[Zawgyi]

နာမည္ေက်ာ္ ႏြား႐ုိင္းသတ္ကစားသမားကုိ ကမၻာ႔ဖလားကာလအတြင္း Bodyguard ငွားခဲ့တဲ့ စီေရာ္နယ္လ္ဒုိ C.Ronaldo

ေပၚတူဂီ နာမည္ေက်ာ္ကစားသမား စီေရာ္နယ္လ္ဒုိ C.Ronaldo ဟာ ၂၀၁၈ ကမၻာ႔ဖလားယွဥ္ၿပိဳင္မယ့္ ကာလအတြင္း သူ႔ရဲ႕ သက္ေတာ္ေစာင့္ Bodyguard အျဖစ္ နာမည္ႀကီး ႏြား႐ုိင္းသတ္(Bull Fighter) ကစားသမားတစ္ဦးျဖစ္တဲ့ ႏူႏုိမာရီေကာ့စ္ Nuno Marecos ဆုိသူကုိ ငွားရမ္းခဲ့ပါတယ္။ အၾကမ္းဖက္အဖဲြ႕ ျဖစ္တဲ့ IS က လာမယ့္ ကမၻာ႔ဖလားၿပိဳင္ပဲြက်ရင္ စီေရာ္နယ္လ္ဒုိကုိ အသက္အႏၱရာယ္ၿခိမ္းေျခာက္မႈေတြ လုပ္ထားတာေၾကာင့္ သူ႔ရဲ႕ လုံၿခံဳေရးအတြက္ ႏူႏုိမာရီေကာ့စ္ကုိ သက္ေတာ္ေစာင့္ ခန္႔အပ္ခဲ့တာလည္းျဖစ္ပါတယ္။

Nuno-MarecosLeft-And-Cristiano-Ronaldo-Family

Nuno-Marecos(Left)-And-Cristiano-Ronaldo-Family

ေလထီးစစ္သည္ေဟာင္း တစ္ဦးျဖစ္႐ုံသာကမ MMA ဖုိက္တာ တစ္ဦးျဖစ္တဲ့ ႏူႏုိမာရီေကာ့စ္ဟာ ေန႔ပုိင္း ဆုိရင္ ႏြား႐ုိင္းေတြကုိ လက္ဗလာနဲ႔ ရင္ဆုိင္တုိက္ခုိက္ရတဲ့ပဲြေတြမွာ ပါ၀င္ယွဥ္ၿပိဳင္သူျဖစ္ၿပီး ႏုိင္ပဲြေတြလည္း ရယူႏုိင္ခဲ့သူပါ။ စီေရာ္နယ္လ္ဒုိဟာ ၿပီးခဲ့တဲ့ ခ်န္ပီယံလိဂ္ဗုိလ္လုပဲြတုန္းကလည္း ႏူႏုိမာရီေကာ့စ္ကုိ သက္ေတာ္ေစာင့္ ငွားရမ္းခဲ့ၿပီး သူ႔ရဲ႕အရည္အေသြးကုိ သေဘာက်တာေၾကာင့္ လာမယ့္ကမၻာ႔ဖလားမွာလည္း ဆက္ ၿပီး ငွားရမ္းခဲ့တာျဖစ္ပါတယ္။ စီေရာ္နယ္လ္ဒုိနဲ႔ နီးစပ္တဲ့အသုိင္းအ၀ုိင္းက လူတစ္ဦးက”စီေရာ္နယ္လ္ဒုိဟာ ႏြား႐ုိင္းသတ္ပဲြ ေတြ အေတာ္မ်ားမ်ားကုိ ၾကည့္႐ႈခဲ့ၿပီး သူ ျမင္ဖူးတဲ့ လူသန္ႀကီးေတြထဲမွာ ႏူႏုိမာရီေကာ့စ္လည္း တစ္ဦးအပါ အ၀င္လုိ႔ သတ္မွတ္ခဲ့တယ္။ ဒီလုိလူမ်ိဳးသာေဘးမွာ ရွိရင္ ဘယ္သူမွ လာမေႏွာင့္ယွက္ႏုိင္ဘူးလုိ႔ စီေရာ္နယ္လ္ဒုိက ယုံၾကည္ပါတယ္။ ကိဗ္မွာတုန္းကလည္း ႏူႏုိဟာ စီေရာ္နယ္လ္ဒုိရဲ႕ ေဘးမွာ အခ်ိန္တိုင္းလုိလုိ ကာကြယ္ေပးခဲ့သလုိ လာမယ့္ကမၻာ႔ဖလားက်ရင္လည္း စီေရာ္နယ္လ္ဒုိရဲ႕ သက္ေတာ္ေစာင့္အျဖစ္ ဆက္ရွိေနမွာပါ”လုိ႔ ဆုိခဲ့ပါတယ္။

REF:The Sun
Photo: The Standard,The Sun
Naing Linn(Akhayar)
www.akhayar.com

[Unicode]

နာမည်ကျော် နွားရိုင်းသတ်ကစားသမားကို ကမ္ဘာ့ဖလားကာလအတွင်း Bodyguard ငှားခဲ့တဲ့ စီရော်နယ်လ်ဒို C.Ronaldo

ပေါ်တူဂီ နာမည်ကျော်ကစားသမား စီရော်နယ်လ်ဒို C.Ronaldo ဟာ ၂၀၁၈ ကမ္ဘာ့ဖလားယှဉ်ပြိုင်မယ့် ကာလအတွင်း သူ့ရဲ့ သက်တော်စောင့် Bodyguard အဖြစ် နာမည်ကြီး နွားရိုင်းသတ်(Bull Fighter) ကစားသမားတစ်ဦးဖြစ်တဲ့ နူနိုမာရီကော့စ် Nuno Marecos ဆိုသူကို ငှားရမ်းခဲ့ပါတယ်။ အကြမ်းဖက်အဖွဲ့ ဖြစ်တဲ့ IS က လာမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲကျရင် စီရော်နယ်လ်ဒိုကို အသက်အန္တရာယ်ခြိမ်းခြောက်မှုတွေ လုပ်ထားတာကြောင့် သူ့ရဲ့ လုံခြုံရေးအတွက် နူနိုမာရီကော့စ်ကို သက်တော်စောင့် ခန့်အပ်ခဲ့တာလည်းဖြစ်ပါတယ်။

Nuno-MarecosLeft-And-Cristiano-Ronaldo-Family

Nuno-Marecos(Left)-And-Cristiano-Ronaldo-Family

လေထီးစစ်သည်ဟောင်း တစ်ဦးဖြစ်ရုံသာကမ MMA ဖိုက်တာ တစ်ဦးဖြစ်တဲ့ နူနိုမာရီကော့စ်ဟာ နေ့ပိုင်း ဆိုရင် နွားရိုင်းတွေကို လက်ဗလာနဲ့ ရင်ဆိုင်တိုက်ခိုက်ရတဲ့ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်သူဖြစ်ပြီး နိုင်ပွဲတွေလည်း ရယူနိုင်ခဲ့သူပါ။ စီရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲတုန်းကလည်း နူနိုမာရီကော့စ်ကို သက်တော်စောင့် ငှားရမ်းခဲ့ပြီး သူ့ရဲ့အရည်အသွေးကို သဘောကျတာကြောင့် လာမယ့်ကမ္ဘာ့ဖလားမှာလည်း ဆက် ပြီး ငှားရမ်းခဲ့တာဖြစ်ပါတယ်။ စီရော်နယ်လ်ဒိုနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းက လူတစ်ဦးက”စီရော်နယ်လ်ဒိုဟာ နွားရိုင်းသတ်ပွဲ တွေ အတော်များများကို ကြည့်ရှုခဲ့ပြီး သူ မြင်ဖူးတဲ့ လူသန်ကြီးတွေထဲမှာ နူနိုမာရီကော့စ်လည်း တစ်ဦးအပါ အဝင်လို့ သတ်မှတ်ခဲ့တယ်။ ဒီလိုလူမျိုးသာဘေးမှာ ရှိရင် ဘယ်သူမှ လာမနှောင့်ယှက်နိုင်ဘူးလို့ စီရော်နယ်လ်ဒိုက ယုံကြည်ပါတယ်။ ကိဗ်မှာတုန်းကလည်း နူနိုဟာ စီရော်နယ်လ်ဒိုရဲ့ ဘေးမှာ အချိန်တိုင်းလိုလို ကာကွယ်ပေးခဲ့သလို လာမယ့်ကမ္ဘာ့ဖလားကျရင်လည်း စီရော်နယ်လ်ဒိုရဲ့ သက်တော်စောင့်အဖြစ် ဆက်ရှိနေမှာပါ”လို့ ဆိုခဲ့ပါတယ်။

REF:The Sun
Photo: The Standard,The Sun
Naing Linn(Akhayar)
www.akhayar.com