This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

အံ့ၾသမွင္သက္စရာ သြင္းဂုိးေတြနဲ႔ သေရက်ခဲ့တဲ့ စပိန္-ေပၚတူဂီ

ဥေရာပထိပ္သီးႏွစ္သင္းျဖစ္တဲ့ စပိန္နဲ႔ေပၚတူဂီတို႔ရဲ႕ပဲြမွာေတာ့ Sensational Goals ေတြနဲ႔အတူ (၃)ဂုိးစီ သေရက်ခဲ့တယ္။ ေပၚတူဂီအသင္းအတြက္ သူရဲေကာင္းျဖစ္ခဲ့တာကေတာ့ ထုံးစံအတိုင္း စီေရာ္နယ္လ္ဒုိပါပဲ။ တကယ့္ကုိ လွပေသသပ္တဲ့ ဖရီးကစ္သြင္းဂုိးကေန အဖုိးတန္ ေခ်ပဂုိးသြင္းယူႏုိင္ခဲ့သလုိ ၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပဲြရဲ႕ ပထမဆုံးဟက္ထရစ္ပုိင္ရွင္ျဖစ္ခဲ့တယ္။ ဒီပဲြမွာ ေမးခြန္းထုတ္ရမွာ စပိန္ဂုိးသမား ဒီဂီယာရဲ႕အေနအထားပါ။ ဒီဂီယာရဲ႕ပုံစံက Confident Out ေနသလုိျဖစ္ေနၿပီး မန္ယူမွာ စကစားတုန္းက အေနအထားျဖစ္ေနတယ္။ အ၀င္အထြက္မွားခဲ့တာ၊ ဒုတိယဂုိးက မမွားသင့္တဲ့အမွားကေန ေပးခဲ့ရတာေတြက World Class အဆင့္ ဂုိးသမားတစ္ဦးအတြက္ မျဖစ္သင့္ပါဘူး။

De-Gea-Howler-Goal

De-Gea-Howler-Goal

ေနာက္ထပ္ေမးခြန္းထုတ္ရမွာ စပိန္အသင္းနည္းျပ ဟီယာရုိရဲ႕ လူစားလဲပုံပါပဲ။ ကုိယ့္အသင္းႏုိင္ေနတဲ့အခ်ိန္မွာ ဟီယာ႐ုိက မလုိလားအပ္တဲ့ လူစားလဲမႈေတြ ျပဳလုပ္ခဲ့တယ္လုိ႔ ျမင္မိတယ္။ အႏုိင္ဂုိးကုိ ထိန္းကစားခ်င္တယ္ဆုိရင္လည္း ေျခစြမ္းမျပႏုိင္တဲ့ ကြင္းလယ္လူ ကုိေကရဲ႕ေနရာမွာ ကြင္းလယ္အဖ်က္တစ္ဦး ဒါမွမဟုတ္ ေနာက္ခံလူတစ္ဦး ထည့္သြင္းတာမ်ိဳးျဖစ္သင့္ေပမယ့္ ဒီေယဂုိေကာ္စတာ၊ အင္နီေယစတာ၊ ေဒးဗစ္ေဆးလ္ဗားတို႔ (၃)ေယာက္စလုံးကုိ လူစားလဲခဲ့တာက မွားယြင္းခဲ့တယ္။ ဒီပဲြမွာ ဟီယာ႐ုိက (၄-၁-၄-၁)ပုံစံနဲ႔ ပဲြထြက္ခဲ့ၿပီး စပိန္အသင္းကြင္းလယ္က ေပၚတူဂီကုိ တစ္ပဲြလုံး လႊမ္းမုိးႏုိင္ခဲ့ပါတယ္။

Cristiano-Ronaldo

Cristiano-Ronaldo

ပဲြစစျခင္း (၄)မိနစ္ေလာက္မွာ စီေရာ္နယ္လ္ဒုိကုိ နာခ်ိဳ ျပစ္ဒဏ္က်ဴးလြန္ခဲ့လုိ႔ ပယ္နယ္တီရခဲ့ၿပီး စီေရာ္နယ္လ္ဒုိက သြင္းယူခဲ့တာပါ။ ဒီပယ္နယ္တီက စီေရာ္နယ္လ္ဒုိရဲ႕ ပါးနပ္မႈေၾကာင့္ရခဲ့တယ္လုိ႔ ဆုိရမယ္။ ဘာမွ မျပင္ဆင္ရေသးခ်ိန္မွာ အဖြင့္ဂုိးေပးခဲ့ရေပမယ့္ ေနာက္ပုိင္းမွာေတာ့ စပိန္အသင္း ပုံမွန္ေျခစြမ္းျပရခဲ့ၿပီး ေပၚတူဂီအသင္းကုိ ထုိးေဖာက္ႏုိင္ခဲ့တယ္။ (၂၄)မိနစ္မွာ ဒီေယဂုိေကာ္စတာ ေခ်ပဂုိးျပန္သြင္းခဲ့ေပမယ့္ ဒီဂီယာရဲ႕ စိတ္ပ်က္စရာအမွားကေန စီေရာ္နယ္လ္ဒုိက (၄၄)မိနစ္မွာ ဦးေဆာင္ဂုိး သြင္းယူခဲ့ပါတယ္။

Diego-Costa-Scores-for-Spain

Diego-Costa-Scores-for-Spain

(၅၅)မိနစ္မွာ ဒီေယဂုိေကာ္စတာကပဲ ဒုတိယေခ်ပဂုိးျပန္သြင္းခဲ့ၿပီး (၃)မိနစ္အၾကာမွပဲ ေနာက္ခံလူ နာခ်ိဳက လွပတဲ့ Curling Shot ကန္ခ်က္နဲ႔ ဦးေဆာင္ဂုိးသြင္းခဲ့တယ္။ ေပၚတူဂီအသင္းဟာ စီေရာ္နယ္လ္ဒုိတစ္ဦးတည္းနဲ႔ဖဲြ႕စည္းထားတယ္လုိ႔ ေ၀ဖန္ခံေနရသလုိပဲ က်န္တဲ့ကစားသမားေတြရဲ႕ ေျခစြမ္းက ဘယ္လုိမွ အားရစရာမရွိခဲ့ဘူး။ ဒါေၾကာင့္ပဲ စီေရာ္နယ္လ္ဒုိက ေပၚတူဂီအသင္းကုိ ကယ္တင္ခဲ့ရျပန္တယ္။

Cristiano-Amazing-Freekick-Goal

Cristiano-Amazing-Freekick-Goal

(၈၈)မိနစ္မွာ ရခဲ့တဲ့ ဖရီးကစ္ကုိ စီေရာ္နယ္လ္ဒုိက ဒီဂီယာ လႈပ္လုိ႔မရတဲ့အထိ တိက်ေသခ်ာတဲ့ကန္ခ်က္နဲ႔ ကန္သြင္းခဲ့တယ္။ ဒီအုပ္စုမွာ ေနာက္တစ္ဆင့္တက္ဖုိ႔ အေျခအေနေကာင္းေနတဲ့ စပိန္နဲ႔ေပၚတူဂီတို႔ တစ္မွတ္စီခဲြယူခဲ့တာက မွ်တတဲ့ရလဒ္လုိ႔ ဆုိရမွာပါ။

စပိန္-ေပၚတူဂီပဲြနဲ႔ပတ္သက္တဲ့ထူးျခားခ်က္မ်ား
– စီေရာ္နယ္လ္ဒုိဟာ ကလပ္နဲ႔ႏုိင္ငံႏွစ္သင္းေပါင္း ဟက္ထရစ္(၅၁)ႀကိမ္ေျမာက္ သြင္းယူခဲ့တာျဖစ္ၿပီး သူ႔ရဲ႕ဟက္ထရစ္က ကမၻာ႔ဖလားၿပိဳင္ပဲြသမုိင္းတစ္ေလွ်ာက္မွာ (၅၁)ႀကိမ္ေျမာက္ ဟက္ထရစ္ျဖစ္ခဲ့တယ္။
– အသက္(၃၃)ႏွစ္၊ (၁၃၀)ရက္ရွိၿပီျဖစ္တဲ့ စီေရာ္နယ္လ္ဒုိဟာ ကမၻာ႔ဖလားၿပိဳင္ပဲြသမုိင္းတစ္ေလွ်ာက္ အသက္အႀကီးဆုံးဟက္ထရစ္သြင္းယူသူအျဖစ္ မွတ္တမ္း၀င္ခဲ့ပါတယ္။
– ၁၉၉၈ ကမၻာ႔ဖလားမွာ ႏုိင္ဂ်ီးရီးယားကုိ ဂုိးဧရိယာျပင္ပကေန ဂုိးသြင္းခဲ့တဲ့ စပိန္ေနာက္ခံလူ ဟီယာ႐ုိေနာက္ပုိင္း နာခ်ိဳဟာ စပိန္အသင္းအတြက္ ဂုိးဧရိယာျပင္က ဂုိးသြင္းႏုိင္တဲ့ ပထမဆုံး ရီးယဲလ္ကစားသမားျဖစ္ခဲ့တယ္။

Photo:Twitter ,Getty Images
Naing Linn(Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

အံ့သြမှင်သက်စရာ သွင်းဂိုးတွေနဲ့ သရေကျခဲ့တဲ့ စပိန်-ပေါ်တူဂီ

ဥရောပထိပ်သီးနှစ်သင်းဖြစ်တဲ့ စပိန်နဲ့ပေါ်တူဂီတို့ရဲ့ပွဲမှာတော့ Sensational Goals တွေနဲ့အတူ (၃)ဂိုးစီ သရေကျခဲ့တယ်။ ပေါ်တူဂီအသင်းအတွက် သူရဲကောင်းဖြစ်ခဲ့တာကတော့ ထုံးစံအတိုင်း စီရော်နယ်လ်ဒိုပါပဲ။ တကယ့်ကို လှပသေသပ်တဲ့ ဖရီးကစ်သွင်းဂိုးကနေ အဖိုးတန် ချေပဂိုးသွင်းယူနိုင်ခဲ့သလို ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ပထမဆုံးဟက်ထရစ်ပိုင်ရှင်ဖြစ်ခဲ့တယ်။ ဒီပွဲမှာ မေးခွန်းထုတ်ရမှာ စပိန်ဂိုးသမား ဒီဂီယာရဲ့အနေအထားပါ။ ဒီဂီယာရဲ့ပုံစံက Confident Out နေသလိုဖြစ်နေပြီး မန်ယူမှာ စကစားတုန်းက အနေအထားဖြစ်နေတယ်။ အဝင်အထွက်မှားခဲ့တာ၊ ဒုတိယဂိုးက မမှားသင့်တဲ့အမှားကနေ ပေးခဲ့ရတာတွေက World Class အဆင့် ဂိုးသမားတစ်ဦးအတွက် မဖြစ်သင့်ပါဘူး။

De-Gea-Howler-Goal

De-Gea-Howler-Goal

နောက်ထပ်မေးခွန်းထုတ်ရမှာ စပိန်အသင်းနည်းပြ ဟီယာရိုရဲ့ လူစားလဲပုံပါပဲ။ ကိုယ့်အသင်းနိုင်နေတဲ့အချိန်မှာ ဟီယာရိုက မလိုလားအပ်တဲ့ လူစားလဲမှုတွေ ပြုလုပ်ခဲ့တယ်လို့ မြင်မိတယ်။ အနိုင်ဂိုးကို ထိန်းကစားချင်တယ်ဆိုရင်လည်း ခြေစွမ်းမပြနိုင်တဲ့ ကွင်းလယ်လူ ကိုကေရဲ့နေရာမှာ ကွင်းလယ်အဖျက်တစ်ဦး ဒါမှမဟုတ် နောက်ခံလူတစ်ဦး ထည့်သွင်းတာမျိုးဖြစ်သင့်ပေမယ့် ဒီယေဂိုကော်စတာ၊ အင်နီယေစတာ၊ ဒေးဗစ်ဆေးလ်ဗားတို့ (၃)ယောက်စလုံးကို လူစားလဲခဲ့တာက မှားယွင်းခဲ့တယ်။ ဒီပွဲမှာ ဟီယာရိုက (၄-၁-၄-၁)ပုံစံနဲ့ ပွဲထွက်ခဲ့ပြီး စပိန်အသင်းကွင်းလယ်က ပေါ်တူဂီကို တစ်ပွဲလုံး လွှမ်းမိုးနိုင်ခဲ့ပါတယ်။

Cristiano-Ronaldo

Cristiano-Ronaldo

ပွဲစစခြင်း (၄)မိနစ်လောက်မှာ စီရော်နယ်လ်ဒိုကို နာချို ပြစ်ဒဏ်ကျူးလွန်ခဲ့လို့ ပယ်နယ်တီရခဲ့ပြီး စီရော်နယ်လ်ဒိုက သွင်းယူခဲ့တာပါ။ ဒီပယ်နယ်တီက စီရော်နယ်လ်ဒိုရဲ့ ပါးနပ်မှုကြောင့်ရခဲ့တယ်လို့ ဆိုရမယ်။ ဘာမှ မပြင်ဆင်ရသေးချိန်မှာ အဖွင့်ဂိုးပေးခဲ့ရပေမယ့် နောက်ပိုင်းမှာတော့ စပိန်အသင်း ပုံမှန်ခြေစွမ်းပြရခဲ့ပြီး ပေါ်တူဂီအသင်းကို ထိုးဖောက်နိုင်ခဲ့တယ်။ (၂၄)မိနစ်မှာ ဒီယေဂိုကော်စတာ ချေပဂိုးပြန်သွင်းခဲ့ပေမယ့် ဒီဂီယာရဲ့ စိတ်ပျက်စရာအမှားကနေ စီရော်နယ်လ်ဒိုက (၄၄)မိနစ်မှာ ဦးဆောင်ဂိုး သွင်းယူခဲ့ပါတယ်။

Diego-Costa-Scores-for-Spain

Diego-Costa-Scores-for-Spain

(၅၅)မိနစ်မှာ ဒီယေဂိုကော်စတာကပဲ ဒုတိယချေပဂိုးပြန်သွင်းခဲ့ပြီး (၃)မိနစ်အကြာမှပဲ နောက်ခံလူ နာချိုက လှပတဲ့ Curling Shot ကန်ချက်နဲ့ ဦးဆောင်ဂိုးသွင်းခဲ့တယ်။ ပေါ်တူဂီအသင်းဟာ စီရော်နယ်လ်ဒိုတစ်ဦးတည်းနဲ့ဖွဲ့စည်းထားတယ်လို့ ဝေဖန်ခံနေရသလိုပဲ ကျန်တဲ့ကစားသမားတွေရဲ့ ခြေစွမ်းက ဘယ်လိုမှ အားရစရာမရှိခဲ့ဘူး။ ဒါကြောင့်ပဲ စီရော်နယ်လ်ဒိုက ပေါ်တူဂီအသင်းကို ကယ်တင်ခဲ့ရပြန်တယ်။

Cristiano-Amazing-Freekick-Goal

Cristiano-Amazing-Freekick-Goal

(၈၈)မိနစ်မှာ ရခဲ့တဲ့ ဖရီးကစ်ကို စီရော်နယ်လ်ဒိုက ဒီဂီယာ လှုပ်လို့မရတဲ့အထိ တိကျသေချာတဲ့ကန်ချက်နဲ့ ကန်သွင်းခဲ့တယ်။ ဒီအုပ်စုမှာ နောက်တစ်ဆင့်တက်ဖို့ အခြေအနေကောင်းနေတဲ့ စပိန်နဲ့ပေါ်တူဂီတို့ တစ်မှတ်စီခွဲယူခဲ့တာက မျှတတဲ့ရလဒ်လို့ ဆိုရမှာပါ။

စပိန်-ပေါ်တူဂီပွဲနဲ့ပတ်သက်တဲ့ထူးခြားချက်များ
– စီရော်နယ်လ်ဒိုဟာ ကလပ်နဲ့နိုင်ငံနှစ်သင်းပေါင်း ဟက်ထရစ်(၅၁)ကြိမ်မြောက် သွင်းယူခဲ့တာဖြစ်ပြီး သူ့ရဲ့ဟက်ထရစ်က ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတစ်လျှောက်မှာ (၅၁)ကြိမ်မြောက် ဟက်ထရစ်ဖြစ်ခဲ့တယ်။
– အသက်(၃၃)နှစ်၊ (၁၃၀)ရက်ရှိပြီဖြစ်တဲ့ စီရော်နယ်လ်ဒိုဟာ ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတစ်လျှောက် အသက်အကြီးဆုံးဟက်ထရစ်သွင်းယူသူအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
– ၁၉၉၈ ကမ္ဘာ့ဖလားမှာ နိုင်ဂျီးရီးယားကို ဂိုးဧရိယာပြင်ပကနေ ဂိုးသွင်းခဲ့တဲ့ စပိန်နောက်ခံလူ ဟီယာရိုနောက်ပိုင်း နာချိုဟာ စပိန်အသင်းအတွက် ဂိုးဧရိယာပြင်က ဂိုးသွင်းနိုင်တဲ့ ပထမဆုံး ရီးယဲလ်ကစားသမားဖြစ်ခဲ့တယ်။

Photo:Twitter ,Getty Images
Naing Linn(Akhayar)
www.akhayar.com