This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

ေပၚတူဂီအသင္းအတြက္ စီေရာ္နယ္လ္ဒုိ C.Ronaldo ရယူေပးခဲ့တဲ့ အႏုိင္(၃)မွတ္

အုပ္စု(B)ဒုတိယပဲြစဥ္ျဖစ္တဲ့ ေပၚတူဂီနဲ႔ေမာ္႐ုိကုိပဲြမွာေတာ့ ေပၚတူဂီအသင္းက စီေရာ္နယ္လ္ဒုိ C.Ronaldo ရဲ႕အႏုိင္ဂုိးေၾကာင့္ (၃)မွတ္ရယူႏုိင္ခဲ့ပါတယ္။ ေျခစြမ္းျခင္းယွဥ္ရင္ ေပၚတူဂီအသင္းထက္ ေမာ္႐ုိကုိအသင္းက ပုိသာခဲ့ေပမယ့္လည္း ကစားသမား အရည္အေသြးပုိင္း ကြာဟခ်က္ေၾကာင့္ သေရတစ္မွတ္ေတာင္ မရခဲ့ဘဲ ႐ႈံးပဲြနဲ႔ရင္ဆုိင္ခဲ့ရတာပါ။ ေပၚတူဂီအသင္း ဂုိးေစာေစာရခဲ့တာကလည္း ဒီပဲြရဲ႕အေျဖျဖစ္ခဲ့တယ္။ ပဲြအစ(၄)မိနစ္မွာပဲ ေမာ္တင္ဟုိ Moutinho ရဲ႕ ေပးပုိ႔မႈကေန စီေရာ္နယ္လ္ဒုိက အနာခံၿပီး ေခါင္းတိုက္သြင္းခဲ့တာပါ။ေမာ္႐ုိကုိအသင္းအေနနဲ႔ ဂုိးသြင္းခြင့္ေတြ ရခဲ့ေပမယ့္ ဂုိးအျဖစ္မေျပာင္းလဲႏုိင္ခဲ့တာေၾကာင့္ သေရတစ္မွတ္ေတာင္ မရခဲ့တာျဖစ္ပါတယ္။ ဒီပဲြမွာ ဂုိးသြငး္ခဲ့တဲ့ စီေရာ္နယ္လ္ဒုိဟာ သြင္းဂုိး(၄)ဂုိးနဲ႔ ဂုိးသြင္းအမ်ားဆုံးကစားသမားစာရင္းမွာ ထိပ္ဆုံးက ဦးေဆာင္ႏုိင္ခဲ့ပါၿပီ။

Photo:FIFA World Cup
Naing Linn(Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

ပေါ်တူဂီအသင်းအတွက် စီရော်နယ်လ်ဒို C.Ronaldo ရယူပေးခဲ့တဲ့ အနိုင်(၃)မှတ်

အုပ်စု(B)ဒုတိယပွဲစဉ်ဖြစ်တဲ့ ပေါ်တူဂီနဲ့မော်ရိုကိုပွဲမှာတော့ ပေါ်တူဂီအသင်းက စီရော်နယ်လ်ဒို C.Ronaldo ရဲ့အနိုင်ဂိုးကြောင့် (၃)မှတ်ရယူနိုင်ခဲ့ပါတယ်။ ခြေစွမ်းခြင်းယှဉ်ရင် ပေါ်တူဂီအသင်းထက် မော်ရိုကိုအသင်းက ပိုသာခဲ့ပေမယ့်လည်း ကစားသမား အရည်အသွေးပိုင်း ကွာဟချက်ကြောင့် သရေတစ်မှတ်တောင် မရခဲ့ဘဲ ရှုံးပွဲနဲ့ရင်ဆိုင်ခဲ့ရတာပါ။ ပေါ်တူဂီအသင်း ဂိုးစောစောရခဲ့တာကလည်း ဒီပွဲရဲ့အဖြေဖြစ်ခဲ့တယ်။ ပွဲအစ(၄)မိနစ်မှာပဲ မော်တင်ဟို Moutinho ရဲ့ ပေးပို့မှုကနေ စီရော်နယ်လ်ဒိုက အနာခံပြီး ခေါင်းတိုက်သွင်းခဲ့တာပါ။မော်ရိုကိုအသင်းအနေနဲ့ ဂိုးသွင်းခွင့်တွေ ရခဲ့ပေမယ့် ဂိုးအဖြစ်မပြောင်းလဲနိုင်ခဲ့တာကြောင့် သရေတစ်မှတ်တောင် မရခဲ့တာဖြစ်ပါတယ်။ ဒီပွဲမှာ ဂိုးသွင်းခဲ့တဲ့ စီရော်နယ်လ်ဒိုဟာ သွင်းဂိုး(၄)ဂိုးနဲ့ ဂိုးသွင်းအများဆုံးကစားသမားစာရင်းမှာ ထိပ်ဆုံးက ဦးဆောင်နိုင်ခဲ့ပါပြီ။

Photo:FIFA World Cup
Naing Linn(Akhayar)
www.akhayar.com