[Zawgyi]

၂၀၁၉ ခုႏွစ္မွာ ဘာေနဗ်ဴးကုိ တစ္ေက်ာ႔ျပန္လာမယ့္ Cristiano Ronaldo

ဂ်ဴဗင္တပ္စ္အသင္း ကစားသမားသစ္ စီေရာ္နယ္လ္ဒုိဟာ Cristiano Ronaldo ဟာ ၂၀၁၉ ခုႏွစ္က်ရင္ အသင္းေဟာင္း ရီးယဲလ္အသငး္ရဲ႕ ဘာေနဗ်ဴးကြင္းကုိ တစ္ေက်ာ႔ျပန္လာဖုိ႔ရွိေနပါၿပီ။ ရီးယဲလ္ ကစားသမားအျဖစ္ ျပန္လာမွာေတာ့ မဟုတ္ဘူး။ ၂၀၁၉-၂၀ ရာသီအစပဲြစဥ္ျဖစ္တဲ့ ဘာေနဗ်ဴးဖလားပဲြအတြက္ ဂ်ဴဗင္တပ္စ္အသင္းကုိ လာေရာက္ကစားဖုိ႔ ရီးယဲလ္အသငး္က ဖိတ္ၾကားသြားမွာျဖစ္တာေၾကာင့္ စီေရာ္နယ္လ္ဒုိဟာ ဘာေနဗ်ဴးကြင္းကုိ တစ္ေက်ာ႔ျပန္ ေျခခ်ခြင့္ရရွိမွာျဖစ္ပါတယ္။

The-Portuguese-star-left-Madrid-after-nine-years-at-the-club-to-join-Juventus-earlier-this-summer

The-Portuguese-star-left-Madrid-after-nine-years-at-the-club-to-join-Juventus-earlier-this-summer

ရီးယဲလ္အသင္းအေနနဲ႔ အသင္းအတြက္(၉)ႏွစ္ၾကာကစားခဲ့ၿပီး ဆုဖလားအမ်ားႀကီး ရယူခဲ့တဲ့အျပင္ တစ္ဦးခ်င္း အေကာင္းဆုံးဆုေတြကုိလည္း ရယူခဲ့တဲ့ စီေရာ္နယ္လ္ဒုိကုိ ဂုဏ္ျပဳတဲ့အေနနဲ႔ လာမယ့္ႏွစ္ ဘာေနဗ်ဴးဖလားပဲြက်ရင္ ဂ်ဴဗင္တပ္စ္အသင္းကုိ ဖိတ္ေခၚဖုိ႔ စီစဥ္ေနတာလည္းျဖစ္ပါတယ္။ ရီးယဲလ္နဲ႔ စီေရာ္နယ္လ္ဒုိတို႔ရဲ႕ လမ္းခဲြဇာတ္လမ္းမွာ ဥကၠဌ ဖေလာ္ရင္တီႏုိပီရက္ဇ္ Florentino Perez က အဓိက က်ခဲ့ၿပီး သူနဲ႔ စီေရာ္နယ္လ္ဒုိတို႔ ဆက္ဆံေရးမေျပလည္တာေၾကာင့္ လမ္းခဲြရတာျဖစ္တယ္လုိ႔ သတင္းေတြထြက္ေပၚခဲ့တယ္။ ဒါေပမဲ့ အခုအခ်ိန္မွာေတာ့ ႏွစ္ဦးႏွစ္ဖက္ ဆက္ဆံေရး ျပန္အဆင္ေျပသြားပုံရွိတာေၾကာင့္ ဘာေနဗ်ဴးဖလားပဲြမွာ လာကစားဖုိ႔ စီေရာ္နယ္လ္ဒုိရဲ႕ ဂ်ဴဗင္တပ္စ္အသင္းကုိ ဖိတ္ေခၚသြားမွာျဖစ္ပါတယ္။

Real-Madrid-Legends

Real-Madrid-Legends

ရီးယဲလ္အသင္းဟာ ဒီႏွစ္ ဘာေနဗ်ဴးဖလားပဲြမွာေတာ့ ေအစီမီလန္အသငး္နဲ႔ ၾသဂုတ္လ(၁၁)ရက္မွာ ယွဥ္ၿပိဳင္ကစားသြားမွာပါ။ ရီးယဲလ္အသငး္အေနနဲ႔ အရင္ကလည္း သူတို႔ရဲ႕ နာမည္ေက်ာ္ကစားသမားေဟာင္းေတြရဲ႕အသင္းေတြကုိ ဘာေနဗ်ဴးဖလားပဲြ လာေရာက္ကစားဖုိ႔ ဖိတ္ေခၚခဲ့ဖူးၿပီး ၂၀၁၃ ခုႏွစ္တုန္းကဆုိရင္ ဂႏၳ၀င္တိုက္စစ္မွဴး ရာအူးလ္ Raul ရဲ႕ အယ္လ္ဆက္ဒ္အသင္းကုိ ဖိတ္ေခၚကစားခဲ့ပါတယ္။

REF:Daily Mail
Photo:canada,Evening Standard,Twitter
Naing Linn(Akhayar)
www.akhayar.com

[Unicode]

၂၀၁၉ ခုနှစ်မှာ ဘာနေဗျူးကို တစ်ကျော့ပြန်လာမယ့် Cristiano Ronaldo

ဂျူဗင်တပ်စ်အသင်း ကစားသမားသစ် စီရော်နယ်လ်ဒိုဟာ Cristiano Ronaldo ဟာ ၂၀၁၉ ခုနှစ်ကျရင် အသင်းဟောင်း ရီးယဲလ်အသင်းရဲ့ ဘာနေဗျူးကွင်းကို တစ်ကျော့ပြန်လာဖို့ရှိနေပါပြီ။ ရီးယဲလ် ကစားသမားအဖြစ် ပြန်လာမှာတော့ မဟုတ်ဘူး။ ၂၀၁၉-၂၀ ရာသီအစပွဲစဉ်ဖြစ်တဲ့ ဘာနေဗျူးဖလားပွဲအတွက် ဂျူဗင်တပ်စ်အသင်းကို လာရောက်ကစားဖို့ ရီးယဲလ်အသင်းက ဖိတ်ကြားသွားမှာဖြစ်တာကြောင့် စီရော်နယ်လ်ဒိုဟာ ဘာနေဗျူးကွင်းကို တစ်ကျော့ပြန် ခြေချခွင့်ရရှိမှာဖြစ်ပါတယ်။

The-Portuguese-star-left-Madrid-after-nine-years-at-the-club-to-join-Juventus-earlier-this-summer

The-Portuguese-star-left-Madrid-after-nine-years-at-the-club-to-join-Juventus-earlier-this-summer

ရီးယဲလ်အသင်းအနေနဲ့ အသင်းအတွက်(၉)နှစ်ကြာကစားခဲ့ပြီး ဆုဖလားအများကြီး ရယူခဲ့တဲ့အပြင် တစ်ဦးချင်း အကောင်းဆုံးဆုတွေကိုလည်း ရယူခဲ့တဲ့ စီရော်နယ်လ်ဒိုကို ဂုဏ်ပြုတဲ့အနေနဲ့ လာမယ့်နှစ် ဘာနေဗျူးဖလားပွဲကျရင် ဂျူဗင်တပ်စ်အသင်းကို ဖိတ်ခေါ်ဖို့ စီစဉ်နေတာလည်းဖြစ်ပါတယ်။ ရီးယဲလ်နဲ့ စီရော်နယ်လ်ဒိုတို့ရဲ့ လမ်းခွဲဇာတ်လမ်းမှာ ဥက္ကဌ ဖလော်ရင်တီနိုပီရက်ဇ် Florentino Perez က အဓိက ကျခဲ့ပြီး သူနဲ့ စီရော်နယ်လ်ဒိုတို့ ဆက်ဆံရေးမပြေလည်တာကြောင့် လမ်းခွဲရတာဖြစ်တယ်လို့ သတင်းတွေထွက်ပေါ်ခဲ့တယ်။ ဒါပေမဲ့ အခုအချိန်မှာတော့ နှစ်ဦးနှစ်ဖက် ဆက်ဆံရေး ပြန်အဆင်ပြေသွားပုံရှိတာကြောင့် ဘာနေဗျူးဖလားပွဲမှာ လာကစားဖို့ စီရော်နယ်လ်ဒိုရဲ့ ဂျူဗင်တပ်စ်အသင်းကို ဖိတ်ခေါ်သွားမှာဖြစ်ပါတယ်။

Real-Madrid-Legends

Real-Madrid-Legends

ရီးယဲလ်အသင်းဟာ ဒီနှစ် ဘာနေဗျူးဖလားပွဲမှာတော့ အေစီမီလန်အသင်းနဲ့ သြဂုတ်လ(၁၁)ရက်မှာ ယှဉ်ပြိုင်ကစားသွားမှာပါ။ ရီးယဲလ်အသင်းအနေနဲ့ အရင်ကလည်း သူတို့ရဲ့ နာမည်ကျော်ကစားသမားဟောင်းတွေရဲ့အသင်းတွေကို ဘာနေဗျူးဖလားပွဲ လာရောက်ကစားဖို့ ဖိတ်ခေါ်ခဲ့ဖူးပြီး ၂၀၁၃ ခုနှစ်တုန်းကဆိုရင် ဂန္ထဝင်တိုက်စစ်မှူး ရာအူးလ် Raul ရဲ့ အယ်လ်ဆက်ဒ်အသင်းကို ဖိတ်ခေါ်ကစားခဲ့ပါတယ်။

REF:Daily Mail
Photo:canada,Evening Standard,Twitter
Naing Linn(Akhayar)
www.akhayar.com