ဂျူဗင်တပ်စ်အသင်းက Ballon d’Or (၅)ကြိမ်ရ နာမည်ကျော် ကစားသမား စီရော်နယ်လ်ဒို Cristiano Ronaldo အတွက် ငွေဆိုတာက မလိုချင်မှ အဆုံးပါပဲ။ အခုလည်း နာမည်ကျော် Football Leaks ၀က်ဘ်ဆိုက်က Nike နဲ့ ချုပ်ဆိုထားတဲ့ စပွန်ဆာစာချုပ်အရ စီရော်နယ်လ်ဒို ဘယ်လောက်တောင် ၀င်ငွေ ရနေလဲဆိုတာက ဖွင့်ချလိုက်ပါပြီ။ ၂၀၁၆ ခုနှစ်တုန်က Nike နဲ့ စပွန်ဆာစာချုပ်သက်တမ်းကုန်ခါနီးမှာ စီရော်နယ်လ်ဒိုနဲ့ စပွန်ဆာစာချုပ်ချုပ်ခွင့်ရဖို့ Adidas က အသည်းအသန်ကြိုးပမ်းခဲ့ပေမယ့် စီရော်နယ်လ်ဒိုက Nike နဲ့ (၁၀)နှစ်သက်တမ်းရှိတဲ့ စာချုပ်သစ်ချုပ်ဆိုခဲ့ပါတယ်။ Football Leaks ရဲ့ ဖော်ပြချက်အရ စီရော်နယ်လ်ဒိုဟာ Nike နဲ့ ချုပ်ဆိုခဲ့တဲ့စာချုပ်အရ ၀င်ငွေအဖြစ် ပေါင်(၁၄၆.၈)သန်း ရရှိမှာဖြစ်ပြီး ဒီပမာဏက သူ့ရဲ့ (၁)နှစ်လစာနဲ့ ပမာဏချင်းအတူတူပါပဲ။

Nike ဆီကနေ စီရော်နယ်လ်ဒို မြင့်မားတဲ့ ၀င်ငွေရရှိခဲ့တဲ့ နောက်ထပ် အကြောင်းရင်းက ဆုကြေးငွေတွေကြောင့်ဖြစ်ပြီး ၂၀၁၆၊ ၂၀၁၇ ခုနှစ်တွေမှာ ဆုကြေးအဖြစ် ပေါင်(၁၈.၃)သန်းစီ ရရှိခဲ့ပါတယ်။ စာချုပ်ထဲမှာ စီရော်နယ်လ်ဒိုဟာ Ballon d’Or ဒါမှမဟုတ် The Best FIFA ဆုလို နိုင်ငံတကာအဓိက တစ်ဦးချင်းအကောင်းဆုံး ဆုတွေရရှိခဲ့ရင် Nike ကုမ္ပဏီက ဆုကြေးပေါင်(၃.၆)သန်းပေးရမယ်ဆိုတဲ့ သဘောတူညီချက် ပါဝင်နေလို့ပါပဲ။ အားကစားလောကမှာ Nike နဲ့ လက်တွဲထားတဲ့ နာမည်ကျော်တွေအများကြီး ရှိပေမယ့် အဲဒီထဲမှာ စီရော်နယ်လ်ဒိုရဲ့ စာချုပ်က တန်ဖိုးအကြီးဆုံးဖြစ်ဖို့ရှိနေပါတယ်။ အခုစပွန်ဆာကိစ္စနဲ့ပတ်သက်လို့ Football Leaks ရဲ့ Media Partner ဖြစ်တဲ့ ဂျာမန်နာမည်ကျော် မဂ္ဂဇင်း Der Spiegel က Nike ကုမ္ပဏီဆီ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် သူတို့ရဲ့ Client နဲ့ပတ်သက်တဲ့ ကိစ္စတွေကို လူသိရှင်ကြား ဖြေကြားမှာ မဟုတ်ဘူးလို့ ငြင်းခဲ့သလို စီရော်နယ်လ်ဒိုရဲ့ ကိုယ်စားလှယ်တွေကလည်း ဘာမှတ်ချက်မှ မပေးခဲ့ပါဘူး။

REF:Daily Mail,Football Leaks
Photo:Cristiano Ronaldo Facebook
Naing Linn(Akhayar)
www.akhayar.com