[Zawgyi]

(၉)ႏွစ္ၾကာ ကစားခဲ့တဲ့ ရီးယဲလ္နဲ႔ လမ္းခြဲၿပီး ဂ်ဴဗင္တပ္စ္အသင္းကုိ ေျပာင္းေရႊ႕မယ့္ C.Ronaldo

ရီးယဲလ္အသင္းရဲ႕ ေပၚတူဂီနာမည္ေက်ာ္တိုက္စစ္ကစားသမား စီေရာ္နယ္လ္ဒုိ C.Ronaldo ဟာ (၉)ႏွစ္ၾကာ ကစားခဲ့တဲ့ ရီးယဲလ္အသင္းနဲ႔လမ္းခဲြၿပီး စီးရီးေအထိပ္သီးကလပ္ ဂ်ဴဗင္တပ္စ္အသင္းကုိ ေျပာင္းေရႊ႕ေတာ့မွာျဖစ္ပါတယ္။ စီေရာ္နယ္လ္ဒုိရဲ႕အေျပာင္းအေရႊ႕သတင္းနဲ႔ပတ္သက္ၿပီး ရီးယဲလ္နဲ႔ ဂ်ဴဗင္တပ္စ္အသင္းတို႔က ၿပီးခဲ့တဲ့အဂၤါေနမွာ အတည္ျပဳထုတ္ျပန္ေၾကညာခဲ့တာပါ။ လက္ရွိ Ballon d’Or အေကာင္းဆုံးဆုရွင္ စီေရာ္နယ္လ္ဒုိဟာ စာခ်ဳပ္သစ္ကိစၥအတြက္ ရီးယဲလ္ဥကၠ႒ ဖေလာ္ရင္တီႏုိပီရက္ဇ္ Florentino Perez နဲ႔ အဆင္မေျပျဖစ္ခဲ့တာေၾကာင့္ ရီးယဲလ္အသင္းကေန ထြက္ခြာဖုိ႔ ဆုံးျဖတ္ခဲ့တာျဖစ္တယ္လုိ႔ မီဒီယာေတြက ခန္႔မွန္းခဲ့ၾကတယ္။

Cristiano-Ronaldo-and-Champions-League

Cristiano-Ronaldo-and-Champions-League

ရီးယဲလ္အသင္းက “ဂ်ဴဗင္တပ္စ္အသင္းကုိ ေျပာင္းေရႊ႕ဖုိ႔ စီေရာ္နယ္လ္ဒုိက ေတာင္းဆုိခဲ့တာေၾကာင့္ ကၽြန္ေတာ္တို႔ လက္ခံစဥ္းစားေပးခဲ့ပါတယ္။ အခုအခ်ိန္မွာ စီေရာ္နယ္လ္ဒုိ ဂ်ဴဗင္တပ္စ္ကုိ ေျပာင္းေရႊ႕မယ့္ကိစၥက သေဘာတူညီမႈရရွိခဲ့ပါၿပီ”လုိ႔ ထုတ္ျပန္ေၾကညာခဲ့တယ္။ ဂ်ဴဗင္တပ္စ္အသင္းဟာ စီေရာ္နယ္လ္ဒုိအတြက္ ေျပာင္းေရႊ႕ေၾကး ယူ႐ုိသန္း(၁၀၀)ေပးေခ်ဖုိ႔ သေဘာတူညီခဲ့ၿပီး အပုိထပ္ေဆာင္းအျဖစ္ ယူ႐ုိ(၁၂)သန္း ေပးေခ်မွာျဖစ္သလုိ စီေရာ္နယ္လ္ဒုိကုိ (၄)ႏွစ္စာခ်ဳပ္ခ်ဳပ္ဆုိသြားမွာျဖစ္ပါတယ္။

Cristiano-Ronaldo-and-Champions-League1

Cristiano-Ronaldo-and-Champions-League1

အသက္(၃၃)ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ စီေရာ္နယ္လ္ဒုိဟာ ရီးယဲလ္အသင္းနဲ႔ (၃)ႏွစ္စာခ်ဳပ္သက္တမ္းက်န္ရွိေနၿပီး (၁)ႏွစ္လစာအျဖစ္ ခန္႔မွန္းေျခ ယူ႐ုိ(၃၈.၅)သန္းရရွိေနသူပါ။ ဒါေပမဲ့ သူ႔ရဲ႕လစာက အဓိကၿပိဳင္ဘက္ေတြျဖစ္ၾကတ့ဲ မက္ဆီ(ယူ႐ုိ၇၃.၆သန္း)၊ ေနမာ (ယူ႐ုိ ၆၆သန္း)တို႔ထက္နည္းပါးေနတာလည္းျဖစ္ပါတယ္။ ရီးယဲလ္အသငး္အေနနဲ႔ စီေရာ္နယ္လ္ဒုိကုိ စာခ်ဳပ္ေလ်ာ္ေၾကး ယူ႐ုိ(၁)ဘီလီယံအထိ ခ်ဳပ္ဆုိထားေပမယ့္ စီေရာ္နယ္လ္ဒုိက အသင္းေျပာင္းခြင့္ေပးဖုိ႔ ေတာင္းဆုိခဲ့တာေၾကာင့္ အဲဒီပမာဏရဲ႕ (၁၀)ရာခုိင္ႏႈန္းျဖစ္တဲ့ ယူ႐ုိသန္း(၁၀၀)နဲ႔ ေရာင္းခ်ဖုိ႔ သေဘာတူညီခဲ့တာပါ။ စီေရာ္နယ္လ္ဒုိဟာ ဂ်ဴဗင္တပ္စ္အသငး္မွာ (၁)ႏွစ္လစာအျဖစ္ ယူ႐ုိသန္း(၃၀)နီးပါး ရရွိမွာျဖစ္ပါတယ္။

Cristiano-Ronaldo-and-Ballon-dOr

Cristiano-Ronaldo-and-Ballon-dOr

ရီးယဲလ္အသင္းသမုိင္းတစ္ေလွ်ာက္ သြင္းဂုိးအမ်ားဆုံးကစားသမား စီေရာ္နယ္လ္ဒုိဟာ ရီးယဲလ္ကစားသမားဘ၀ (၉)ႏွစ္တာကာလအတြင္း ခ်န္ပီယံလိဂ္(၄)ႀကိမ္အပါအ၀င္ ဆုဖလားေပါင္းမ်ားစြာ ရယူခဲ့သလုိ တစ္ဦးခ်င္းအေကာင္းဆုံးဆုေတြ၊ စံခ်ိန္မွတ္တမ္းမ်ားစြာ တင္ရွိႏုိင္ခဲ့သူည္းျဖစ္ပါတယ္။ စီေရာ္နယ္လ္ဒုိက “ရီးယဲလ္အသင္းနဲ႔ မက္ဒရစ္ၿမိဳ႕မွာ ေနထုိင္ခဲ့ရတဲ့ႏွစ္ေတြဟာ ကၽြန္ေတာ့္ဘ၀မွာ အေပ်ာ္ရႊင္ရဆုံးအခ်ိန္ေတြျဖစ္ခဲ့ပါတယ္။ ရီးယဲလ္အသင္း၊ ပရိသတ္ေတြနဲ႔ မက္ဒရစ္ၿမိဳ႕နဲ႔ပတ္သက္ၿပီး ကၽြန္ေတာ့္မွာ စိတ္ခံစားခ်က္ အမ်ားႀကီးရရွိခဲ့ပါတယ္။ ကၽြန္ေတာ့္ကုိ အားေပးခဲ့ၾကတဲ့ ပရိသတ္ေတြကုိ ေက်းဇူးတင္ပါတယ္။ ဒါေပမဲ့ အခုအခ်ိန္ဟာ ကၽြန္ေတာ့္ဘ၀စာမ်က္ႏွာသစ္ စတင္ဖုိ႔အခ်ိန္ေရာက္လာပါၿပီ။ ဒါေၾကာင့္ပဲ ဂ်ဴဗင္တပ္စ္အသင္းနဲ႔အေျပာင္းအေရႊ႕ကုိ လက္ခံဖုိ႔ ေတာင္းဆုိခဲ့တာပါ။ ဒီလုိေတာင္းဆုိခဲ့တဲ့အတြက္လည္း ပရိသတ္ေတြ နားလည္ေပးဖုိ႔ ကၽြန္ေတာ္ေမွ်ာ္လင့္ပါတယ္”လုိ႔ ဆုိခဲ့တယ္။

ရီးယဲလ္အသင္းနဲ႔အတူ စီေရာ္နယ္လ္ဒုိရရွိခဲ့တဲ့ ဆုဖလားမ်ား

La Liga: 2011–12, 2016–17
Copa del Rey: 2010–11, 2013–14
Supercopa de España: 2012, 2017
UEFA Champions League: 2013–14, 2015–16, 2016–17, 2017–18
UEFA Super Cup: 2014, 2017
FIFA Club World Cup: 2014, 2016, 2017

ဂ်ဴဗင္တပ္စ္အသင္းရဲ႕ စံခ်ိန္တင္ ကစားသမားေခၚယူမႈ

စီေရာ္နယ္လ္ဒုိ 100.00 Mill. €
ဟီဂြါအင္ 90.00 Mill. €
ဘူဖြန္ 52.88 Mill. €
သူရမ္ 41.50 Mill. €
ကန္ဆယ္လုိ 40.40 Mill. €

REF:BBC,ESPN
Photo:Goal.com,japantimes.co,Getty Images,101 Great Goals
Naing Linn(Akhayar)
www.akhayar.com

[Unicode]

(၉)နှစ်ကြာ ကစားခဲ့တဲ့ ရီးယဲလ်နဲ့ လမ်းခွဲပြီး ဂျူဗင်တပ်စ်အသင်းကို ပြောင်းရွှေ့မယ့် C.Ronaldo

ရီးယဲလ်အသင်းရဲ့ ပေါ်တူဂီနာမည်ကျော်တိုက်စစ်ကစားသမား စီရော်နယ်လ်ဒို C.Ronaldo ဟာ (၉)နှစ်ကြာ ကစားခဲ့တဲ့ ရီးယဲလ်အသင်းနဲ့လမ်းခွဲပြီး စီးရီးအေထိပ်သီးကလပ် ဂျူဗင်တပ်စ်အသင်းကို ပြောင်းရွှေ့တော့မှာဖြစ်ပါတယ်။ စီရော်နယ်လ်ဒိုရဲ့အပြောင်းအရွှေ့သတင်းနဲ့ပတ်သက်ပြီး ရီးယဲလ်နဲ့ ဂျူဗင်တပ်စ်အသင်းတို့က ပြီးခဲ့တဲ့အင်္ဂါနေမှာ အတည်ပြုထုတ်ပြန်ကြေညာခဲ့တာပါ။ လက်ရှိ Ballon d’Or အကောင်းဆုံးဆုရှင် စီရော်နယ်လ်ဒိုဟာ စာချုပ်သစ်ကိစ္စအတွက် ရီးယဲလ်ဥက္ကဋ္ဌ ဖလော်ရင်တီနိုပီရက်ဇ် Florentino Perez နဲ့ အဆင်မပြေဖြစ်ခဲ့တာကြောင့် ရီးယဲလ်အသင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ မီဒီယာတွေက ခန့်မှန်းခဲ့ကြတယ်။

Cristiano-Ronaldo-and-Champions-League

Cristiano-Ronaldo-and-Champions-League

ရီးယဲလ်အသင်းက “ဂျူဗင်တပ်စ်အသင်းကို ပြောင်းရွှေ့ဖို့ စီရော်နယ်လ်ဒိုက တောင်းဆိုခဲ့တာကြောင့် ကျွန်တော်တို့ လက်ခံစဉ်းစားပေးခဲ့ပါတယ်။ အခုအချိန်မှာ စီရော်နယ်လ်ဒို ဂျူဗင်တပ်စ်ကို ပြောင်းရွှေ့မယ့်ကိစ္စက သဘောတူညီမှုရရှိခဲ့ပါပြီ”လို့ ထုတ်ပြန်ကြေညာခဲ့တယ်။ ဂျူဗင်တပ်စ်အသင်းဟာ စီရော်နယ်လ်ဒိုအတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း(၁၀၀)ပေးချေဖို့ သဘောတူညီခဲ့ပြီး အပိုထပ်ဆောင်းအဖြစ် ယူရို(၁၂)သန်း ပေးချေမှာဖြစ်သလို စီရော်နယ်လ်ဒိုကို (၄)နှစ်စာချုပ်ချုပ်ဆိုသွားမှာဖြစ်ပါတယ်။

Cristiano-Ronaldo-and-Champions-League1

Cristiano-Ronaldo-and-Champions-League1

အသက်(၃၃)နှစ်အရွယ်ရှိပြီဖြစ်တဲ့ စီရော်နယ်လ်ဒိုဟာ ရီးယဲလ်အသင်းနဲ့ (၃)နှစ်စာချုပ်သက်တမ်းကျန်ရှိနေပြီး (၁)နှစ်လစာအဖြစ် ခန့်မှန်းခြေ ယူရို(၃၈.၅)သန်းရရှိနေသူပါ။ ဒါပေမဲ့ သူ့ရဲ့လစာက အဓိကပြိုင်ဘက်တွေဖြစ်ကြတဲ့ မက်ဆီ(ယူရို၇၃.၆သန်း)၊ နေမာ (ယူရို ၆၆သန်း)တို့ထက်နည်းပါးနေတာလည်းဖြစ်ပါတယ်။ ရီးယဲလ်အသင်းအနေနဲ့ စီရော်နယ်လ်ဒိုကို စာချုပ်လျော်ကြေး ယူရို(၁)ဘီလီယံအထိ ချုပ်ဆိုထားပေမယ့် စီရော်နယ်လ်ဒိုက အသင်းပြောင်းခွင့်ပေးဖို့ တောင်းဆိုခဲ့တာကြောင့် အဲဒီပမာဏရဲ့ (၁၀)ရာခိုင်နှုန်းဖြစ်တဲ့ ယူရိုသန်း(၁၀၀)နဲ့ ရောင်းချဖို့ သဘောတူညီခဲ့တာပါ။ စီရော်နယ်လ်ဒိုဟာ ဂျူဗင်တပ်စ်အသင်းမှာ (၁)နှစ်လစာအဖြစ် ယူရိုသန်း(၃၀)နီးပါး ရရှိမှာဖြစ်ပါတယ်။

Cristiano-Ronaldo-and-Ballon-dOr

Cristiano-Ronaldo-and-Ballon-dOr

ရီးယဲလ်အသင်းသမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံးကစားသမား စီရော်နယ်လ်ဒိုဟာ ရီးယဲလ်ကစားသမားဘ၀ (၉)နှစ်တာကာလအတွင်း ချန်ပီယံလိဂ်(၄)ကြိမ်အပါအဝင် ဆုဖလားပေါင်းများစွာ ရယူခဲ့သလို တစ်ဦးချင်းအကောင်းဆုံးဆုတွေ၊ စံချိန်မှတ်တမ်းများစွာ တင်ရှိနိုင်ခဲ့သူည်းဖြစ်ပါတယ်။ စီရော်နယ်လ်ဒိုက “ရီးယဲလ်အသင်းနဲ့ မက်ဒရစ်မြို့မှာ နေထိုင်ခဲ့ရတဲ့နှစ်တွေဟာ ကျွန်တော့်ဘဝမှာ အပျော်ရွှင်ရဆုံးအချိန်တွေဖြစ်ခဲ့ပါတယ်။ ရီးယဲလ်အသင်း၊ ပရိသတ်တွေနဲ့ မက်ဒရစ်မြို့နဲ့ပတ်သက်ပြီး ကျွန်တော့်မှာ စိတ်ခံစားချက် အများကြီးရရှိခဲ့ပါတယ်။ ကျွန်တော့်ကို အားပေးခဲ့ကြတဲ့ ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ အခုအချိန်ဟာ ကျွန်တော့်ဘဝစာမျက်နှာသစ် စတင်ဖို့အချိန်ရောက်လာပါပြီ။ ဒါကြောင့်ပဲ ဂျူဗင်တပ်စ်အသင်းနဲ့အပြောင်းအရွှေ့ကို လက်ခံဖို့ တောင်းဆိုခဲ့တာပါ။ ဒီလိုတောင်းဆိုခဲ့တဲ့အတွက်လည်း ပရိသတ်တွေ နားလည်ပေးဖို့ ကျွန်တော်မျှော်လင့်ပါတယ်”လို့ ဆိုခဲ့တယ်။

ရီးယဲလ်အသင်းနဲ့အတူ စီရော်နယ်လ်ဒိုရရှိခဲ့တဲ့ ဆုဖလားများ

La Liga: 2011–12, 2016–17
Copa del Rey: 2010–11, 2013–14
Supercopa de España: 2012, 2017
UEFA Champions League: 2013–14, 2015–16, 2016–17, 2017–18
UEFA Super Cup: 2014, 2017
FIFA Club World Cup: 2014, 2016, 2017

ဂျူဗင်တပ်စ်အသင်းရဲ့ စံချိန်တင် ကစားသမားခေါ်ယူမှု

စီရော်နယ်လ်ဒို 100.00 Mill. €
ဟီဂွါအင် 90.00 Mill. €
ဘူဖွန် 52.88 Mill. €
သူရမ် 41.50 Mill. €
ကန်ဆယ်လို 40.40 Mill. €

REF:BBC,ESPN
Photo:Goal.com,japantimes.co,Getty Images,101 Great Goals
Naing Linn(Akhayar)
www.akhayar.com