[Zawgyi]

စီးရီးေအမွာ (၈၉)ႏွစ္ၾကာျမင့္ေနၿပီျဖစ္တဲ့ စံခ်ိန္တစ္ခုကုိ Cristiano Ronaldo ခ်ိဳးျဖတ္ႏုိင္မလား

စီေရာ္နယ္လ္ဒို Cristiano Ronaldo ဆုိတာ စံခ်ိန္မွတ္တမ္းေတြကုိ ခ်ိဳးျဖတ္တဲ့ေနရာမွာ ဆရာတစ္ဆူပါပဲ။ မန္ယူ၊ ရီးယဲလ္တို႔မွာ ကစားခဲ့တုန္းကလည္း အမ်ိဳးမ်ိဳးေသာ စံခ်ိန္ေတြကုိ ခ်ိးျဖတ္ႏုိင္ခဲ့တဲ့ စီေရာ္နယ္လ္ဒုိအတြက္ စီးရီးေအမွာ (၈၉)ႏွစ္ၾကာျမင့္ေနၿပီျဖစ္တဲ့ စံခ်ိန္တစ္ခုက ေစာင့္ႀကိဳလုိ႔ေနပါၿပီ။ အဲဒါကေတာ့ ၁၉၂၉ ခုႏွစ္တုန္းက စီးရီးေအဂႏၳ၀င္ကစားသမား ေရာ႔ဆက္တီ Rossetti တင္ရွိခဲ့တဲ့ စီးရီးေအတစ္ရာသီအတြင္း သြင္းဂုိးအမ်ားဆုံး စံခ်ိန္ပါပဲ။ ေရာ႔ဆက္တီဟာ တုိရီႏုိအသင္းမွာ ကစားခဲ့တုန္းက ၁၉၂၈-၂၉ ရာသီမွာ (၃၆)ဂုိးအထိ သြင္းယူခဲ့ၿပီး အဲဒီစံခ်ိန္ကုိ အခုထိ ဘယ္သူမွ မခ်ိဳးျဖတ္ႏုိင္ေသးဘူး။

Gonzalo-Higuain-equal-the-record-in-2016-at-Napoli

Gonzalo-Higuain-equal-the-record-in-2016-at-Napoli

အခု ေအစီမီလန္အသင္းမွာ ကစားေနတဲ့ နာပုိလီတိုက္စစ္မွဴးေဟာင္း ဟီဂြါအင္ Higuain တစ္ေယာက္ပဲ အဲဒီစံခ်ိန္ကုိ အမီလုိက္ႏုိင္ဖူးတယ္။ ဟီဂြါအင္က နာပုိလီကစားသမားဘ၀ ၂၀၁၆ ခုႏွစ္မွာ (၃၆)ဂုိး သြင္းယူၿပီး ေရာ႔ဆက္တီရဲ႕ စံခ်ိန္ကုိ လုိက္မီခဲ့တာပါ။ အခုအခ်ိန္မွာေတာ့ စီးရီးေအ ပရိသတ္ေတြ အားလုံးက ေရာ႔ဆက္တီရဲ႕ စံခ်ိန္ကုိ စီေရာ္နယ္လ္ဒုိ ခ်ိဳးျဖတ္ႏုိင္မလားဆုိၿပီး ေစာင့္ၾကည့္ေနၾကပါၿပီ။ ဘြတ္ကီဒုိင္ျဖစ္တဲ့ Betfair ကေတာ့ စီေရာ္နယ္လ္ဒုိဟာ ဂ်ဴဗင္တပ္စ္ကစားသမားဘ၀ ပထမဆုံးရာသီမွာ ေရာ႔ဆက္တီရဲ႕ စံခ်ိန္ကုိ ခ်ိဳးျဖတ္လိမ့္မယ္ဆုိၿပီး ၆ ေလး/၁ေလး နဲ႔ ေလာင္းေၾကးဖြင့္လုိက္ၿပီျဖစ္ပါတယ္။

Cristiano-Ronaldo-Goal-Record

Cristiano-Ronaldo-Goal-Record

ရီးယဲလ္ ကစားသမားဘ၀မွာေတာ့ စီေရာ္နယ္လ္ဒုိရဲ႕ ရာသီအလုိက္ သြင္းဂုိးမွတ္တမ္းက ေၾကာက္ခမန္းလိလိပါပဲ။ ဂုိး(၄၀)နဲ႔အထက္ သြင္းယူခဲ့တာက (၃)ရာသီရွိခဲ့တဲ့အျပင္ ရီးယဲလ္ကစားသမား (၉)ႏွစ္တာကာလမွာ တစ္ရာသီ ပ်မ္းမွ်သြင္းဂုိးက (၃၄.၅)ရာခုိင္ႏႈန္းအထိ ရွိခဲ့တယ္။ ဒါေၾကာင့္ စီေရာ္နယ္လ္ဒုိအေနနဲ႔ အီတလီေျမမွာလည္း သူ႔ရဲ႕ ဂုိးသြင္းစြမ္းရည္ေကာင္းေတြကုိ ဆက္ထိန္းၿပီး (၈၉)ႏွစ္ၾကာျမင့္ေနၿပီျဖစ္တဲ့ ေရာ႔ဆက္တီရဲ႕ စံခ်ိန္ကုိ ခ်ိဳးျဖတ္ႏုိင္မလားဆုိတာေတာ့ . . .

REF:The Sun
Photo:The National,The Sun
Naing Linn(Akhayar)
www.akhayar.com

[Unicode]

စီးရီးအေမှာ (၈၉)နှစ်ကြာမြင့်နေပြီဖြစ်တဲ့ စံချိန်တစ်ခုကို Cristiano Ronaldo ချိုးဖြတ်နိုင်မလား

စီရော်နယ်လ်ဒို Cristiano Ronaldo ဆိုတာ စံချိန်မှတ်တမ်းတွေကို ချိုးဖြတ်တဲ့နေရာမှာ ဆရာတစ်ဆူပါပဲ။ မန်ယူ၊ ရီးယဲလ်တို့မှာ ကစားခဲ့တုန်းကလည်း အမျိုးမျိုးသော စံချိန်တွေကို ချိးဖြတ်နိုင်ခဲ့တဲ့ စီရော်နယ်လ်ဒိုအတွက် စီးရီးအေမှာ (၈၉)နှစ်ကြာမြင့်နေပြီဖြစ်တဲ့ စံချိန်တစ်ခုက စောင့်ကြိုလို့နေပါပြီ။ အဲဒါကတော့ ၁၉၂၉ ခုနှစ်တုန်းက စီးရီးအေဂန္ထဝင်ကစားသမား ရော့ဆက်တီ Rossetti တင်ရှိခဲ့တဲ့ စီးရီးအေတစ်ရာသီအတွင်း သွင်းဂိုးအများဆုံး စံချိန်ပါပဲ။ ရော့ဆက်တီဟာ တိုရီနိုအသင်းမှာ ကစားခဲ့တုန်းက ၁၉၂၈-၂၉ ရာသီမှာ (၃၆)ဂိုးအထိ သွင်းယူခဲ့ပြီး အဲဒီစံချိန်ကို အခုထိ ဘယ်သူမှ မချိုးဖြတ်နိုင်သေးဘူး။

Gonzalo-Higuain-equal-the-record-in-2016-at-Napoli

Gonzalo-Higuain-equal-the-record-in-2016-at-Napoli

အခု အေစီမီလန်အသင်းမှာ ကစားနေတဲ့ နာပိုလီတိုက်စစ်မှူးဟောင်း ဟီဂွါအင် Higuain တစ်ယောက်ပဲ အဲဒီစံချိန်ကို အမီလိုက်နိုင်ဖူးတယ်။ ဟီဂွါအင်က နာပိုလီကစားသမားဘ၀ ၂၀၁၆ ခုနှစ်မှာ (၃၆)ဂိုး သွင်းယူပြီး ရော့ဆက်တီရဲ့ စံချိန်ကို လိုက်မီခဲ့တာပါ။ အခုအချိန်မှာတော့ စီးရီးအေ ပရိသတ်တွေ အားလုံးက ရော့ဆက်တီရဲ့ စံချိန်ကို စီရော်နယ်လ်ဒို ချိုးဖြတ်နိုင်မလားဆိုပြီး စောင့်ကြည့်နေကြပါပြီ။ ဘွတ်ကီဒိုင်ဖြစ်တဲ့ Betfair ကတော့ စီရော်နယ်လ်ဒိုဟာ ဂျူဗင်တပ်စ်ကစားသမားဘ၀ ပထမဆုံးရာသီမှာ ရော့ဆက်တီရဲ့ စံချိန်ကို ချိုးဖြတ်လိမ့်မယ်ဆိုပြီး ၆ လေး/၁လေး နဲ့ လောင်းကြေးဖွင့်လိုက်ပြီဖြစ်ပါတယ်။

Cristiano-Ronaldo-Goal-Record

Cristiano-Ronaldo-Goal-Record

ရီးယဲလ် ကစားသမားဘဝမှာတော့ စီရော်နယ်လ်ဒိုရဲ့ ရာသီအလိုက် သွင်းဂိုးမှတ်တမ်းက ကြောက်ခမန်းလိလိပါပဲ။ ဂိုး(၄၀)နဲ့အထက် သွင်းယူခဲ့တာက (၃)ရာသီရှိခဲ့တဲ့အပြင် ရီးယဲလ်ကစားသမား (၉)နှစ်တာကာလမှာ တစ်ရာသီ ပျမ်းမျှသွင်းဂိုးက (၃၄.၅)ရာခိုင်နှုန်းအထိ ရှိခဲ့တယ်။ ဒါကြောင့် စီရော်နယ်လ်ဒိုအနေနဲ့ အီတလီမြေမှာလည်း သူ့ရဲ့ ဂိုးသွင်းစွမ်းရည်ကောင်းတွေကို ဆက်ထိန်းပြီး (၈၉)နှစ်ကြာမြင့်နေပြီဖြစ်တဲ့ ရော့ဆက်တီရဲ့ စံချိန်ကို ချိုးဖြတ်နိုင်မလားဆိုတာတော့ . . .

REF:The Sun
Photo:The National,The Sun
Naing Linn(Akhayar)
www.akhayar.com