[Zawgyi]

Instagram မွာ Follower အမ်ားဆုံးျဖစ္သြားတဲ့ Cristiano Ronaldo

ကမၻာ့အေကာင္းဆုံးေဘာလုံးသမားဆုကုိ ငါးႀကိမ္အထိရရွိထားတဲ့ ဂ်ဴဗင္တပ္တုိက္စစ္မွဴး Cristiano Ronaldo ဟာ အဆုိေတာ္ Selena Gomez ကုိ ေက်ာ္ျဖတ္ၿပီး Instagram မွာ Follower အမ်ားဆုံးရတဲ့ပုဂၢိဳလ္ျဖစ္သြားပါၿပီ။ သူမဟာ ၂ဝ၁၆ခုႏွစ္တည္းက Instagram မွာ Follower အမ်ားဆုံးရတဲ့ပုဂိၢဳလ္အျဖစ္ စံခ်ိန္တင္ထားေပမယ့္ ၂ဝ၁၈ခုႏွစ္ ေအာက္တုိဘာလ (၂၉) ရက္ေန႔မွာေတာ့ ျပည္သူ႕အခ်စ္ေတာ္ Cristiano Ronaldo က ေက်ာ္ျဖတ္သြားတာပါ။

(၂၆) ႏွစ္ရွိၿပီျဖစ္တဲ့ Selena Gomez ဟာ ၁၄၄,၃၄၁,၇၃၁ Follower အထိရွိေပမယ့္ Cristiano Ronaldo က Follower အေရအတြက္ ၁၄၄,၃၉၁,၂၇၇ နဲ႔ ေက်ာ္သြားတာပါ။ (Follower အေရအတြက္ဟာ အခ်ိန္ကာလေပၚမူတည္ၿပီး ေျပာင္းလဲႏုိင္ပါတယ္။) Cristiano Ronaldo ဟာ Facebook ၊ Twitter နဲ႔ Instagram စတဲ့လူမႈကြန္ရက္ေတြမွာ Follower ေပါင္း (၂၆၁) သန္းေက်ာ္ရွိၿပီး ESPN သတင္းဌာနက အေက်ာ္ၾကားဆုံးအားကစားသမားအျဖစ္ သတ္မွတ္ထားပါတယ္။

ရီးရဲလ္မက္ဒရစ္ကေန ေျပာင္းေရႊ႕ေၾကး ယူရုိသန္း (၁ဝဝ) နဲ႔ ေရာက္ရွိလာတဲ့ Cristiano Ronaldo ဟာ ဂ်ဴဗင္တပ္မွာလည္း ေျခစြမ္းျပေနၿပီး (၇) ဂုိးသြင္းယူထားပါတယ္။ Cristiano Ronaldo နဲ႔ Selena Gomez တုိ႔ေနာက္မွာေတာ့ ရုပ္သံနာမည္ေက်ာ္ Kim Kardashian ၊ အဆုိေတာ္ Beyonce ၊ မင္းသားႀကီး Dwayne Johnson ၊ ေမာ္ဒယ္ Kylie Jenner နဲ႔ အဆုိေတာ္ Taylor Swift တုိ႔ရွိၾကပါတယ္။

ဂ်ဴဗင္တပ္အသင္းကုိ ေရာက္ရွိလာၿပီး လပုိင္းအတြင္းမွာ Follower အမ်ားဆုံးပုဂၢိဳလ္ျဖစ္လာတဲ့ Cristiano Ronaldo ဟာ အဂၤလန္နဲ႔ စပိန္ေဘာလုံးပရိသတ္ေတြသာမက အီတလီပရိသတ္ေတြကုိပါ ဖမ္းစားႏုိင္ၿပီလုိ႔ ဆုိခ်င္ပါတယ္။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com 

[Unicode]

Instagram မှာ Follower အများဆုံးဖြစ်သွားတဲ့ Cristiano Ronaldo

ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုကို ငါးကြိမ်အထိရရှိထားတဲ့ ဂျူဗင်တပ်တိုက်စစ်မှူး Cristiano Ronaldo ဟာ အဆိုတော် Selena Gomez ကို ကျော်ဖြတ်ပြီး Instagram မှာ Follower အများဆုံးရတဲ့ပုဂ္ဂိုလ်ဖြစ်သွားပါပြီ။ သူမဟာ ၂ဝ၁၆ခုနှစ်တည်းက Instagram မှာ Follower အများဆုံးရတဲ့ပုဂ္ဂိုလ်အဖြစ် စံချိန်တင်ထားပေမယ့် ၂ဝ၁၈ခုနှစ် အောက်တိုဘာလ (၂၉) ရက်နေ့မှာတော့ ပြည်သူ့အချစ်တော် Cristiano Ronaldo က ကျော်ဖြတ်သွားတာပါ။

(၂၆) နှစ်ရှိပြီဖြစ်တဲ့ Selena Gomez ဟာ ၁၄၄,၃၄၁,၇၃၁ Follower အထိရှိပေမယ့် Cristiano Ronaldo က Follower အရေအတွက် ၁၄၄,၃၉၁,၂၇၇ နဲ့ ကျော်သွားတာပါ။ (Follower အရေအတွက်ဟာ အချိန်ကာလပေါ်မူတည်ပြီး ပြောင်းလဲနိုင်ပါတယ်။) Cristiano Ronaldo ဟာ Facebook ၊ Twitter နဲ့ Instagram စတဲ့လူမှုကွန်ရက်တွေမှာ Follower ပေါင်း (၂၆၁) သန်းကျော်ရှိပြီး ESPN သတင်းဌာနက အကျော်ကြားဆုံးအားကစားသမားအဖြစ် သတ်မှတ်ထားပါတယ်။

ရီးရဲလ်မက်ဒရစ်ကနေ ပြောင်းရွှေ့ကြေး ယူရိုသန်း (၁ဝဝ) နဲ့ ရောက်ရှိလာတဲ့ Cristiano Ronaldo ဟာ ဂျူဗင်တပ်မှာလည်း ခြေစွမ်းပြနေပြီး (၇) ဂိုးသွင်းယူထားပါတယ်။ Cristiano Ronaldo နဲ့ Selena Gomez တို့နောက်မှာတော့ ရုပ်သံနာမည်ကျော် Kim Kardashian ၊ အဆိုတော် Beyonce ၊ မင်းသားကြီး Dwayne Johnson ၊ မော်ဒယ် Kylie Jenner နဲ့ အဆိုတော် Taylor Swift တို့ရှိကြပါတယ်။

ဂျူဗင်တပ်အသင်းကို ရောက်ရှိလာပြီး လပိုင်းအတွင်းမှာ Follower အများဆုံးပုဂ္ဂိုလ်ဖြစ်လာတဲ့ Cristiano Ronaldo ဟာ အင်္ဂလန်နဲ့ စပိန်ဘောလုံးပရိသတ်တွေသာမက အီတလီပရိသတ်တွေကိုပါ ဖမ်းစားနိုင်ပြီလို့ ဆိုချင်ပါတယ်။

ကျော်စိုးအောင် (အခရာ)

www.akhayar.com