[Zawgyi]

ဂ်ဴဗင္တပ္စ္အသင္းနဲ႔ ပထမဆံုးအႀကိမ္ သတင္းစာရွင္းလင္းပြဲ ျပဳလုပ္ခဲ့တဲ့ စီေရာ္နယ္လ္ဒို

ဂ်ဴဗင္တပ္စ္အသင္းကို ေျပာင္းေရႊ႕ခဲ့တဲ့ တိုက္စစ္မွဴး စီေရာ္နယ္လ္ဒို C.Ronaldo ရဲ႕ ပထမဆံုးအႀကိမ္ သတင္းစာရွင္းလင္းပြဲကို ၿပီးခဲ့တဲ့ တနလၤာေန႔က က်င္းပျပဳလုပ္ခဲ့ပါတယ္။ ဂ်ဴဗင္တပ္စ္အသင္းအတြက္ ေအာင္ျမင္မႈေတြ ရယူေပးသြားဖို႔ ဆႏၵရွိေၾကာင္း စီေရာ္နယ္လ္ဒို C.Ronaldo က ေျပာၾကားခဲ့ၿပီး သတင္းစာရွင္းလင္းပြဲကို စတင္ခဲ့ပါတယ္။ ဂ်ဴဗင္တပ္စ္အသင္းဟာ စီေရာ္နယ္လ္ဒို C.Ronaldo ကို တစ္ႏွစ္လုပ္ခ ယူရိုသန္း (၃၀)ဝန္းက်င္နဲ႔ (၄)ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုခဲ့တာျဖစ္ပါတယ္။

Cristiano-Ronaldo-was-officially-unveiled-as-a-Juventus-player-on-Monday

Cristiano-Ronaldo-was-officially-unveiled-as-a-Juventus-player-on-Monday

စီေရာ္နယ္လ္ဒို C.Ronaldo အေနနဲ႔ ဂ်ဴဗင္တပ္စ္အသင္းကို ဥေရာပေဘာလံုးေလာကမွာ တစ္ေက်ာ႔ျပန္ေအာင္ျမင္မႈေတြ ရရွိေအာင္ စြမ္းေဆာင္ေပးႏိုင္လိမ့္မယ္လို႔ အျပည့္အဝ ယံုၾကည္ထားေၾကာင္း အသင္းတာဝန္ရွိသူေတြက ေျပာၾကားခဲ့ပါတယ္။ ၁၉၉၆ ေနာက္ပိုင္း ေဝးကြာေနခဲ့တဲ့ ခ်န္ပီယံလိဂ္ဆုဖလားကို တစ္ေက်ာ႔ျပန္ သိမ္းပိုက္ႏိုင္ဖို႔ ဂ်ဴဗင္တပ္စ္အသင္း ပစ္မွတ္ထားေနခဲ့တာပါ။ စီေရာ္နယ္လ္ဒို C.Ronaldo က “အသင္းနဲ႔အတူ ပြဲကစားဖို႔ မနက္ျဖန္ေတာင္ လိဂ္ၿပိဳင္ပြဲစတင္ပါေစလို႔ ဆုေတာင္းမိတယ္၊ စိန္ေခၚမႈအသစ္ေတြကို ရင္ဆိုင္သြားဖို႔ ဂ်ဴဗင္တပ္စ္အသင္းကို ေရြးခ်ယ္ခဲ့တာပါ၊ အသက္အရြယ္က အဓိကမက်ပါဘူး၊ အားလံုးကို ရင္ဆိုင္ဖို႔ ကၽြန္ေတာ္ အသင့္ျဖစ္ေနပါၿပီ”လို႔ သတင္းစာရွင္းပြဲမွာ ေျပာၾကားခဲ့ပါတယ္။

Juventus-new-player

Juventus-new-player

“ရီးယဲလ္က ထြက္ခြာခဲ့ရတဲ့အတြက္ ဝမ္းမနည္းပါဘူး၊ လက္ရွိအသင္းအတြက္ အေကာင္းဆံုးျဖစ္ဖို႔ပဲ ကၽြန္ေတာ္ အစြမ္းကုန္ ႀကိဳးစားသြားမွာပါ၊ ကၽြန္ေတာ့္ အသက္အရြယ္ေရာက္လာရင္ ကစားသမားေတြက တရုတ္ ဒါမွမဟုတ္ တျခားႏိုင္ငံေတြမွာပဲ သြားကစားၾကတယ္၊ ကၽြန္ေတာ္ကေတာ့ စိန္ေခၚမႈအသစ္ေတြရွာမယ္၊ ဂ်ဴဗင္တပ္စ္အသင္းအတြက္ ႀကီးက်ယ္ခမ္းနားတဲ့ ေအာင္ျမင္မႈေတြရယူေပးသြားဖို႔ပဲ ဆႏၵရွိတယ္”လို႔ စီေရာ္နယ္လ္ဒို C.Ronaldo က ေျပာၾကားခဲ့ပါတယ္။ အေစာပိုင္းက အသင္းေဟာင္း မန္ယူအသင္းနဲ႔ သတင္းေတြ ထြက္ေပၚခဲ့ေပမယ့္ အေျပာင္းအေရႊ႕ျဖစ္မလာတဲ့အေပၚ စီေရာ္နယ္လ္ဒို C.Ronaldo က ျငင္းပယ္ခဲ့ၿပီး အခုေႏြရာသီအေျပာင္းအေရႊ႕ကာလမွာ ဂ်ဴဗင္တပ္စ္အသင္းကသာ တရားဝင္ကမ္းလွမ္းခဲ့တာျဖစ္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။

REF:Daily Mail
Photo:Mirror, Daily Mail
Aung Kyaw Wai (Akhayar)
www.akhayar.com

[Unicode]

ဂျူဗင်တပ်စ်အသင်းနဲ့ ပထမဆုံးအကြိမ် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့တဲ့ စီရော်နယ်လ်ဒို

ဂျူဗင်တပ်စ်အသင်းကို ပြောင်းရွှေ့ခဲ့တဲ့ တိုက်စစ်မှူး စီရော်နယ်လ်ဒို C.Ronaldo ရဲ့ ပထမဆုံးအကြိမ် သတင်းစာရှင်းလင်းပွဲကို ပြီးခဲ့တဲ့ တနင်္လာနေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဂျူဗင်တပ်စ်အသင်းအတွက် အောင်မြင်မှုတွေ ရယူပေးသွားဖို့ ဆန္ဒရှိကြောင်း စီရော်နယ်လ်ဒို C.Ronaldo က ပြောကြားခဲ့ပြီး သတင်းစာရှင်းလင်းပွဲကို စတင်ခဲ့ပါတယ်။ ဂျူဗင်တပ်စ်အသင်းဟာ စီရော်နယ်လ်ဒို C.Ronaldo ကို တစ်နှစ်လုပ်ခ ယူရိုသန်း (၃၀)ဝန်းကျင်နဲ့ (၄)နှစ်စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။

Cristiano-Ronaldo3

Cristiano-Ronaldo3

စီရော်နယ်လ်ဒို C.Ronaldo အနေနဲ့ ဂျူဗင်တပ်စ်အသင်းကို ဥရောပဘောလုံးလောကမှာ တစ်ကျော့ပြန်အောင်မြင်မှုတွေ ရရှိအောင် စွမ်းဆောင်ပေးနိုင်လိမ့်မယ်လို့ အပြည့်အဝ ယုံကြည်ထားကြောင်း အသင်းတာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။ ၁၉၉၆ နောက်ပိုင်း ဝေးကွာနေခဲ့တဲ့ ချန်ပီယံလိဂ်ဆုဖလားကို တစ်ကျော့ပြန် သိမ်းပိုက်နိုင်ဖို့ ဂျူဗင်တပ်စ်အသင်း ပစ်မှတ်ထားနေခဲ့တာပါ။ စီရော်နယ်လ်ဒို C.Ronaldo က “အသင်းနဲ့အတူ ပွဲကစားဖို့ မနက်ဖြန်တောင် လိဂ်ပြိုင်ပွဲစတင်ပါစေလို့ ဆုတောင်းမိတယ်၊ စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်သွားဖို့ ဂျူဗင်တပ်စ်အသင်းကို ရွေးချယ်ခဲ့တာပါ၊ အသက်အရွယ်က အဓိကမကျပါဘူး၊ အားလုံးကို ရင်ဆိုင်ဖို့ ကျွန်တော် အသင့်ဖြစ်နေပါပြီ”လို့ သတင်းစာရှင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

The-Portuguese-star-arrived-at-the-J-Medical-Centre

The-Portuguese-star-arrived-at-the-J-Medical-Centre

“ရီးယဲလ်က ထွက်ခွာခဲ့ရတဲ့အတွက် ဝမ်းမနည်းပါဘူး၊ လက်ရှိအသင်းအတွက် အကောင်းဆုံးဖြစ်ဖို့ပဲ ကျွန်တော် အစွမ်းကုန် ကြိုးစားသွားမှာပါ၊ ကျွန်တော့် အသက်အရွယ်ရောက်လာရင် ကစားသမားတွေက တရုတ် ဒါမှမဟုတ် တခြားနိုင်ငံတွေမှာပဲ သွားကစားကြတယ်၊ ကျွန်တော်ကတော့ စိန်ခေါ်မှုအသစ်တွေရှာမယ်၊ ဂျူဗင်တပ်စ်အသင်းအတွက် ကြီးကျယ်ခမ်းနားတဲ့ အောင်မြင်မှုတွေရယူပေးသွားဖို့ပဲ ဆန္ဒရှိတယ်”လို့ စီရော်နယ်လ်ဒို C.Ronaldo က ပြောကြားခဲ့ပါတယ်။ အစောပိုင်းက အသင်းဟောင်း မန်ယူအသင်းနဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် အပြောင်းအရွှေ့ဖြစ်မလာတဲ့အပေါ် စီရော်နယ်လ်ဒို C.Ronaldo က ငြင်းပယ်ခဲ့ပြီး အခုနွေရာသီအပြောင်းအရွှေ့ကာလမှာ ဂျူဗင်တပ်စ်အသင်းကသာ တရားဝင်ကမ်းလှမ်းခဲ့တာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

REF:Daily Mail
Photo:Mirror, Daily Mail
Aung Kyaw Wai (Akhayar)
www.akhayar.com