[Zawgyi]

စီးရီးေအ အဖြင္႔ပြဲမွာ စီေရာ္နယ္လ္ဒို Cristiano Ronaldo ေျခစြမ္းျပႏိုင္မလား

၂၀၁၈ – ၂၀၁၉ စီးရီးေအေဘာလံုးရာသီဟာ မနက္ျဖန္(စေနေန႔ည)မွာစတင္သြားမွာပဲျဖစ္ပါတယ္။ ခ်ီေယဗို နဲ႔ ဂ်ဴဗင္တပ္စ္အသင္းတို႔ရဲ႕ ပြဲစဥ္နဲ႔စတင္သြားမွာျဖစ္ျပီး ဂ်ဴဗင္တပ္စ္အသင္းမွာ စီေရာ္နယ္လ္ဒို Cristiano Ronaldo ရိွေနတာေၾကာင္႔ ပရိတ္သတ္စိတ္၀င္စားမႈျမင္႔တက္ေနပါတယ္။ စီေရာ္နယ္လ္ဒို Cristiano Ronaldo ဟာ ပရီးမီးယားလိဂ္ ၊ လာလီဂါ ၊ စီးရီးေအ စတဲ႔ထိပ္တန္းလိဂ္ျပိဳင္ပြဲေတြမွာ ကစားဖူးတဲ႔သူလည္းျဖစ္လာေတာ႔မွာပါ။ စီေရာ္နယ္လ္ဒို Cristiano Ronaldo ဟာ မန္ယူအသင္းနဲ႔အတူ ပရီးမီးယားလိဂ္ခ်န္ပီယံဆု ၊ ရီးယဲလ္မက္ဒရစ္အသင္းနဲ႔ လာလီဂါခ်န္ပီယံဆုေတြကိုရရိွခဲ႔တာေၾကာင္႔ ဂ်ဴဗင္တပ္စ္အသင္းနဲ႔လည္း စီးရီးေအခ်န္ပီယံဆုကိုရယူႏိုင္မလားဆိုတာ စိတ္၀င္စားစရာပါ။ မန္ယူကစားသမားဘ၀ ပထမဆံုးပရီးမီးယားလိဂ္ပြဲစဥ္နဲ႔ ရီးယဲလ္ကစားသမားဘ၀ ပထမဆံုးလာလီဂါပြဲစဥ္ေတြမွာ စီေရာ္နယ္လ္ဒို Cristiano Ronaldo ဟာေျခစြမ္းျပသႏိုင္ခဲ႔တာေၾကာင္႔ အဲ႔အခ်ိန္တုန္းကအေျခအေနေတြကို ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္။

မန္ယူကစားသမားဘ၀ ပထမဆံုးပရီးမီးယားလိဂ္ပြဲစဥ္

Cristiano-Ronaldo-Manchester-United

Cristiano-Ronaldo-Manchester-United

၂၀၀၃ ၾသဂုတ္လ ၁၆ ရက္ေန႔မွာ ယွဥ္ျပိဳင္ကစားခဲ႔တဲ႔ မန္ယူနဲ႔ ေဘာ္တန္အသင္းတို႔ရဲ႕ပြဲစဥ္က စီေရာ္နယ္လ္ဒို Cristiano Ronaldo ရဲ႕ မန္ယူကစားသမားဘ၀ ပထမဆံုးပရီးမီးယားလိဂ္ပြဲစဥ္ျဖစ္ခဲ႔ပါတယ္။ ဒီပြဲမွာ မန္ယူအသင္းဟာ ေဘာ္တန္အသင္းကို (၄ – ၀ )နဲ႔အႏိုင္ရရိွခဲ႔ပါတယ္။ စီေရာ္နယ္လ္ဒို Cristiano Ronaldo ဟာ ပြဲခ်ိန္မိနစ္(၆၀)မွာ နစ္ကီဘတ္ Nicky Butt အစားလူစား၀င္လာခဲ႔ျပီး စီေရာ္နယ္လ္ဒို Cristiano Ronaldo လူစား၀င္ခ်ိန္မွာ မန္ယူအသင္းဟာ (၁ – ၀ )ဆိုတဲ႔ရလဒ္နဲ႔သာ ဦးေဆာင္ေနခဲ႔တာပါ။ စီေရာ္နယ္လ္ဒို Cristiano Ronaldo ဟာ မန္ယူအသင္းရဲ႕ဘယ္ေတာင္ပံမွာေျခစြမ္းျပကစားႏိုင္ခဲ႔ျပီး သူ႔ရဲ႕တစ္ကိုယ္ေတာ္အတိုးအလႈပ္ေတြနဲ႔ ေဘာ္တန္ေနာက္ခံလူေတြကိုဖိအားမ်ားေစခဲ႔ပါတယ္။ စီေရာ္နယ္လ္ဒို Cristiano Ronaldo ၀င္ေရာက္လာမွ မန္ယူအသင္းဟာေနရာလြတ္ေတြပိုရလာခဲ႔ျပီး သြင္းဂိုးေတြထပ္ျပီးရရိွခဲ႔တာပဲ ျဖစ္ပါတယ္။ ပြဲျပီးခါနီးမွာ စီေရာ္နယ္လ္ဒို Cristiano Ronaldo ဟာ ညာေတာင္ပံမွာ ေျပာင္းလဲကစားခဲ႔ျပီး ျပိဳင္ဘက္ေနာက္ခံလူေတြကို ဖိအားထပ္ေပးႏိုင္ခဲ႔ပါတယ္။ ပြဲအျပီးမွာေတာ႔ ဆံပင္ပံုခပ္ဆန္းဆန္းနဲ႔ စီေရာ္နယ္လ္ဒို Cristiano Ronaldo ဟာ ပရိသတ္ေတြၾကားမွာ ေရပန္းစားလာပါေတာ႔တယ္။

ရီးယဲလ္ကစားသမားဘ၀ ပထမဆံုးလာလီဂါပြဲစဥ္

Cristiano-Ronaldo-Real-Madrid

Cristiano-Ronaldo-Real-Madrid

၂၀၀၉ ခုႏွစ္အေရာက္မွာေတာ႔ စီေရာ္နယ္လ္ဒို Cristiano Ronaldo ဟာ ကမၻာ႔စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးေပါင္သန္း(၈၀)နဲ႔ ရီးယဲလ္အသင္းကိုေရာက္ရိွခဲ႔ပါတယ္။ ရီးယဲလ္အသင္းကို ေရာက္ခါစမွာ စီေရာ္နယ္လ္ဒို Cristiano Ronaldo ဟာ ေက်ာနံပါတ္(၉)ကို၀တ္ဆင္ခဲ႔ျပီး ကမၻာ႔စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးဟာလည္းသူ႔အတြက္ ဖိအားတစ္ခုျဖစ္ေစခဲ႔ပါတယ္။ ၂၀၀၉ ၾသဂုတ္လ ၂၉ ရက္ေန႔မွာယွဥ္ျပိဳင္ကစားခဲ႔တဲ႔ ရီးယဲလ္အသင္းနဲ႔ ဒီပို႔တီဗိုအသင္းတို႔ရဲ႕ ပြဲစဥ္ဟာ စီေရာ္နယ္လ္ဒို Cristiano Ronaldo ရဲ႕ ရီးယဲလ္ကစားသမားဘ၀ ပထမဆံုးလာလီဂါပြဲစဥျ္ဖစ္ခဲ႔ပါတယ္။ ဒီပြဲမွာေတာ႔ ရီးယဲလ္အသင္းဟာ ဒီပို႔တီဗိုအသင္းကို(၃ – ၂ )နဲ႔အႏိုင္ရရိွခဲ႔ျပီး စီေရာ္နယ္လ္ဒို Cristiano Ronaldo ဟာအသင္းအတြက္ သြင္းဂိုး(၁)ဂိုးသြင္းယူႏိုင္ခဲ႔ပါတယ္။ ပြဲခ်ိန္(၃၅)မိနစ္မွာရရိွခဲ႔တဲ႔ ပယ္နယ္တီကို Cristiano Ronaldo ဟာတည္တည္ျငိမ္ျငိမ္နဲ႔အဆံုးသတ္ခဲ႔တာျဖစ္ျပီး သူ႔ရဲ႕ရီးယဲလ္ကစားသမားဘ၀ လာလီဂါအဖြင္႔ပြဲစဥ္ဟာ လွပခဲ႔ပါတယ္။

စီေရာ္နယ္လ္ဒို Cristiano Ronaldo ဟာကစားခဲ႔တဲ႔အသင္းေတြနဲ႔ ပရီးမီးယားလိဂ္ပြဲဦးထြက္ပြဲ ၊ လာလီဂါပြဲဦးထြက္ပြဲေတြမွာ အဖြင္႔လွခဲ႔တာေၾကာင္႔ ဂ်ဴဗင္တပ္စ္အသင္းနဲ႔စီးရီးေအပြဲဦးထြက္ပြဲစဥ္မွာလည္း အဖြင္႔လွမလားဆိုတာကိုေတာ႔ ေစာင္႔ၾကည္႔သြားၾကရမွာပါ။

Ref: Wikipedia
Photo: FootballNews.biz , The Independent , Daily Star
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

စီးရီးအေ အဖွင့်ပွဲမှာ စီရော်နယ်လ်ဒို Cristiano Ronaldo ခြေစွမ်းပြနိုင်မလား

၂၀၁၈ – ၂၀၁၉ စီးရီးအေဘောလုံးရာသီဟာ မနက်ဖြန်(စနေနေ့ည)မှာစတင်သွားမှာပဲဖြစ်ပါတယ်။ ချီယေဗို နဲ့ ဂျူဗင်တပ်စ်အသင်းတို့ရဲ့ ပွဲစဉ်နဲ့စတင်သွားမှာဖြစ်ပြီး ဂျူဗင်တပ်စ်အသင်းမှာ စီရော်နယ်လ်ဒို Cristiano Ronaldo ရှိနေတာကြောင့် ပရိတ်သတ်စိတ်ဝင်စားမှုမြင့်တက်နေပါတယ်။ စီရော်နယ်လ်ဒို Cristiano Ronaldo ဟာ ပရီးမီးယားလိဂ် ၊ လာလီဂါ ၊ စီးရီးအေ စတဲ့ထိပ်တန်းလိဂ်ပြိုင်ပွဲတွေမှာ ကစားဖူးတဲ့သူလည်းဖြစ်လာတော့မှာပါ။ စီရော်နယ်လ်ဒို Cristiano Ronaldo ဟာ မန်ယူအသင်းနဲ့အတူ ပရီးမီးယားလိဂ်ချန်ပီယံဆု ၊ ရီးယဲလ်မက်ဒရစ်အသင်းနဲ့ လာလီဂါချန်ပီယံဆုတွေကိုရရှိခဲ့တာကြောင့် ဂျူဗင်တပ်စ်အသင်းနဲ့လည်း စီးရီးအေချန်ပီယံဆုကိုရယူနိုင်မလားဆိုတာ စိတ်ဝင်စားစရာပါ။ မန်ယူကစားသမားဘ၀ ပထမဆုံးပရီးမီးယားလိဂ်ပွဲစဉ်နဲ့ ရီးယဲလ်ကစားသမားဘ၀ ပထမဆုံးလာလီဂါပွဲစဉ်တွေမှာ စီရော်နယ်လ်ဒို Cristiano Ronaldo ဟာခြေစွမ်းပြသနိုင်ခဲ့တာကြောင့် အဲ့အချိန်တုန်းကအခြေအနေတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

မန်ယူကစားသမားဘ၀ ပထမဆုံးပရီးမီးယားလိဂ်ပွဲစဉ်

Cristiano-Ronaldo-Manchester-United

Cristiano-Ronaldo-Manchester-United

၂၀၀၃ သြဂုတ်လ ၁၆ ရက်နေ့မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ မန်ယူနဲ့ ဘော်တန်အသင်းတို့ရဲ့ပွဲစဉ်က စီရော်နယ်လ်ဒို Cristiano Ronaldo ရဲ့ မန်ယူကစားသမားဘ၀ ပထမဆုံးပရီးမီးယားလိဂ်ပွဲစဉ်ဖြစ်ခဲ့ပါတယ်။ ဒီပွဲမှာ မန်ယူအသင်းဟာ ဘော်တန်အသင်းကို (၄ – ၀ )နဲ့အနိုင်ရရှိခဲ့ပါတယ်။ စီရော်နယ်လ်ဒို Cristiano Ronaldo ဟာ ပွဲချိန်မိနစ်(၆၀)မှာ နစ်ကီဘတ် Nicky Butt အစားလူစားဝင်လာခဲ့ပြီး စီရော်နယ်လ်ဒို Cristiano Ronaldo လူစားဝင်ချိန်မှာ မန်ယူအသင်းဟာ (၁ – ၀ )ဆိုတဲ့ရလဒ်နဲ့သာ ဦးဆောင်နေခဲ့တာပါ။ စီရော်နယ်လ်ဒို Cristiano Ronaldo ဟာ မန်ယူအသင်းရဲ့ဘယ်တောင်ပံမှာခြေစွမ်းပြကစားနိုင်ခဲ့ပြီး သူ့ရဲ့တစ်ကိုယ်တော်အတိုးအလှုပ်တွေနဲ့ ဘော်တန်နောက်ခံလူတွေကိုဖိအားများစေခဲ့ပါတယ်။ စီရော်နယ်လ်ဒို Cristiano Ronaldo ဝင်ရောက်လာမှ မန်ယူအသင်းဟာနေရာလွတ်တွေပိုရလာခဲ့ပြီး သွင်းဂိုးတွေထပ်ပြီးရရှိခဲ့တာပဲ ဖြစ်ပါတယ်။ ပွဲပြီးခါနီးမှာ စီရော်နယ်လ်ဒို Cristiano Ronaldo ဟာ ညာတောင်ပံမှာ ပြောင်းလဲကစားခဲ့ပြီး ပြိုင်ဘက်နောက်ခံလူတွေကို ဖိအားထပ်ပေးနိုင်ခဲ့ပါတယ်။ ပွဲအပြီးမှာတော့ ဆံပင်ပုံခပ်ဆန်းဆန်းနဲ့ စီရော်နယ်လ်ဒို Cristiano Ronaldo ဟာ ပရိတသတ်တွေကြားမှာ ရေပန်းစားလာပါတော့တယ်။

ရီးယဲလ်ကစားသမားဘ၀ ပထမဆုံးလာလီဂါပွဲစဉ်

Cristiano-Ronaldo-Real-Madrid

Cristiano-Ronaldo-Real-Madrid

၂၀၀၉ ခုနှစ်အရောက်မှာတော့ စီရော်နယ်လ်ဒို Cristiano Ronaldo ဟာ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးပေါင်သန်း(၈၀)နဲ့ ရီးယဲလ်အသင်းကိုရောက်ရှိခဲ့ပါတယ်။ ရီးယဲလ်အသင်းကို ရောက်ခါစမှာ စီရော်နယ်လ်ဒို Cristiano Ronaldo ဟာ ကျောနံပါတ်(၉)ကိုဝတ်ဆင်ခဲ့ပြီး ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးဟာလည်းသူ့အတွက် ဖိအားတစ်ခုဖြစ်စေခဲ့ပါတယ်။ ၂၀၀၉ သြဂုတ်လ ၂၉ ရက်နေ့မှာယှဉ်ပြိုင်ကစားခဲ့တဲ့ ရီးယဲလ်အသင်းနဲ့ ဒီပို့တီဗိုအသင်းတို့ရဲ့ ပွဲစဉ်ဟာ စီရော်နယ်လ်ဒို Cristiano Ronaldo ရဲ့ ရီးယဲလ်ကစားသမားဘ၀ ပထမဆုံးလာလီဂါပွဲစဥြ်ဖစ်ခဲ့ပါတယ်။ ဒီပွဲမှာတော့ ရီးယဲလ်အသင်းဟာ့ ဒီပို့တီဗိုအသင်းကို(၃ – ၂ )နဲ့အနိုင်ရရှိခဲ့ပြီး စီရော်နယ်လ်ဒို Cristiano Ronaldo ဟာအသင်းအတွက် သွင်းဂိုး(၁)ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ပွဲချိန်(၃၅)မိနစ်မှာရရှိခဲ့တဲ့ ပယ်နယ်တီကို Cristiano Ronaldo ဟာတည်တည်ငြိမ်ငြိမ်နဲ့အဆုံးသတ်ခဲ့တာဖြစ်ပြီး သူ့ရဲ့ရီးယဲလ်ကစားသမားဘ၀ လာလီဂါအဖွင့်ပွဲစဉ်ဟာ လှပခဲ့ပါတယ်။

စီရော်နယ်လ်ဒို Cristiano Ronaldo ဟာကစားခဲ့တဲ့အသင်းတွေနဲ့ ပရီးမီးယားလိဂ်ပွဲဦးထွက်ပွဲ ၊ လာလီဂါပွဲဦးထွက်ပွဲတွေမှာ အဖွင့်လှခဲ့တာကြောင့် ဂျူဗင်တပ်စ်အသင်းနဲ့စီးရီးအေပွဲဦးထွက်ပွဲစဉ်မှာလည်း အဖွင့်လှမလားဆိုတာကိုတော့ စောင့်ကြည့်သွားကြရမှာပါ။

Ref: Wikipedia
Photo: FootballNews.biz , The Independent , Daily Star
Ko Kyue(Akhayar)
www.akhayar.com