[Zawgyi]

Instagram မွာ Like အမ်ားဆုံးရစာရင္း၀င္ျဖစ္လာတဲ့ စီေရာ္နယ္လ္ဒုိ C Ronaldo

ဂ်ဴဗင္တပ္စ္အသင္း တိုက္စစ္မွဴးသစ္ စီေရာ္နယ္လ္ဒုိ Cristiano Ronaldo ဟာ နာမည္ေက်ာ္ လူမႈကြန္ရက္စာမ်က္ႏွာတစ္ခုျဖစ္တဲ့ Instagram မွာ Like အမ်ားဆုံးရခဲ့တဲ့ ထိပ္ဆုံး(၅)ဦးစာရင္း၀င္ျဖစ္လာခဲ့ပါၿပီ။ စီေရာ္နယ္လ္ဒုိဟာ ဂ်ဴဗင္တပ္စ္အသင္းကုိ စတင္ေျပာင္းေရႊ႕ခဲ့ခ်ိန္မွာ ဂ်ဴဗင္တပ္စ္အသင္းအက်ႌနဲ႔အတူ သူ႔ရဲ႕ဓာတ္ပုံကုိ Instagram မွာ ေဖာ္ျပခဲ့ခ်ိန္တုန္းက Like လုပ္တဲ့သူေပါင္း (၁၁.၃)သန္းရခဲ့သလုိ၊ သူ႔ရဲ႕ ခ်စ္သူ Georgina Rodriguez သမီးေလးေမြးဖြားခ်ိန္တုန္းက ပုံကုိ Like လုပ္တဲ့သူ (၁၁.၄)သန္းအထိရွိခဲ့တယ္။

Cristiano-Ronaldo

Cristiano-Ronaldo

အဲဒီႏွစ္ခုဟာ Instagram စတင္ေပၚေပါက္ခဲ့ခ်ိန္ကစၿပီး လက္ရွိအခ်ိန္အထိ Like အမ်ားဆုံးရခဲ့တဲ့စာရငး္မွာ အဆင့္(၄)၊ (၅)ေနရာခ်ိတ္ခဲ့တာေၾကာင့္ စီေရာ္နယ္လ္ဒုိဟာ Instagram မွာ Like အမ်ားဆုံးရတဲ့ Celebrity စာရင္းထဲ ပါ၀င္ႏုိင္ခဲ့တာပါ။

Cristiano-Ronaldo

Cristiano-Ronaldo

Instagram မွာ Like အမ်ားဆုံးရထားတဲ့စာရင္းမွာ ကေနဒီယန္ နာမည္ေက်ာ္ေပ့ါပ္အဆုိေတာ့ ဂ်က္စတင္ဘီဘာ Justin Bieber က တတိယအမ်ားဆုံးျဖစ္ေနၿပီး သူနဲ႔ သူ႔ေကာင္မေလး Hailey Baldwin တို႔ရဲ႕ ပုံက Like (၁၂.၇)သန္းအထိရခဲ့တယ္။

Justin-Bieber

Justin-Bieber

ထိပ္ဆုံးနဲ႔ ဒုတိယေနရာေတြကုိေတာ့ နာမည္ႀကီး Celebrity တစ္ဦးျဖစ္တဲ့ Kylie Jenner က လႊမ္းမုိးထားၿပီး သူမသမီးေလးနဲ႔အတူ ႐ုိက္ထားတဲ့ပုံေတြက Like (၁၇.၉)သန္း၊ (၁၃)သန္းစီအသီးသီရရွိခဲ့ၾကတယ္။

Kylie-Jenner-and-Her-Daughter

Kylie-Jenner-and-Her-Daughter

Ballon d’Or ဆုကုိ (၅)ႀကိမ္တိုင္ရခဲ့တဲ့ ကမၻာေက်ာ္ေဘာလုံးသမား စီေရာ္နယ္လ္ဒုိဟာ လူမႈကြန္ရက္စာမ်က္ႏွာေတြမွာလည္း Follower အမ်ားႀကီးရွိသူျဖစ္ၿပီး Instagram တစ္ခုတည္းမွာပဲ Follower လုပ္တဲ့သူေပါင္း (၁၃၆)သန္းအထိရွိေနတာပါ။

Kylie-Jenners-Daughter

Kylie-Jenners-Daughter   b bxzv

စီေရာ္နယ္လ္ဒုိဟာ လူမႈကြန္ရက္စာမ်က္ႏွာေတြေပၚမွာ ထင္ရွားတဲ့သူျဖစ္တာေၾကာင့္ အဲဒါက ဂ်ဴဗင္တပ္စ္အသင္းအတြက္ အက်ိဳးျဖစ္ေစခဲ့ၿပီး အခုဆုိရင္ စီေရာ္နယ္လ္ဒုိနဲ႔ဆက္စပ္ၿပီးေတာ့ ဂ်ဴဗင္တပ္စ္အသင္းရဲ႕ ၀င္ေငြရရွိမႈကလည္း အရင္ကထက္ ပုိျမင့္တက္လာၿပီျဖစ္ပါတယ္။

REF:The Sun
Photo:Instagram,The Sun
Naing Linn(Akhayar)
www.akhayar.com

[Unicode]

Instagram မှာ Like အများဆုံးရစာရင်းဝင်ဖြစ်လာတဲ့ စီရော်နယ်လ်ဒို C Ronaldo

ဂျူဗင်တပ်စ်အသင်း တိုက်စစ်မှူးသစ် စီရော်နယ်လ်ဒို Cristiano Ronaldo ဟာ နာမည်ကျော် လူမှုကွန်ရက်စာမျက်နှာတစ်ခုဖြစ်တဲ့ Instagram မှာ Like အများဆုံးရခဲ့တဲ့ ထိပ်ဆုံး(၅)ဦးစာရင်းဝင်ဖြစ်လာခဲ့ပါပြီ။ စီရော်နယ်လ်ဒိုဟာ ဂျူဗင်တပ်စ်အသင်းကို စတင်ပြောင်းရွှေ့ခဲ့ချိန်မှာ ဂျူဗင်တပ်စ်အသင်းအကျႌနဲ့အတူ သူ့ရဲ့ဓာတ်ပုံကို Instagram မှာ ဖော်ပြခဲ့ချိန်တုန်းက Like လုပ်တဲ့သူပေါင်း (၁၁.၃)သန်းရခဲ့သလို၊ သူ့ရဲ့ ချစ်သူ Georgina Rodriguez သမီးလေးမွေးဖွားချိန်တုန်းက ပုံကို Like လုပ်တဲ့သူ (၁၁.၄)သန်းအထိရှိခဲ့တယ်။

Cristiano-Ronaldo

Cristiano-Ronaldo

အဲဒီနှစ်ခုဟာ Instagram စတင်ပေါ်ပေါက်ခဲ့ချိန်ကစပြီး လက်ရှိအချိန်အထိ Like အများဆုံးရခဲ့တဲ့စာရင်းမှာ အဆင့်(၄)၊ (၅)နေရာချိတ်ခဲ့တာကြောင့် စီရော်နယ်လ်ဒိုဟာ Instagram မှာ Like အများဆုံးရတဲ့ Celebrity စာရင်းထဲ ပါဝင်နိုင်ခဲ့တာပါ။

Cristiano-Ronaldo

Cristiano-Ronaldo

Instagram မှာ Like အများဆုံးရထားတဲ့စာရင်းမှာ ကနေဒီယန် နာမည်ကျော်ပေ့ါပ်အဆိုတော့ ဂျက်စတင်ဘီဘာ Justin Bieber က တတိယအများဆုံးဖြစ်နေပြီး သူနဲ့ သူ့ကောင်မလေး Hailey Baldwin တို့ရဲ့ ပုံက Like (၁၂.၇)သန်းအထိရခဲ့တယ်။

Justin-Bieber

Justin-Bieber

ထိပ်ဆုံးနဲ့ ဒုတိယနေရာတွေကိုတော့ နာမည်ကြီး Celebrity တစ်ဦးဖြစ်တဲ့ Kylie Jenner က လွှမ်းမိုးထားပြီး သူမသမီးလေးနဲ့အတူ ရိုက်ထားတဲ့ပုံတွေက Like (၁၇.၉)သန်း၊ (၁၃)သန်းစီအသီးသီရရှိခဲ့ကြတယ်။

Kylie-Jenner-and-Her-Daughter

Kylie-Jenner-and-Her-Daughter

Ballon d’Or ဆုကို (၅)ကြိမ်တိုင်ရခဲ့တဲ့ ကမ္ဘာကျော်ဘောလုံးသမား စီရော်နယ်လ်ဒိုဟာ လူမှုကွန်ရက်စာမျက်နှာတွေမှာလည်း Follower အများကြီးရှိသူဖြစ်ပြီး Instagram တစ်ခုတည်းမှာပဲ Follower လုပ်တဲ့သူပေါင်း (၁၃၆)သန်းအထိရှိနေတာပါ။

Kylie-Jenners-Daughter

Kylie-Jenners-Daughter   b bxzv

စီရော်နယ်လ်ဒိုဟာ လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ထင်ရှားတဲ့သူဖြစ်တာကြောင့် အဲဒါက ဂျူဗင်တပ်စ်အသင်းအတွက် အကျိုးဖြစ်စေခဲ့ပြီး အခုဆိုရင် စီရော်နယ်လ်ဒိုနဲ့ဆက်စပ်ပြီးတော့ ဂျူဗင်တပ်စ်အသင်းရဲ့ ဝင်ငွေရရှိမှုကလည်း အရင်ကထက် ပိုမြင့်တက်လာပြီဖြစ်ပါတယ်။

REF:The Sun
Photo:Instagram,The Sun
Naing Linn(Akhayar)
www.akhayar.com