[Zawgyi]

ရီးယဲလ္ကစားသမားဘ၀ စီေရာ္နယ္လ္ဒုိ C.Ronaldo နဲ႔ပတ္သက္တဲ့ ကိန္းဂဏန္းမ်ား

၂၀၀၉ ခုႏွစ္မွာ ရီးယဲလ္ကစားသမားဘ၀ စတင္ခဲ့တဲ့ စီေရာ္နယ္လ္ဒုိ C.Ronaldo ဟာ (၉)ႏွစ္အၾကာမွာေတာ့ ရီးယဲလ္အသင္းကစားသမားဘ၀ကုိ အဆုံးသတ္ခဲ့ပါၿပီ။ ဟက္ထရစ္(၄၄)ႀကိမ္အပါအ၀င္ စုစုေပါင္း (၄၅၀)ဂုိးအထိ သြင္းယူခဲ့ၿပီး ရီးယဲလ္အသငး္သမုိင္းတစ္ေလွ်ာက္ သြင္းဂုိးအမ်ားဆုံးကစားသမားအျဖစ္ ရပ္တည္ခဲ့သူ စီေရာ္နယ္လ္ဒုိဟာ ရီးယဲလ္အသငး္နဲ႔အတူ ခ်န္ပီယံလိဂ္(၄)ႀကိမ္ ဆြတ္ခူးခဲ့သူလည္းျဖစ္ပါတယ္။ စီေရာ္နယ္လ္ဒုိရဲ႕ ေအာင္ျမင္မႈေတြ၊ စံခ်ိန္မွတ္တမ္းေတြက ရီးယဲလ္အသင္းသမုိင္းတစ္ေလွ်ာက္ ထာ၀ရ ရွင္သန္ေနမွာျဖစ္ၿပီး သူ႔လုိ ကစားသမားမ်ိဳးရဲ႕ေနရာမွာ အစားထုိးဖုိ႔ဆုိတာက လြယ္လြယ္နဲ႔ျဖစ္လာမွာ မဟုတ္ပါဘူး။ ရီးယဲလ္ကစားသမားဘ၀မွာ စီေရာ္နယ္လ္ဒုိနဲ႔ပတ္သက္တဲ့ ထူးျခားတဲ့ကိန္းဂဏန္းေတြကုိ ပရိသတ္ေတြ သိရွိႏုိင္ေအာင္ ေဖာ္ျပလုိက္ပါတယ္ . . . .

Cristiano-Ronaldo-and-5-FIFA-Ballon-dOr

Cristiano-Ronaldo-and-5-FIFA-Ballon-dOr

၄၅၀ – စီေရာ္နယ္လ္ဒုိဟာ ရီးယဲလ္အသင္းအတြက္ (၄၃၈)ပဲြကစား၊ (၄၅၀)ဂုိးသြင္းယူခဲ့တယ္။
၁၇ – ၂၀၁၃-၁၄ ရာသီ ခ်န္ပီယံလိဂ္မွာ စီေရာ္နယ္လ္ဒုိ သြင္းယူခဲ့တဲ့ သြင္းဂုိးအေရအတြက္ျဖစ္ၿပီး ခ်န္ပီယံလိဂ္တစ္ရာသီအတြင္း သြင္းဂုိးအမ်ားဆုံးအျဖစ္ စံခ်ိန္တင္ခဲ့ပါတယ္။
၁၀၅ – ခ်န္ပီယံလိဂ္ၿပိဳင္ပဲြတစ္ေလွ်ာက္ ရီးယဲလ္အသငး္အတြက္ စီေရာ္နယ္လ္ဒုိ သြင္းယူခဲ့တဲ့ ဂုိးအေရအတြက္ပါ။
– ေနာက္ဆုံး(၃)ႀကိမ္ဆက္အပါအ၀င္ ရီးယဲလ္နဲ႔အတူ စီေရာ္နယ္လ္ဒုိ ရရွိခဲ့တဲ့ ခ်န္ပီယံလိဂ္ဖလားအေရအတြက္ျဖစ္ပါတယ္။

Cristiano-Ronaldo-and-Champions-League2

Cristiano-Ronaldo-and-Champions-League2

၃၁၁ – စီေရာ္နယ္လ္ဒုိရဲ႕ လာလီဂါသြင္းဂုိးအေရအတြက္ပါ။
– စီေရာ္နယ္လ္ဒုိဟာ ၂၀၁၁-၁၂၊ ၂၀၁၆-၁၇ ရာသီေတြမွာ လာလီဂါဆုဖလား ဆြတ္ခူးခဲ့တယ္။
၁၆ – ရီးယဲလ္အသင္းနဲ႔အတူ စီေရာ္နယ္လ္ဒုိရရွိခ့ဲတဲ့ အဓိက ဆုဖလားအေရအတြက္ပါ။
– ရီးယဲလ္ကစားသမားဘ၀တစ္ေလွ်ာက္ စီေရာ္နယ္လ္ဒုိ ဆြတ္ခူးခဲ့တဲ့ Ballon d’Or ဆုအေရအတြက္ျဖစ္ပါတယ္။
၄၄ – စီေရာ္နယ္လ္ဒုိဟာ ရီးယဲလ္အသင္းအတြက္ ဟက္ထရစ္(၄၄)ႀကိမ္သြင္းယူခဲ့ၿပီး လာလီဂါမွာ ကလပ္စံခ်ိန္တင္အျဖစ္ (၃၄)ႀကိမ္သြင္းယူခဲ့တယ္။
– ဂရန္နာဒါကုိ (၉-၁)ဂုိးနဲ႔ အႏုိင္ရခဲ့တုန္းက စီေရာ္နယ္လ္ဒုိဟာ (၈)မိနစ္အတြင္း ဟက္ထရစ္သြင္းယူခဲ့ၿပီး အသင္းရဲ႕အျမန္ဆုံးဟက္ထရစ္စံခ်ိန္ကုိ အမီလုိက္ႏုိင္ခဲ့ပါတယ္။

Cristiano-Ronaldo-and-FIFA-Club-World-Cup

Cristiano-Ronaldo-and-FIFA-Club-World-Cup

၆၁ – ၂၀၁၄-၁၅ ရာသီတုန္းက စီေရာ္နယ္လ္ဒုိဟာ ၿပိဳင္ပဲြစုံမွာ (၆၁)ဂုိးအထိသြင္းယူခဲ့ၿပီး သူ႔ကစားသမားဘ၀တစ္ေလွ်ာက္ သြင္းဂုိးအမ်ားဆုံးရာသီျဖစ္ခဲ့တယ္။
၈၀ – ၂၀၀၉ ခုႏွစ္မွာ ရီးယဲလ္အသင္း စီေရာ္နယ္လ္ဒုိကုိ ေခၚယူခဲ့တုန္းက မန္ယူအသင္းကုိ ေပါင္သန္း(၈၀)ေပးေခ်ခ့ဲရၿပီး အဲဒီအခ်ိန္က ကမၻာ႔စံခ်ိန္တင္ျဖစ္ခဲ့တယ္။
၆၅၈ – စီေရာ္နယ္လ္ဒုိရဲ႕ ကစားသမားဘ၀တစ္ေလွ်ာက္ သြင္းဂုိးအေရအတြက္ျဖစ္ၿပီး စပုိ႔တင္းလစၥဘြန္းအတြက္ (၅)ဂုိး၊ မန္ယူအသင္းအတြက္ (၁၁၈)ဂုိး၊ ရီးယဲလ္အတြက္ (၄၅၀)ဂုိး၊ ေပၚတူဂီအသငး္အတြက္ (၈၅)ဂုိးသြင္းယူခဲ့တယ္။

REF:Daily Mail
Photo:.japantimes,chano8.com,informationng.com,3.bp.blogspot,The Sun
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ရီးယဲလ်ကစားသမားဘ၀ စီရော်နယ်လ်ဒို C.Ronaldo နဲ့ပတ်သက်တဲ့ ကိန်းဂဏန်းများ

၂၀၀၉ ခုနှစ်မှာ ရီးယဲလ်ကစားသမားဘ၀ စတင်ခဲ့တဲ့ စီရော်နယ်လ်ဒို C.Ronaldo ဟာ (၉)နှစ်အကြာမှာတော့ ရီးယဲလ်အသင်းကစားသမားဘဝကို အဆုံးသတ်ခဲ့ပါပြီ။ ဟက်ထရစ်(၄၄)ကြိမ်အပါအဝင် စုစုပေါင်း (၄၅၀)ဂိုးအထိ သွင်းယူခဲ့ပြီး ရီးယဲလ်အသင်းသမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံးကစားသမားအဖြစ် ရပ်တည်ခဲ့သူ စီရော်နယ်လ်ဒိုဟာ ရီးယဲလ်အသင်းနဲ့အတူ ချန်ပီယံလိဂ်(၄)ကြိမ် ဆွတ်ခူးခဲ့သူလည်းဖြစ်ပါတယ်။ စီရော်နယ်လ်ဒိုရဲ့ အောင်မြင်မှုတွေ၊ စံချိန်မှတ်တမ်းတွေက ရီးယဲလ်အသင်းသမိုင်းတစ်လျှောက် ထာဝရ ရှင်သန်နေမှာဖြစ်ပြီး သူ့လို ကစားသမားမျိုးရဲ့နေရာမှာ အစားထိုးဖို့ဆိုတာက လွယ်လွယ်နဲ့ဖြစ်လာမှာ မဟုတ်ပါဘူး။ ရီးယဲလ်ကစားသမားဘဝမှာ စီရော်နယ်လ်ဒိုနဲ့ပတ်သက်တဲ့ ထူးခြားတဲ့ကိန်းဂဏန်းတွေကို ပရိသတ်တွေ သိရှိနိုင်အောင် ဖော်ပြလိုက်ပါတယ် . . . .

Cristiano-Ronaldo-and-5-FIFA-Ballon-dOr

Cristiano-Ronaldo-and-5-FIFA-Ballon-dOr

၄၅၀ – စီရော်နယ်လ်ဒိုဟာ ရီးယဲလ်အသင်းအတွက် (၄၃၈)ပွဲကစား၊ (၄၅၀)ဂိုးသွင်းယူခဲ့တယ်။
၁၇ – ၂၀၁၃-၁၄ ရာသီ ချန်ပီယံလိဂ်မှာ စီရော်နယ်လ်ဒို သွင်းယူခဲ့တဲ့ သွင်းဂိုးအရေအတွက်ဖြစ်ပြီး ချန်ပီယံလိဂ်တစ်ရာသီအတွင်း သွင်းဂိုးအများဆုံးအဖြစ် စံချိန်တင်ခဲ့ပါတယ်။
၁၀၅ – ချန်ပီယံလိဂ်ပြိုင်ပွဲတစ်လျှောက် ရီးယဲလ်အသင်းအတွက် စီရော်နယ်လ်ဒို သွင်းယူခဲ့တဲ့ ဂိုးအရေအတွက်ပါ။
– နောက်ဆုံး(၃)ကြိမ်ဆက်အပါအဝင် ရီးယဲလ်နဲ့အတူ စီရော်နယ်လ်ဒို ရရှိခဲ့တဲ့ ချန်ပီယံလိဂ်ဖလားအရေအတွက်ဖြစ်ပါတယ်။

Cristiano-Ronaldo-and-Champions-League2

Cristiano-Ronaldo-and-Champions-League2

၃၁၁ – စီရော်နယ်လ်ဒိုရဲ့ လာလီဂါသွင်းဂိုးအရေအတွက်ပါ။
– စီရော်နယ်လ်ဒိုဟာ ၂၀၁၁-၁၂၊ ၂၀၁၆-၁၇ ရာသီတွေမှာ လာလီဂါဆုဖလား ဆွတ်ခူးခဲ့တယ်။
၁၆ – ရီးယဲလ်အသင်းနဲ့အတူ စီရော်နယ်လ်ဒိုရရှိခဲ့တဲ့ အဓိက ဆုဖလားအရေအတွက်ပါ။
– ရီးယဲလ်ကစားသမားဘဝတစ်လျှောက် စီရော်နယ်လ်ဒို ဆွတ်ခူးခဲ့တဲ့ Ballon d’Or ဆုအရေအတွက်ဖြစ်ပါတယ်။
၄၄ – စီရော်နယ်လ်ဒိုဟာ ရီးယဲလ်အသင်းအတွက် ဟက်ထရစ်(၄၄)ကြိမ်သွင်းယူခဲ့ပြီး လာလီဂါမှာ ကလပ်စံချိန်တင်အဖြစ် (၃၄)ကြိမ်သွင်းယူခဲ့တယ်။
– ဂရန်နာဒါကို (၉-၁)ဂိုးနဲ့ အနိုင်ရခဲ့တုန်းက စီရော်နယ်လ်ဒိုဟာ (၈)မိနစ်အတွင်း ဟက်ထရစ်သွင်းယူခဲ့ပြီး အသင်းရဲ့အမြန်ဆုံးဟက်ထရစ်စံချိန်ကို အမီလိုက်နိုင်ခဲ့ပါတယ်။

Cristiano-Ronaldo-and-FIFA-Club-World-Cup

Cristiano-Ronaldo-and-FIFA-Club-World-Cup

၆၁ – ၂၀၁၄-၁၅ ရာသီတုန်းက စီရော်နယ်လ်ဒိုဟာ ပြိုင်ပွဲစုံမှာ (၆၁)ဂိုးအထိသွင်းယူခဲ့ပြီး သူ့ကစားသမားဘဝတစ်လျှောက် သွင်းဂိုးအများဆုံးရာသီဖြစ်ခဲ့တယ်။
၈၀ – ၂၀၀၉ ခုနှစ်မှာ ရီးယဲလ်အသင်း စီရော်နယ်လ်ဒိုကို ခေါ်ယူခဲ့တုန်းက မန်ယူအသင်းကို ပေါင်သန်း(၈၀)ပေးချေခဲ့ရပြီး အဲဒီအချိန်က ကမ္ဘာ့စံချိန်တင်ဖြစ်ခဲ့တယ်။
၆၅၈ – စီရော်နယ်လ်ဒိုရဲ့ ကစားသမားဘဝတစ်လျှောက် သွင်းဂိုးအရေအတွက်ဖြစ်ပြီး စပို့တင်းလစ္စဘွန်းအတွက် (၅)ဂိုး၊ မန်ယူအသင်းအတွက် (၁၁၈)ဂိုး၊ ရီးယဲလ်အတွက် (၄၅၀)ဂိုး၊ ပေါ်တူဂီအသင်းအတွက် (၈၅)ဂိုးသွင်းယူခဲ့တယ်။

REF:Daily Mail
Photo:.japantimes,chano8.com,informationng.com,3.bp.blogspot,The Sun
Naing Linn(Akhayar)
www.akhayar.com