ဂျူဗင်တပ်စ်အသင်းရဲ့ ပေါ်တူဂီနာမည်ကျော် တိုက်စစ်ကစားသမား စီရော်နယ်လ်ဒို Cristiano Ronaldo ဟာ ချန်ပီယံလိဂ်ရှုံးထွက်အဆင့်တွေမှာဆိုရင် ဂိုးမြူးလေ့ရှိပြီး သူ့ရဲ့ချန်ပီယံလိဂ်သွင်းဂိုးတွေထဲက (၅၁)ရာခိုင်နှုန်းဟာ ချန်ပီယံလိဂ်ရှုံးထွက်အဆင့်တွေမှာ သွင်းယူခဲ့တာဖြစ်ပါတယ်။ ဒါဟာ သူ့ရဲ့ အဓိကပြိုင်ဘက် မက်ဆီ Lionel Messi အပါအ၀င် ဘယ်ကစားသမားမှ မစွမ်းဆောင်နိုင်သေးပါဘူး။ အေဂျက်စ်နဲ့ (၁)ဂိုးစီသရေကျခဲ့တဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပထမအကျော့တုန်းက အဖွင့်ဂိုးသွင်းယူခဲ့တဲ့ စီရော်နယ်လ်ဒိုဟာ ချန်ပီယံလိဂ်မှာ (၁၂၅)ဂိုးအထိ သွင်းယူခဲ့ပြီးပါပြီ။

စီရော်နယ်လ်ဒိုဟာ ချန်ပီယံလိဂ်ရှုံးထွက်(၁၆)သင်းအဆင့်ကနေပြီး ဗိုလ်လုပွဲအထိ ရှုံးထွက်အဆင့်ပွဲတွေမှာ ဂိုးမြူးလေ့ရှိတာကြောင့် ၁၉၉၆ နောက်ပိုင်း ချန်ပီယံလိဂ်ဆုဖလားကို ပြန်လည်ဆတ်ွခူးဖို့ ပစ်မှတ်ထားနေတဲ့ ဂျူဗင်တပ်စ်အသင်းအတွက် အားတက်စရာလို့ပဲပြောရမှာပါ။ အဲဒါကြောင့် စီရော်နယ်လ်ဒိုအနေနဲ့ ချန်ပီယံလိဂ်လက်ကျန်ပွဲတွေမှာ ဂိုးတွေသွင်းယူပြီး ဂျူဗင်တပ်စ်အသင်းရဲ့ ချန်ပီယံမျှော်လင့်ချက်တွေကို အသက်သွင်းပေးနိုင်မလားဆိုတာကတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

REF:Daily Mail
Photo:Deadspin,WordPress
Naing Linn(Akhayar)
www.akhayar.com