်ားစြာေသာ အသင္းပရိသတ္ေတြကို အံ့ၾသတုန္လႈပ္ေစခဲ့ေပမယ့္ အသင္းေဖာ္ ကစားသမားေတြကေတာ့ ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲ မတိုင္ခင္ထဲက ႀကိဳတင္သိရွိခဲ့ၿပီးျဖစ္တယ္လို႔ စပိန္မီဒီယာ အမ်ားစုက ေဖာ္ျပေနၾကပါတယ္။ ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲ မတိုင္ခင္ ကိဗ္ၿမိဳ႕မွာ ျပဳလုပ္ခဲ့တဲ့ အသင္းရဲ႕ ေလ့က်င့္ေရး အစီအစဥ္ေတြမွာကတည္းက  စီေရာ္နယ္လ္ဒို C.Ronaldo က အသင္းေဖာ္ေတြကို သူ႔ရဲ႕ အနာဂတ္နဲ႔ ပတ္သတ္ၿပီး ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။ စီေရာ္နယ္လ္ဒို C.Ronaldo အသိေပးေျပာၾကားခဲ့ခ်ိန္က အသင္းေဖာ္ကစားသမားေတြဟာ အံ့အားသင့္ခဲ့ျခင္းမရွိဘဲ အသင္းက ထြက္ခြာဖို႔ဆႏၵရွိေပမယ့္ အခုလို အေျပာင္းအေရႊ႕လႈပ္ခတ္လာဖို႔မရွိဘူးလို႔ ထင္ခဲ့ၾကတာ ျဖစ္ပါတယ္။

Cristiano-Ronaldo-hinted-at-exit-from-Real-Madrid-after-Champions-League-win

Cristiano-Ronaldo-hinted-at-exit-from-Real-Madrid-after-Champions-League-win

စီေရာ္နယ္လ္ဒို C.Ronaldo ရဲ႕ သတင္းက နည္းျပ ဇီဒန္း Zidane ရာထူးကေန ရုတ္တရက္ ႏုတ္ထြက္ခဲ့တဲ့ အေၾကာင္းအရင္းျဖစ္ဖို႔ ရွိေနၿပီး အသင္းမွာ ဆက္ရွိေနရင္ေတာင္ ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲကို သူ႔ရဲ႕ ရီးယဲလ္ ကစားသမားဘဝ ေနာက္ဆံုးပြဲလို ကစားေပးခဲ့တာ ျဖစ္ႏိုင္ေၾကာင္း အသင္းေဖာ္တခ်ိဳ႕ထံကေန သတင္းေတြ ထြက္ေပၚေနပါတယ္။ ၿပီးခဲ့တဲ့ ေဘာလံုးရာသီအစက ဘာစီလိုနာအသင္းနဲ႔ မက္ဆီတို႔ ေပါင္ (၃၅)သန္းတန္ သက္တမ္းတိုး စာခ်ဳပ္ခ်ဳပ္ဆုိႏိုင္ခဲ့ၿပီး စီေရာ္နယ္လ္ဒို C.Ronaldo ကို ေက်ာ္ျဖတ္ကာ ကမၻာ႔လစာအမ်ားဆံုး ကစားသမားျဖစ္လာခဲ့တဲ့ေနာက္ ရီးယဲလ္အသင္းက မက္ဆီ Messi ထက္ ပိုမိုတဲ့ လစာပမာဏနဲ႔ စာခ်ဳပ္သစ္ကမ္းလွမ္းလာေအာင္ အသင္းက ထြက္ခြာဖို႔ ေျပာၾကားခဲ့တာျဖစ္ႏိုင္ေၾကာင္း  ေဝဖန္မႈေတြလည္း ရွိေနပါတယ္။ စာခ်ဳပ္ေလ်ာ္ေၾကး ေပါင္သန္း (၈၇၀)အထိ ရွိေနတဲ့ စီေရာ္နယ္လ္ဒို C.Ronaldo ကို ေခၚယူဖို႔ အသင္းတိုင္းက လက္တြန္႔ေနၾကတာေၾကာင့္ အသင္းဥကၠဌ ပီရက္ဇ္ Perez က လက္ရွိတစ္ႏွစ္လုပ္ခ ေပါင္ (၁၈)သန္းထက္ တိုးျမွင့္ကာ စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔ ကမ္းလွမ္းမႈ ျပဳလုပ္လာဖို႔ မရွိပါဘူး။ မက္ဆီ Messi ရဲ႕ ေက်ာ္တက္ျခင္းကို ခံခဲ့ရတာေၾကာင့္ စီေရာ္နယ္လ္ဒို C.Ronaldo ဟာ လက္ရွိလုပ္ခ လစာထက္ ပိုမိုတဲ့ ကမ္းလွမ္းမႈမ်ိဳးေပးတဲ့ အသင္းကို ေျပာင္းေရႊ႕ဖို႔ ဆႏၵရွိေနတာေၾကာင့္ ရီးယဲလ္ကို စြန္႔ခြာဖို႔ စီစဥ္ေနတာျဖစ္ေၾကာင္း သိရပါတယ္။

REF:Marca, Daily Mail
Photo:101 Great Goals, Theworldnews.net
Aung Kyaw Wai (Akhayar)
www.akhayar.com

[Unicode]

ချန်ပီယံလိဂ် ဗိုလ်လုပွဲ မတိုင်ခင်ထဲက အသင်းက ထွက်ခွာဖို့ရှိကြောင်း အသင်းဖော်တွေကို အသိပေးထားတဲ့ စီရော်နယ်လ်ဒို

ရီးယဲလ်တိုက်စစ်မှူး စီရော်နယ်လ်ဒို C.Ronaldo ဟာ အသင်းကနေ ထွက်ခွာဖို့ရှိနေတဲ့အကြောင်းကို ချန်ပီယံလိဂ် ဗိုလ်လုပွဲ မတိုင်ခင်ထဲက အသင်းဖော်တွေကို အသိပေးပြောကြားခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ စီရော်နယ်လ်ဒို C.Ronaldo အသင်းကို စွန့်ခွာတော့မယ့် သတင်းက ရီးယဲလ်အသင်း ဥက္ကဌ ပီရက်ဇ် Perez အပါအဝင် မြောက်များစွာသော အသင်းပရိသတ်တွေကို အံ့သြတုန်လှုပ်စေခဲ့ပေမယ့် အသင်းဖော် ကစားသမားတွေကတော့ ချန်ပီယံလိဂ် ဗိုလ်လုပွဲ မတိုင်ခင်ထဲက ကြိုတင်သိရှိခဲ့ပြီးဖြစ်တယ်လို့ စပိန်မီဒီယာ အများစုက ဖော်ပြနေကြပါတယ်။ ချန်ပီယံလိဂ် ဗိုလ်လုပွဲ မတိုင်ခင် ကိဗ်မြို့မှာ ပြုလုပ်ခဲ့တဲ့ အသင်းရဲ့ လေ့ကျင့်ရေး အစီအစဉ်တွေမှာကတည်းက  စီရော်နယ်လ်ဒို C.Ronaldo က အသင်းဖော်တွေကို သူ့ရဲ့ အနာဂတ်နဲ့ ပတ်သတ်ပြီး ပြောကြားခဲ့တာ ဖြစ်ပါတယ်။ စီရော်နယ်လ်ဒို C.Ronaldo အသိပေးပြောကြားခဲ့ချိန်က အသင်းဖော်ကစားသမားတွေဟာ အံ့အားသင့်ခဲ့ခြင်းမရှိဘဲ အသင်းက ထွက်ခွာဖို့ဆန္ဒရှိပေမယ့် အခုလို အပြောင်းအရွှေ့လှုပ်ခတ်လာဖို့မရှိဘူးလို့ ထင်ခဲ့ကြတာ ဖြစ်ပါတယ်။

Cristiano-Ronaldo-hinted-at-exit-from-Real-Madrid-after-Champions-League-win

Cristiano-Ronaldo-hinted-at-exit-from-Real-Madrid-after-Champions-League-win

စီရော်နယ်လ်ဒို C.Ronaldo ရဲ့ သတင်းက နည်းပြ ဇီဒန်း Zidane ရာထူးကနေ ရုတ်တရက် နုတ်ထွက်ခဲ့တဲ့ အကြောင်းအရင်းဖြစ်ဖို့ ရှိနေပြီး အသင်းမှာ ဆက်ရှိနေရင်တောင် ချန်ပီယံလိဂ် ဗိုလ်လုပွဲကို သူ့ရဲ့ ရီးယဲလ် ကစားသမားဘဝ နောက်ဆုံးပွဲလို ကစားပေးခဲ့တာ ဖြစ်နိုင်ကြောင်း အသင်းဖော်တချို့ထံကနေ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီအစက ဘာစီလိုနာအသင်းနဲ့ မက်ဆီတို့ ပေါင် (၃၅)သန်းတန် သက်တမ်းတိုး စာချုပ်ချုပ်ဆိုနိုင်ခဲ့ပြီး စီရော်နယ်လ်ဒို C.Ronaldo ကို ကျော်ဖြတ်ကာ ကမ္ဘာ့လစာအများဆုံး ကစားသမားဖြစ်လာခဲ့တဲ့နောက် ရီးယဲလ်အသင်းက မက်ဆီ Messi ထက် ပိုမိုတဲ့ လစာပမာဏနဲ့ စာချုပ်သစ်ကမ်းလှမ်းလာအောင် အသင်းက ထွက်ခွာဖို့ ပြောကြားခဲ့တာဖြစ်နိုင်ကြောင်း  ဝေဖန်မှုတွေလည်း ရှိနေပါတယ်။ စာချုပ်လျော်ကြေး ပေါင်သန်း (၈၇၀)အထိ ရှိနေတဲ့ စီရော်နယ်လ်ဒို C.Ronaldo ကို ခေါ်ယူဖို့ အသင်းတိုင်းက လက်တွန့်နေကြတာကြောင့် အသင်းဥက္ကဌ ပီရက်ဇ် Perez က လက်ရှိတစ်နှစ်လုပ်ခ ပေါင် (၁၈)သန်းထက် တိုးမြှင့်ကာ စာချုပ်သစ်ချုပ်ဆိုဖို့ ကမ်းလှမ်းမှု ပြုလုပ်လာဖို့ မရှိပါဘူး။ မက်ဆီ Messi ရဲ့ ကျော်တက်ခြင်းကို ခံခဲ့ရတာကြောင့် စီရော်နယ်လ်ဒို C.Ronaldo ဟာ လက်ရှိလုပ်ခ လစာထက် ပိုမိုတဲ့ ကမ်းလှမ်းမှုမျိုးပေးတဲ့ အသင်းကို ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေတာကြောင့် ရီးယဲလ်ကို စွန့်ခွာဖို့ စီစဉ်နေတာဖြစ်ကြောင်း သိရပါတယ်။

REF:Marca, Daily Mail
Photo:101 Great Goals, Theworldnews.net
Aung Kyaw Wai (Akhayar)
www.akhayar.com