[Zawgyi]

ဘယ္သူမွန္လဲ၊ ဘယ္သူမွားလဲ

ေပၚတူဂီ နာမည္ေက်ာ္ကစားသမား စီေရာ္နယ္လ္ဒုိ Cristiano Ronaldo ဟာ အခုအခ်ိန္မွာ ဂုဏ္သိကၡာအတြက္ တိုက္ပဲြ၀င္ေနရပါၿပီ။ အမ်ိဳးသမီးတစ္ဦးကုိ မုဒိန္းက်င့္ခဲ့တယ္လုိ႔ စြပ္စဲြခံေနရတဲ့ စီေရာ္နယ္လ္လုိ ကမၻာေက်ာ္ေဘာလုံးသမားတစ္ဦးအတြက္ လက္ရွိပုိင္ဆုိင္ေနတဲ့ အရာအားလုံးကုိ လက္လႊတ္ရႏုိင္တဲ့ အေျခအေနတစ္ခုနဲ႔ ရင္ဆုိင္ေနရတာပါပဲ။ သူ႔ကုိ စြပ္စဲြထားသူက အသက္(၃၄)ႏွစ္အရြယ္ ကက္သရင္းမာေယာ္ဂါ Kathryn Mayorga ဆုိတဲ့ အမ်ိဳးသမီးတစ္ဦးပါ။ ၂၀၀၉ ခုႏွစ္တုန္းက Las Vegas မွာရွိတဲ့ ဟုိတယ္တစ္ခုမွာ မုဒိန္းက်င့္ခဲ့ပါတယ္ဆုိၿပီး ဂ်ာမန္မဂၢဇင္း Der Spiegel ကုိ ဖြင့္ခ်ခဲ့တာျဖစ္ပါတယ္။

Kathryn-Mayorga-middle with-Der-Spiegel-Journalist

Kathryn-Mayorga-middle with-Der-Spiegel-Journalist

စီေရာ္နယ္လ္ဒုိကေတာ့ ဒီ စြပ္စြဲခ်က္ေတြကုိ ျငင္းဆန္ထားၿပီး သူ႔ရဲ႕ နာမည္ေက်ာ္ၾကားမႈကုိ အသုံးခ်ခ်င္လုိ႔ ဂြင္ဖန္တာျဖစ္ပါတယ္လုိ႔ ခပ္ၾကမ္းၾကမ္း တုံ႔ျပန္ခဲ့တယ္။ အရင္ဦးဆုံး ကက္သရင္းမာေယာ္ဂါအေၾကာင္းကို အက်မ္းဖ်ဥ္း ေျပာခ်င္တယ္။ ၂၀၀၉ ခုႏွစ္တုန္းက မာေယာ္ဂါဟာ အသက္(၂၅)ႏွစ္အရြယ္သာ ရွိေသးၿပီး တက္သစ္စ ေမာ္ဒယ္လ္တစ္ဦးပါ။ သူမဟာ Las Vegas က Palms Casino Resort မွာရွိတဲ့ Rain ႏုိက္ကလပ္မွာ အလုပ္လုပ္ေနစဥ္အခ်ိန္။ သူမနဲ႔ စီေရာ္နယ္လ္ဒုိ စေတြ႕ခဲ့တာက အဲဒီကလပ္မွာရွိတဲ့ VIP အခန္းထဲမွာ။ အဲဒီအခ်ိန္တုန္းက စီေရာ္နယ္လ္ရဲ႕အသက္က (၂၄)ႏွစ္ပဲရွိေသးတယ္။

C-Ronaldo-and-Mayorga

C-Ronaldo-and-Mayorga

ေအာင္ျမင္ေက်ာ္ၾကားမႈ၊ ေငြေၾကး အရာအားလုံးျပည့္စုံေနတဲ့ လူငယ္တစ္ေယာက္ဆုိေတာ့ ေသြးကလည္း ခပ္ၾကြၾကြေပ့ါ။ စီေရာ္နယ္လ္ဒုိဟာ မာေယာ္ဂါနဲ႔အတူ တဲြကၿပီးေနာက္မွာ မာေယာ္ဂါနဲ႔သူမရဲ႕ သူငယ္ခ်င္းတစ္ဦးကုိ သူ႔ေနတဲ့အခန္းထဲ လုိက္ဖုိ႔ ေတာင္းဆုိခဲ့တယ္။ သူေတာင္းဆုိခ်က္က သင္းပါတယ္။ ” Las Vegas ရဲ႕ ႐ႈခင္းအလွေတြကုိ ခံစားၾကရေအာင္”ပါတဲ့။

Palms-Resort

Palms-Resort

အခန္းနံပါတ္က 57306 ။ Palms Resort မွာရိွတဲ့ VIP ေတြအတြက္ သီးသန္႔သတ္မွတ္ထားတဲ့ အခန္းေတြထဲက တစ္ခု။ အဲဒီအခန္းေရွ႕က လသာေဆာင္မွာ Bath Tub တစ္ခုရွိၿပီး မာေယာ္ဂါ ေရာက္လာတဲ့အခ်ိန္မွာ စီေရာ္နယ္လ္ဒုိက ေရခ်ိဳးခုိင္းေတာ့ မာေယာ္ဂါဟာ သူမမွာ အ၀တ္ပုိမပါလုိ႔ ျငင္းဆန္ခဲ့ေပမယ့္ ႀကိဳတင္စီစဥ္ထားပုံရတဲ့ စီေရာ္နယ္လ္ဒုိဟာ အ၀တ္အပုိတစ္စုံ ေပးၿပီး အ၀တ္လဲဖုိ႔ ေတာင္းဆုိခဲ့ျပန္တယ္။ အခန္းထဲမွာ အ၀တ္လဲေနတုန္း စီေရာ္နယ္လ္ဒုိဟာ မာေယာ္ဂါ ျငင္းဆန္ေနတဲ့ၾကားက အလုိမတူဘဲ မုဒိန္းက်င့္ခဲ့တာပဲျဖစ္ပါတယ္။ အသိစိတ္ျပန္၀င္လာတဲ့အခ်ိန္မွာ စီေရာ္နယ္လ္ဒုိက သူ႔ရဲ႕ လုပ္ရပ္ကို ေတာင္းပန္ခဲ့ၿပီး သူဟာ (၉၉)ရာခုိင္ႏႈန္း လူႀကီးလူေကာင္းျဖစ္ေပမယ့္ က်န္တဲ့ (၁)ရာခုိင္ႏႈန္းကေတာ့ မေသခ်ာဘူးလုိ႔ ေျပာခဲ့တယ္။ ေျပာခ်င္တာက သူဟာ အခုလုပ္ရပ္ကုိ ပုံမွန္အသိစိတ္ ခဏလြတ္သြားလုိ႔ က်ဴးလြန္ခဲ့တာဆုိတဲ့ အဓိပၸါယ္ပါပဲ။

C-Ronaldo-with-Mayorga

C-Ronaldo-with-Mayorga

ဒီျပစ္မႈက ေထာင္ က်ႏုိင္တဲ့အေျခအေနျဖစ္တာေၾကာင့္ စီေရာ္နယ္လ္ဒုိက ခ်က္ခ်င္းပဲ ႏႈတ္ပိတ္ခ ေပါင္(၂၈၇၀၀၀)ေပး၊ အခုအျဖစ္အပ်က္ကုိ ဘယ္သူမွ မေျပာပဲေနဖုိ႔ ညႇိေတာ့တာပဲ။ မာေယာ္ဂါဟာ အဲဒီ စီေရာ္နယ္လ္ဒုိဘက္က ညိႇႏႈိင္းမႈကုိ လက္မခံခဲ့ရင္ စီေရာ္နယ္လ္ဒုိတို႔ဘက္က ျပန္တုံ႔ျပန္မွာလည္းဆုိး၊ သူမကလည္း မထင္မရွားေမာ္ဒယ္လ္တစ္ဦးျဖစ္လုိ႔ စီေရာ္နယ္လ္ဒုိနဲ႔ မယွဥ္ရဲ႕လုိ႔ သေဘာတူခဲ့ရတယ္ ။ မာေယာ္ဂါရဲ႕ ေရွ႕ေနကေတာ့ သူ႔အမႈသည္ဟာ ဒီျဖစ္ရပ္ေၾကာင့္ စိတ္ပုိင္းဆုိင္ရာ ျပင္းျပင္းထန္ထန္ ထိခုိက္ခဲ့ရၿပီး ကုိယ့္ကုိယ္ကုိယ္ သတ္ေသဖုိ႔အထိေတာင္ စဥ္းစားခဲ့ဖူးတယ္လုိ႔ ဆုိခဲ့တယ္။ ဒါေပမဲ့ အခုေနာက္ပုိင္းႏွစ္အတြင္း လူမႈကြန္ရက္ေတြမွာ ေအာင္ျမင္လာတဲ့ #MeToo movement အစီအစဥ္ကုိ ေတြ႕ ခဲ့ရၿပီးေနာက္မွာေတာ့ စီေရာ္နယ္လ္ဒုိရဲ႕ လူမဆန္မႈကုိ ဖြင့္ခ်ဖုိ႔ မာေယာ္ဂါ ဆုံးျဖတ္လုိက္တာပါပဲ။ #MeToo movement ဆုိတာက တဏွာမုဆုိးေတြရဲ႕ သားေကာင္ျဖစ္ခဲ့သူ အမ်ိဳးသမီးေတြ ရင္ဖြင့္တဲ့ လုပ္ေဆာင္ခ်က္တစ္ခုပါ။

Cristiano-Ronaldo-Accused-Of-Rape-By-Model-Kathryn-Mayorga

Cristiano-Ronaldo-Accused-Of-Rape-By-Model-Kathryn-Mayorga

စီေရာ္နယ္လ္ဒုိ ေရွ႕ေနက မာေယာ္ဂါကုိ မုဒိန္းက်င့္ခဲ့တာ မဟုတ္ဘူး၊ ႏွစ္ဦးသေဘာတူ ျဖစ္ခဲ့တာလုိ႔ တုံ႔ျပန္ထားတာေၾကာင့္ မာေယာ္ဂါနဲ႔ ျဖစ္ခဲ့တာကုိ မျငင္းတဲ့ သေဘာျဖစ္ေနတယ္။ အခုဆုိရင္ စီေရာ္နယ္လ္ဒုိဟာ ဒီသတင္းကုိ ဖြင့္ခ်ခဲ့တဲ့ Der Spiegel သတင္းစာကုိလည္း တရားစဲြဖုိ႔ စီစဥ္ေနၿပီ။ မာေယာ္ဂါ ဖြင့္ခ်ခဲ့သလုိ စီေရာ္နယ္လ္ဒုိဟာ တကယ္ပဲ မုဒိန္းက်င့္ခဲ့တာလား၊ ဒါမွမဟုတ္ စီေရာ္နယ္လ္ဒုိဘက္က တုံ႔ျပန္ခဲ့သလုိ ႏွစ္ဦးသေဘာတူျဖစ္ခဲ့တာလား၊ ဘယ္သူမွန္လဲ၊ ဘယ္သူမွားလဲဆုိတာ အေျဖတစ္ခု ထြက္လာေတာ့မွာျဖစ္ပါေတာ့တယ္ . . .

စီေရာ္နယ္လ္ဒုိနဲ႔ မာေယာ္ဂါ အတူတြဲကခဲ့တဲ့ ႐ုပ္သံဖုိင္ၾကည့္ရန္ လင္ခ့္

REF:The Sun
Photo:NAIJweb.ng,Youtube,VivaroNews
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ဘယ်သူမှန်လဲ၊ ဘယ်သူမှားလဲ

ပေါ်တူဂီ နာမည်ကျော်ကစားသမား စီရော်နယ်လ်ဒို Cristiano Ronaldo ဟာ အခုအချိန်မှာ ဂုဏ်သိက္ခာအတွက် တိုက်ပွဲဝင်နေရပါပြီ။ အမျိုးသမီးတစ်ဦးကို မုဒိန်းကျင့်ခဲ့တယ်လို့ စွပ်စွဲခံနေရတဲ့ စီရော်နယ်လ်လို ကမ္ဘာကျော်ဘောလုံးသမားတစ်ဦးအတွက် လက်ရှိပိုင်ဆိုင်နေတဲ့ အရာအားလုံးကို လက်လွှတ်ရနိုင်တဲ့ အခြေအနေတစ်ခုနဲ့ ရင်ဆိုင်နေရတာပါပဲ။ သူ့ကို စွပ်စွဲထားသူက အသက်(၃၄)နှစ်အရွယ် ကက်သရင်းမာယော်ဂါ Kathryn Mayorga ဆိုတဲ့ အမျိုးသမီးတစ်ဦးပါ။ ၂၀၀၉ ခုနှစ်တုန်းက Las Vegas မှာရှိတဲ့ ဟိုတယ်တစ်ခုမှာ မုဒိန်းကျင့်ခဲ့ပါတယ်ဆိုပြီး ဂျာမန်မဂ္ဂဇင်း Der Spiegel ကို ဖွင့်ချခဲ့တာဖြစ်ပါတယ်။

Kathryn-Mayorga-middle with-Der-Spiegel-Journalist

Kathryn-Mayorga-middle with-Der-Spiegel-Journalist

စီရော်နယ်လ်ဒိုကတော့ ဒီ စွပ်စွဲချက်တွေကို ငြင်းဆန်ထားပြီး သူ့ရဲ့ နာမည်ကျော်ကြားမှုကို အသုံးချချင်လို့ ဂွင်ဖန်တာဖြစ်ပါတယ်လို့ ခပ်ကြမ်းကြမ်း တုံ့ပြန်ခဲ့တယ်။ အရင်ဦးဆုံး ကက်သရင်းမာယော်ဂါအကြောင်းကို အကျမ်းဖျဉ်း ပြောချင်တယ်။ ၂၀၀၉ ခုနှစ်တုန်းက မာယော်ဂါဟာ အသက်(၂၅)နှစ်အရွယ်သာ ရှိသေးပြီး တက်သစ်စ မော်ဒယ်လ်တစ်ဦးပါ။ သူမဟာ Las Vegas က Palms Casino Resort မှာရှိတဲ့ Rain နိုက်ကလပ်မှာ အလုပ်လုပ်နေစဉ်အချိန်။ သူမနဲ့ စီရော်နယ်လ်ဒို စတွေ့ခဲ့တာက အဲဒီကလပ်မှာရှိတဲ့ VIP အခန်းထဲမှာ။ အဲဒီအချိန်တုန်းက စီရော်နယ်လ်ရဲ့အသက်က (၂၄)နှစ်ပဲရှိသေးတယ်။

C-Ronaldo-and-Mayorga

C-Ronaldo-and-Mayorga

အောင်မြင်ကျော်ကြားမှု၊ ငွေကြေး အရာအားလုံးပြည့်စုံနေတဲ့ လူငယ်တစ်ယောက်ဆိုတော့ သွေးကလည်း ခပ်ကြွကြွပေ့ါ။ စီရော်နယ်လ်ဒိုဟာ မာယော်ဂါနဲ့အတူ တွဲကပြီးနောက်မှာ မာယော်ဂါနဲ့သူမရဲ့ သူငယ်ချင်းတစ်ဦးကို သူ့နေတဲ့အခန်းထဲ လိုက်ဖို့ တောင်းဆိုခဲ့တယ်။ သူတောင်းဆိုချက်က သင်းပါတယ်။ ” Las Vegas ရဲ့ ရှုခင်းအလှတွေကို ခံစားကြရအောင်”ပါတဲ့။

Palms-Resort

Palms-Resort

အခန်းနံပါတ်က 57306 ။ Palms Resort မှာရှိတဲ့ VIP တွေအတွက် သီးသန့်သတ်မှတ်ထားတဲ့ အခန်းတွေထဲက တစ်ခု။ အဲဒီအခန်းရှေ့က လသာဆောင်မှာ Bath Tub တစ်ခုရှိပြီး မာယော်ဂါ ရောက်လာတဲ့အချိန်မှာ စီရော်နယ်လ်ဒိုက ရေချိုးခိုင်းတော့ မာယော်ဂါဟာ သူမမှာ အဝတ်ပိုမပါလို့ ငြင်းဆန်ခဲ့ပေမယ့် ကြိုတင်စီစဉ်ထားပုံရတဲ့ စီရော်နယ်လ်ဒိုဟာ အဝတ်အပိုတစ်စုံ ပေးပြီး အဝတ်လဲဖို့ တောင်းဆိုခဲ့ပြန်တယ်။ အခန်းထဲမှာ အဝတ်လဲနေတုန်း စီရော်နယ်လ်ဒိုဟာ မာယော်ဂါ ငြင်းဆန်နေတဲ့ကြားက အလိုမတူဘဲ မုဒိန်းကျင့်ခဲ့တာပဲဖြစ်ပါတယ်။ အသိစိတ်ပြန်ဝင်လာတဲ့အချိန်မှာ စီရော်နယ်လ်ဒိုက သူ့ရဲ့ လုပ်ရပ်ကို တောင်းပန်ခဲ့ပြီး သူဟာ (၉၉)ရာခိုင်နှုန်း လူကြီးလူကောင်းဖြစ်ပေမယ့် ကျန်တဲ့ (၁)ရာခိုင်နှုန်းကတော့ မသေချာဘူးလို့ ပြောခဲ့တယ်။ ပြောချင်တာက သူဟာ အခုလုပ်ရပ်ကို ပုံမှန်အသိစိတ် ခဏလွတ်သွားလို့ ကျူးလွန်ခဲ့တာဆိုတဲ့ အဓိပ္ပါယ်ပါပဲ။

C-Ronaldo-with-Mayorga

C-Ronaldo-with-Mayorga

ဒီပြစ်မှုက ထောင် ကျနိုင်တဲ့အခြေအနေဖြစ်တာကြောင့် စီရော်နယ်လ်ဒိုက ချက်ချင်းပဲ နှုတ်ပိတ်ခ ပေါင်(၂၈၇၀၀၀)ပေး၊ အခုအဖြစ်အပျက်ကို ဘယ်သူမှ မပြောပဲနေဖို့ ညှိတော့တာပဲ။ မာယော်ဂါဟာ အဲဒီ စီရော်နယ်လ်ဒိုဘက်က ညှိနှိုင်းမှုကို လက်မခံခဲ့ရင် စီရော်နယ်လ်ဒိုတို့ဘက်က ပြန်တုံ့ပြန်မှာလည်းဆိုး၊ သူမကလည်း မထင်မရှားမော်ဒယ်လ်တစ်ဦးဖြစ်လို့ စီရော်နယ်လ်ဒိုနဲ့ မယှဉ်ရဲ့လို့ သဘောတူခဲ့ရတယ် ။ မာယော်ဂါရဲ့ ရှေ့နေကတော့ သူ့အမှုသည်ဟာ ဒီဖြစ်ရပ်ကြောင့် စိတ်ပိုင်းဆိုင်ရာ ပြင်းပြင်းထန်ထန် ထိခိုက်ခဲ့ရပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့အထိတောင် စဉ်းစားခဲ့ဖူးတယ်လို့ ဆိုခဲ့တယ်။ ဒါပေမဲ့ အခုနောက်ပိုင်းနှစ်အတွင်း လူမှုကွန်ရက်တွေမှာ အောင်မြင်လာတဲ့ #MeToo movement အစီအစဉ်ကို တွေ့ ခဲ့ရပြီးနောက်မှာတော့ စီရော်နယ်လ်ဒိုရဲ့ လူမဆန်မှုကို ဖွင့်ချဖို့ မာယော်ဂါ ဆုံးဖြတ်လိုက်တာပါပဲ။ #MeToo movement ဆိုတာက တဏှာမုဆိုးတွေရဲ့ သားကောင်ဖြစ်ခဲ့သူ အမျိုးသမီးတွေ ရင်ဖွင့်တဲ့ လုပ်ဆောင်ချက်တစ်ခုပါ။

Cristiano-Ronaldo-Accused-Of-Rape-By-Model-Kathryn-Mayorga

Cristiano-Ronaldo-Accused-Of-Rape-By-Model-Kathryn-Mayorga

စီရော်နယ်လ်ဒို ရှေ့နေက မာယော်ဂါကို မုဒိန်းကျင့်ခဲ့တာ မဟုတ်ဘူး၊ နှစ်ဦးသဘောတူ ဖြစ်ခဲ့တာလို့ တုံ့ပြန်ထားတာကြောင့် မာယော်ဂါနဲ့ ဖြစ်ခဲ့တာကို မငြင်းတဲ့ သဘောဖြစ်နေတယ်။ အခုဆိုရင် စီရော်နယ်လ်ဒိုဟာ ဒီသတင်းကို ဖွင့်ချခဲ့တဲ့ Der Spiegel သတင်းစာကိုလည်း တရားစွဲဖို့ စီစဉ်နေပြီ။ မာယော်ဂါ ဖွင့်ချခဲ့သလို စီရော်နယ်လ်ဒိုဟာ တကယ်ပဲ မုဒိန်းကျင့်ခဲ့တာလား၊ ဒါမှမဟုတ် စီရော်နယ်လ်ဒိုဘက်က တုံ့ပြန်ခဲ့သလို နှစ်ဦးသဘောတူဖြစ်ခဲ့တာလား၊ ဘယ်သူမှန်လဲ၊ ဘယ်သူမှားလဲဆိုတာ အဖြေတစ်ခု ထွက်လာတော့မှာဖြစ်ပါတော့တယ် . . .

စီရော်နယ်လ်ဒိုနဲ့ မာယော်ဂါ အတူတွဲကခဲ့တဲ့ ရုပ်သံဖိုင်ကြည့်ရန် လင်ခ့်

REF:The Sun
Photo:NAIJweb.ng,Youtube,VivaroNews
Naing Linn(Akhayar)
www.akhayar.com