[Zawgyi]






REF:The Sun
Photo: Getty Images
Naing Linn(Akhayar)
www.akhayar.com

[Unicode]

Cristiano Ronaldo ရဲ့ စီးရီးအေ ပွဲဦးထွက်ပွဲကို Facebook မှာ အလကားကြည့်ရဖို့ရှိနေပြီ

ဂျူဗင်တပ်စ်အသင်း ကစားသမားသစ် စီရော်နယ်လ်ဒို Cristiano Ronaldo ရဲ့ စီးရီးအေပွဲဦးထွက်ကို ကြည့်ချင်နေကြတဲ့ မြန်မာပြည်က စီရော်နယ်လ်ဒို ပရိသတ်တွေအတွက် သတင်းကောင်းတစ်ခု လာပါပြီ။ အဲဒါကတော့ စီရော်နယ်လ်ဒိုရဲ့ စီးရီးအေပွဲဦးထွက်ကို ဗြိတိန်အခြေစိုက် Eleven Sports ရုပ်သံလိုင်းက သူတို့ရဲ့ Facebook Page မှာ Free ထုတ်လွှင့်ပြသွားဖို့ရှိနေလို့ပါပဲ။ လိဒ်စ်အသင်းပိုင်ရှင် ရာဒရစ်ဇ်ဇာနီ Radrizzani ပိုင်ဆိုင်တဲ့ Eleven Sports ရုပ်သံက ၂၀၁၈-၁၉ ရာသီ စီးရီးအေနဲ့ လာလီဂါပွဲစဉ်တွေကို ထုတ်လွှင့်ပြသဖို့ မူပိုင်ခွင့်ဝယ်ယူထားပြီး တစ်ပတ်ကို လာလီဂါ၊ စီးရီးအေ အနည်းဆုံးတစ်ပွဲလောက် Facebook မှာ အလကား ပြသွားဖို့စီစဉ်ထားတယ်။

Cristiano-Ronaldo-is-set-to-play-his-first-game-since-leaving-Real-Madrid-on-August-18

Cristiano-Ronaldo-is-set-to-play-his-first-game-since-leaving-Real-Madrid-on-August-18

ဒါကြောင့် Eleven Sports ရုပ်သံဟာ စီရော်နယ်လ်ဒိုရဲ့ စီးရီးအေပွဲဦးထွက်ပွဲကိုလည်း ထုတ်လွှင့်ပြသသွားဖို့ရှိနေတာကြောင့် မြန်မာပြည်က ပရိသတ်တွေအတွက် သတင်းကောင်းလို့ ပြောရတာပါ။ ဂျူဗင်တပ်စ်အသင်းဟာ အခုသြဂုတ်လ(၁၈)ရက်ကျရင် ချီယေဗိုနဲ့ စီးရီးအေပွဲဦးထွက်ကို မြန်မာစံတော်ချိန် ည(၁၀း၃၀)မှာ ကစားသွားမှာဖြစ်ပါတယ်။ ချီယေဗို-ဂျူဗင်တပ်စ်ပွဲအပြင် လာလီဂါရာသီအဖွင့်ပွဲတွေဖြစ်တဲ့ ဟီရိုနာ-ဗယ်လာဒိုလစ်၊ ဗလင်စီယာ-အက်သလက်တီကိုပွဲတွေကိုလည်း ထုတ်လွှင့်ပြသွားမှာပါ။

REF:The Sun
Photo: Getty Images
Naing Linn(Akhayar)
www.akhayar.com