[Zawgyi]

(၈)ႏွစ္ဆက္တိုက္ ေဘာလုံးျပကၡဒိန္တစ္ခုအတြင္း ဂုိး(၄၀)နဲ႔အထက္ သြင္းယူခဲ့တဲ့ Cristiano Ronaldo

ဂ်ဴဗင္တပ္စ္အသင္းရဲ႕ ေပၚတူဂီနာမည္ေက်ာ္ တိုက္စစ္ကစားသမား စီေရာ္နယ္လ္ဒုိ Cristiano Ronaldo ဟာ (၈)ႏွစ္ဆက္တိုက္ ေဘာလုံးျပကၡဒိန္တစ္ခုအတြင္း အနည္းဆုံးဂုိး(၄၀)နဲ႔အထက္ သြင္းယူခ့ဲတဲ့ မွတ္တမ္းေကာင္းတစ္ခုကုိ ပုိင္ဆုိင္ခ့ဲပါတယ္။ ရီးယဲလ္အသင္း သမုိင္းတစ္ေလွ်ာက္ သြင္းဂုိးအမ်ားဆုံး ကစားသမား၊ ေပၚတူဂီအသင္းရဲ႕ သြင္းဂုိးအမ်ားဆုံးကစားသမား၊ ခ်န္ပီယံလိဂ္ၿပိဳင္ပဲြတစ္ေလွ်ာက္ သြင္းဂုိးအမ်ားဆုံး စတဲ့ ဂုဏ္ပုဒ္ပုိင္ရွင္ စီေရာ္နယ္လ္ဒုိဟာ ၂၀၁၀ က စလုိ႔ ၂၀၁၈ ခုႏွစ္အထိ (၁)ႏွစ္အတြင္း ဂုိး(၄၀)နဲ႔အထက္ သြင္းယူခဲ့တာျဖစ္ပါတယ္။

Cristiano-Ronaldo

Cristiano-Ronaldo

အဲဒီကာလအတြင္းမွာ စီေရာ္နယ္လ္ဒုိအတြက္ ဂုိးသြင္းအမ်ားဆုံးျဖစ္ခဲ့တာက ၂၀၁၃ ခုႏွစ္ျဖစ္ၿပီး (၆၃)ဂုိးအထိ သြင္းယူခ့ဲတာပါ။ ဒီရာသီအစမွာ ဂ်ဴဗင္တပ္စ္အသင္းကုိ ေျပာင္းေရႊ႕ခဲ့တဲ့ စီေရာ္နယ္လ္ဒုိဟာ ရာသီအစပုိင္းတုန္း ဂုိးသြင္းႏုိင္ဖုိ႔ ႐ုန္းကန္ခ့ဲရေပမယ့္ ဆာဆူအုိလုိနဲ႔ပဲြမွာ ဂုိးရခဲ့ၿပီးေနာက္ပုိင္းမွာေတာ့ ဂုိးေတြ ဆက္တိုက္ သြင္းယူခဲ့ၿပီး အခုဆုိရင္ (၁၅)ပဲြကစား (၉)ဂုိးအထိ သြင္းယူထားပါတယ္။

Cristiano-Ronaldo-Record

Cristiano-Ronaldo-Record

၂၀၁၈ ၊ ႏုိ၀င္ဘာလအထိ စီေရာ္နယ္လ္ဒုိရဲ႕ (၁)ႏွစ္အတြင္း သြင္းဂုိးအေရအတြက္က (၄၂)ဂုိးအထိ ရွိေနပါၿပီ။ ဒီႏွစ္ကုန္အထိ စီေရာ္နယ္လ္ဒုိ ဂုိးေတြ ဘယ္ေလာက္ သြင္းယူႏုိင္မလဲဆုိတာ ေစာင့္ၾကည့္လုိက္ရေအာင္လား . .

REF:Eleven Sports
Photo:Eleven Sports,Stay Up to date,101greatgoals
Naing Linn(Akhayar)
www.akhayar.com

[Unicode]

(၈)နှစ်ဆက်တိုက် ဘောလုံးပြက္ခဒိန်တစ်ခုအတွင်း ဂိုး(၄၀)နဲ့အထက် သွင်းယူခဲ့တဲ့ Cristiano Ronaldo

ဂျူဗင်တပ်စ်အသင်းရဲ့ ပေါ်တူဂီနာမည်ကျော် တိုက်စစ်ကစားသမား စီရော်နယ်လ်ဒို Cristiano Ronaldo ဟာ (၈)နှစ်ဆက်တိုက် ဘောလုံးပြက္ခဒိန်တစ်ခုအတွင်း အနည်းဆုံးဂိုး(၄၀)နဲ့အထက် သွင်းယူခဲ့တဲ့ မှတ်တမ်းကောင်းတစ်ခုကို ပိုင်ဆိုင်ခဲ့ပါတယ်။ ရီးယဲလ်အသင်း သမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံး ကစားသမား၊ ပေါ်တူဂီအသင်းရဲ့ သွင်းဂိုးအများဆုံးကစားသမား၊ ချန်ပီယံလိဂ်ပြိုင်ပွဲတစ်လျှောက် သွင်းဂိုးအများဆုံး စတဲ့ ဂုဏ်ပုဒ်ပိုင်ရှင် စီရော်နယ်လ်ဒိုဟာ ၂၀၁၀ က စလို့ ၂၀၁၈ ခုနှစ်အထိ (၁)နှစ်အတွင်း ဂိုး(၄၀)နဲ့အထက် သွင်းယူခဲ့တာဖြစ်ပါတယ်။

Cristiano-Ronaldo

Cristiano-Ronaldo

အဲဒီကာလအတွင်းမှာ စီရော်နယ်လ်ဒိုအတွက် ဂိုးသွင်းအများဆုံးဖြစ်ခဲ့တာက ၂၀၁၃ ခုနှစ်ဖြစ်ပြီး (၆၃)ဂိုးအထိ သွင်းယူခဲ့တာပါ။ ဒီရာသီအစမှာ ဂျူဗင်တပ်စ်အသင်းကို ပြောင်းရွှေ့ခဲ့တဲ့ စီရော်နယ်လ်ဒိုဟာ ရာသီအစပိုင်းတုန်း ဂိုးသွင်းနိုင်ဖို့ ရုန်းကန်ခဲ့ရပေမယ့် ဆာဆူအိုလိုနဲ့ပွဲမှာ ဂိုးရခဲ့ပြီးနောက်ပိုင်းမှာတော့ ဂိုးတွေ ဆက်တိုက် သွင်းယူခဲ့ပြီး အခုဆိုရင် (၁၅)ပွဲကစား (၉)ဂိုးအထိ သွင်းယူထားပါတယ်။

Cristiano-Ronaldo-Record

Cristiano-Ronaldo-Record

၂၀၁၈ ၊ နိုဝင်ဘာလအထိ စီရော်နယ်လ်ဒိုရဲ့ (၁)နှစ်အတွင်း သွင်းဂိုးအရေအတွက်က (၄၂)ဂိုးအထိ ရှိနေပါပြီ။ ဒီနှစ်ကုန်အထိ စီရော်နယ်လ်ဒို ဂိုးတွေ ဘယ်လောက် သွင်းယူနိုင်မလဲဆိုတာ စောင့်ကြည့်လိုက်ရအောင်လား . .

REF:Eleven Sports
Photo:Eleven Sports,Stay Up to date,101greatgoals
Naing Linn(Akhayar)
www.akhayar.com