[Zawgyi]

Cristiano Ronaldo ဟာ ရီးယဲလ္ရဲ႕ ထာ၀ရအေကာင္းဆုံး မဟုတ္ဘူးလုိ႔ ဆုိလုိက္တဲ့ Carvajal

ရီးယဲလ္အသင္းေနာက္ခံလူ ကာဗာဟာလ္ Carvajal က စီေရာ္နယ္လ္ဒုိ Cristiano Ronaldo ဟာ ရီးယဲလ္အသင္း သမုိင္းတစ္ေလွ်က္ ဂုိးအမ်ားဆုံးသြင္းတဲ့သူျဖစ္ခဲ့ေပမယ့္လည္း အသင္းရဲ႕ထာ၀ရအေကာင္းဆုံးကစားသမား မဟုတ္ဘူးလုိ႔ သုံးသပ္ခဲ့ပါတယ္။ ကာဗာဟာလ္ဟာ ရီးယဲလ္အသင္းမွာ စီေရာ္နယ္လ္ဒုိနဲ႔ ၂၀၁၃ ခုႏွစ္ကေန ၂၀၁၈ ခုႏွစ္အထိ တြဲဖက္ကစားခဲ့ၿပီး အခု သူ႔ရဲ႕သုံးသပ္မႈက အံ့အားသင့္စရာေကာင္းေနတယ္။

cristiano-ronaldo-and-carvajal

cristiano-ronaldo-and-carvajal

ကာဗာဟာလ္က စီေရာ္နယ္လ္ဒုိရဲ႕ အရည္အေသြးကုိ အမွတ္ျပည့္ေပးခဲ့ေပမယ့္လည္း ရီးယဲလ္အသင္းရဲ႕ ထာ၀ရအေကာင္းဆုံးကစားသမားက စပိန္ဂႏၳ၀င္တိုက္စစ္မွဴး ရာအူးလ္ Raul သာ ျဖစ္တယ္လုိ႔ ဆုိခဲ့တာပါ။ ရီးယဲလ္အသငး္ရဲ႕ ထာ၀ရအေကာင္းဆုံးကစားသမားက ဘယ္သူလဲလုိ႔ မီဒီယာေတြရဲ႕ ေမးျမန္းမႈကုိ ကာဗာဟာလ္က”ရာအူးလ္ပါပဲ။ သူသာ ရီးယဲလ္အသင္းရဲ႕ ထာ၀ရအေကာင္းဆုံးကစားသမားလုိ႔ ကၽြန္ေတာ္ ယူဆပါတယ္။ ရာအူးလ္က အလုပ္ႀကိဳးစားမႈနဲ႔ အားစုိက္ထုတ္မႈကုိ အေျခခံၿပီး ေအာင္ျမင္မႈေတြ ရယူခဲ့တာျဖစ္သလုိ သူဟာ အသင္းလုိက္ကစားပုံေကာင္းတဲ့ ကစားသမားတစ္ဦးပါ။ သူက အရမ္းႀကီးေျပးႏုိင္တဲ့သူ၊ ေဘာလုံးထိန္းသိမ္းမႈ ေကာင္းတဲ့သူ၊ ေခါင္းတိုက္ေကာင္းမြန္သူ မဟုတ္ေပမယ့္ အေကာင္းဆုံးျဖစ္ေအာင္ စြမ္းေဆာင္ႏုိင္ခဲ့ပါတယ္။ ရီးယဲလ္အသင္းအတြက္ ရာအူးလ္ သြင္းယူခဲ့တဲ့ဂုိးေတြ၊ စြမ္းေဆာင္ခဲ့မႈေတြအရ သူဟာ ရီးယဲလ္အသင္းရဲ႕ အေကာင္းဆုံးကစားသမားလုိ႔ ကၽြန္ေတာ္ သတ္မွတ္ခဲ့တာျဖစ္ပါတယ္”လုိ႔ ေျဖၾကားခဲ့တယ္။ ပရိသတ္ႀကီးေရာ၊ ကာဗာဟာလ္ ေျပာသလုိပဲ ရာအူးလ္ဟာ စီေရာ္နယ္လ္ဒုိထက္ ပုိေကာင္းတယ္ဆုိတာကုိ သေဘာတူရဲဲ႕လား . . .

Raul-And-Cristiano-Ronaldo

Raul-And-Cristiano-Ronaldo

ရီးယဲလ္အသင္းအတြက္ ရာအူးလ္ရဲ႕စြမ္းေဆာင္ရည္မွတ္တမ္း
1992-2010
La Liga games: 550
La Liga goals: 228
Trophies won: La Liga x6, Champions League x3,
UEFA Super Cup x1, Supercopa de Espana x4,
Intercontinental Cup x2

ရီးယဲလ္အသင္းအတြက္ စီေရာ္နယ္လ္ဒုိရဲ႕ စြမ္းေဆာင္ရည္မွတ္တမ္း
2009-2018
La Liga games: 292
La Liga goals: 311
Trophies won: La Liga x2, Copa del Rey x2,
Champions League x4, Club World Cup x3,
UEFA Super Cup x2, Supercopa de Espana x2

REF:Daily Mail
Photo:Pinterest,Libertad Digital
Naing Linn(Akhayar)
www.akhayar.com

[Unicode]

Cristiano Ronaldo ဟာ ရီးယဲလ်ရဲ့ ထာဝရအကောင်းဆုံး မဟုတ်ဘူးလို့ ဆိုလိုက်တဲ့ Carvajal

ရီးယဲလ်အသင်းနောက်ခံလူ ကာဗာဟာလ် Carvajal က စီရော်နယ်လ်ဒို Cristiano Ronaldo ဟာ ရီးယဲလ်အသင်း သမိုင်းတစ်လျှေက် ဂိုးအများဆုံးသွင်းတဲ့သူဖြစ်ခဲ့ပေမယ့်လည်း အသင်းရဲ့ထာဝရအကောင်းဆုံးကစားသမား မဟုတ်ဘူးလို့ သုံးသပ်ခဲ့ပါတယ်။ ကာဗာဟာလ်ဟာ ရီးယဲလ်အသင်းမှာ စီရော်နယ်လ်ဒိုနဲ့ ၂၀၁၃ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အထိ တွဲဖက်ကစားခဲ့ပြီး အခု သူ့ရဲ့သုံးသပ်မှုက အံ့အားသင့်စရာကောင်းနေတယ်။

cristiano-ronaldo-and-carvajal

cristiano-ronaldo-and-carvajal

ကာဗာဟာလ်က စီရော်နယ်လ်ဒိုရဲ့ အရည်အသွေးကို အမှတ်ပြည့်ပေးခဲ့ပေမယ့်လည်း ရီးယဲလ်အသင်းရဲ့ ထာဝရအကောင်းဆုံးကစားသမားက စပိန်ဂန္ထဝင်တိုက်စစ်မှူး ရာအူးလ် Raul သာ ဖြစ်တယ်လို့ ဆိုခဲ့တာပါ။ ရီးယဲလ်အသင်းရဲ့ ထာဝရအကောင်းဆုံးကစားသမားက ဘယ်သူလဲလို့ မီဒီယာတွေရဲ့ မေးမြန်းမှုကို ကာဗာဟာလ်က”ရာအူးလ်ပါပဲ။ သူသာ ရီးယဲလ်အသင်းရဲ့ ထာဝရအကောင်းဆုံးကစားသမားလို့ ကျွန်တော် ယူဆပါတယ်။ ရာအူးလ်က အလုပ်ကြိုးစားမှုနဲ့ အားစိုက်ထုတ်မှုကို အခြေခံပြီး အောင်မြင်မှုတွေ ရယူခဲ့တာဖြစ်သလို သူဟာ အသင်းလိုက်ကစားပုံကောင်းတဲ့ ကစားသမားတစ်ဦးပါ။ သူက အရမ်းကြီးပြေးနိုင်တဲ့သူ၊ ဘောလုံးထိန်းသိမ်းမှု ကောင်းတဲ့သူ၊ ခေါင်းတိုက်ကောင်းမွန်သူ မဟုတ်ပေမယ့် အကောင်းဆုံးဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ရီးယဲလ်အသင်းအတွက် ရာအူးလ် သွင်းယူခဲ့တဲ့ဂိုးတွေ၊ စွမ်းဆောင်ခဲ့မှုတွေအရ သူဟာ ရီးယဲလ်အသင်းရဲ့ အကောင်းဆုံးကစားသမားလို့ ကျွန်တော် သတ်မှတ်ခဲ့တာဖြစ်ပါတယ်”လို့ ဖြေကြားခဲ့တယ်။ ပရိသတ်ကြီးရော၊ ကာဗာဟာလ် ပြောသလိုပဲ ရာအူးလ်ဟာ စီရော်နယ်လ်ဒိုထက် ပိုကောင်းတယ်ဆိုတာကို သဘောတူရဲ့လား . . .

Raul-And-Cristiano-Ronaldo

Raul-And-Cristiano-Ronaldo

ရီးယဲလ်အသင်းအတွက် ရာအူးလ်ရဲ့စွမ်းဆောင်ရည်မှတ်တမ်း
1992-2010
La Liga games: 550
La Liga goals: 228
Trophies won: La Liga x6, Champions League x3,
UEFA Super Cup x1, Supercopa de Espana x4,
Intercontinental Cup x2

ရီးယဲလ်အသင်းအတွက် စီရော်နယ်လ်ဒိုရဲ့ စွမ်းဆောင်ရည်မှတ်တမ်း
2009-2018
La Liga games: 292
La Liga goals: 311
Trophies won: La Liga x2, Copa del Rey x2,
Champions League x4, Club World Cup x3,
UEFA Super Cup x2, Supercopa de Espana x2

REF:Daily Mail
Photo:Pinterest,Libertad Digital
Naing Linn(Akhayar)
www.akhayar.com