[Zawgyi]

အခြန္ေရွာင္လြဲမႈေၾကာင့္ ဆုိင္းငံ့ေထာင္ဒဏ္(၂)ႏွစ္နဲ႔ ဒဏ္ေငြခ်မွတ္ခံခဲ့ရမႈကုိ လက္သင့္ခံခဲ့တဲ့ စီေရာ္နယ္လ္ဒုိ C.Ronaldo

ရီးယဲလ္နဲ႔ေပၚတူဂီနာမည္ေက်ာ္တိုက္စစ္ ကစားသမား စီေရာ္နယ္လ္ဒုိ C.Ronaldo ဟာ အခြန္ေရွာင္လဲြမႈေၾကာင့္ စပိန္အခြန္ဌာနက ခ်မွတ္ခဲ့တဲ့ ဆုိင္းငံ့ေထာင္ဒဏ္(၂)ႏွစ္နဲ႔ ဒဏ္ေငြ ယူ႐ုိ(၁၈.၈)သန္း ျပစ္ဒဏ္ကုိ လက္သင့္ခံလုိက္ၿပီျဖစ္ပါတယ္။ စီေရာ္နယ္လ္ဒုိဟာ သူ႔ရဲ႕၀င္ေငြအေပၚ ေကာက္ခံတဲ့ အခြန္ေငြ ယူ႐ုိ(၁၄.၈)သန္းကုိ ေရွာင္လဲြခဲ့တာျဖစ္တယ္လုိ႔ ၿပီးခဲ့တဲ့ႏွစ္အတြင္း စပိန္အခြန္ဌာနက စြပ္စဲြခဲ့ၿပီး စီေရာ္နယ္လ္ဒုိကေတာ့ သူ႔အေပၚစဲြခ်က္ေတြကုိ ျငင္းဆန္ခဲ့တယ္။ ၿပီးခဲ့တဲ့ႏွစ္၊ ဇြန္လ(၁၇)ရက္က စီေရာ္နယ္လ္ဒုိဟာ ယူ႐ုိ(၁၄)သန္း ေပးေဆာင္မယ္လုိ႔ စပိန္အစုိးရဆီ တင္ျပခဲ့ေပမယ့္ အစုိးရက ျငင္းဆန္ပယ္ခ်ခဲ့ပါတယ္။

စီေရာ္နယ္လ္ဒုိအေနနဲ႔ ၂၀၁၁ ကေန ၂၀၁၄ ခုႏွစ္အတြင္း သူ႔ရဲ႕ ပုံရိပ္အသုံးျပဳခ၀င္ေငြအေပၚ ေကာက္ခံတဲ့ အခြန္ေငြကုိ ေရွာင္လြဲခဲ့တာျဖစ္တယ္လုိ႔ စြပ္စဲြခံခဲ့ရၿပီး စီေရာ္နယ္လ္ဒုိဘက္က ျငင္းဆန္မႈ လုပ္ခဲ့ေပမယ့္လည္း အခုအခ်ိန္မွာေတာ့ သူေပးစရာရွိတဲ့ အခြန္ေငြ၊ တရား႐ုံးစရိတ္ ဒဏ္ေငြေတြအပါအ၀င္ ယူ႐ုိ(၁၈.၈)သန္းကုိ ေပးေဆာင္ဖုိ႔ သေဘာတူညီခဲ့သလုိ ဆုိင္းငံ့ေထာင္ဒဏ္(၂)ႏွစ္ျပစ္ဒဏ္ကုိလည္း လက္ခံခဲ့တာျဖစ္ပါတယ္။ စပိန္ႏုိင္ငံဥပေဒအရ လူသတ္မႈကလဲြၿပီး က်န္တဲ့ျပစ္မႈေတြမွာ ပထမဆုံးအႀကိမ္က်ဴးလြန္ခဲ့လုိ႔ ေထာင္ဒဏ္(၂)ႏွစ္ခ်မွတ္ခံခဲ့ရသူကုိ ခ်က္ခ်င္းေထာင္မခ်ဘဲ ဆုိင္းငံ့အျဖစ္သာ သတ္မွတ္ထားတာေၾကာင့္ စီေရာ္နယ္လ္ဒုိအေနနဲ႔ ေဘာလုံးဆက္ကစားခြင့္ရရွိမွာပါ။ စပိန္မွာ အခြန္ေငြျပႆနာနဲ႔ရင္ဆုိင္ခဲ့ရတဲ့ နာမည္ေက်ာ္ေဘာလုံးသမား အေတာ္ေတာ္မ်ားမ်ားရွိခဲ့ၿပီး အဲဒီအထဲမွာ မက္ဆီ Messi ၊ အလက္ဆစ္ဆန္းခ်က္ဇ္ Alexis Sanchez ၊ ဒီမာရီယာ Di Maria တို႔လည္း ပါ၀င္ခဲ့တယ္။

REF:BBC,Independent
Photo:Stadium Astro
Naing Linn(Akhayar)
www.akhayar.com

[Unicode]

အခွန်ရှောင်လွဲမှုကြောင့် ဆိုင်းငံ့ထောင်ဒဏ်(၂)နှစ်နဲ့ ဒဏ်ငွေချမှတ်ခံခဲ့ရမှုကို လက်သင့်ခံခဲ့တဲ့ စီရော်နယ်လ်ဒို C.Ronaldo

ရီးယဲလ်နဲ့ပေါ်တူဂီနာမည်ကျော်တိုက်စစ် ကစားသမား စီရော်နယ်လ်ဒို C.Ronaldo ဟာ အခွန်ရှောင်လွဲမှုကြောင့် စပိန်အခွန်ဌာနက ချမှတ်ခဲ့တဲ့ ဆိုင်းငံ့ထောင်ဒဏ်(၂)နှစ်နဲ့ ဒဏ်ငွေ ယူရို(၁၈.၈)သန်း ပြစ်ဒဏ်ကို လက်သင့်ခံလိုက်ပြီဖြစ်ပါတယ်။ စီရော်နယ်လ်ဒိုဟာ သူ့ရဲ့ဝင်ငွေအပေါ် ကောက်ခံတဲ့ အခွန်ငွေ ယူရို(၁၄.၈)သန်းကို ရှောင်လွဲခဲ့တာဖြစ်တယ်လို့ ပြီးခဲ့တဲ့နှစ်အတွင်း စပိန်အခွန်ဌာနက စွပ်စွဲခဲ့ပြီး စီရော်နယ်လ်ဒိုကတော့ သူ့အပေါ်စွဲချက်တွေကို ငြင်းဆန်ခဲ့တယ်။ ပြီးခဲ့တဲ့နှစ်၊ ဇွန်လ(၁၇)ရက်က စီရော်နယ်လ်ဒိုဟာ ယူရို(၁၄)သန်း ပေးဆောင်မယ်လို့ စပိန်အစိုးရဆီ တင်ပြခဲ့ပေမယ့် အစိုးရက ငြင်းဆန်ပယ်ချခဲ့ပါတယ်။

စီရော်နယ်လ်ဒိုအနေနဲ့ ၂၀၁၁ ကနေ ၂၀၁၄ ခုနှစ်အတွင်း သူ့ရဲ့ ပုံရိပ်အသုံးပြုခဝင်ငွေအပေါ် ကောက်ခံတဲ့ အခွန်ငွေကို ရှောင်လွဲခဲ့တာဖြစ်တယ်လို့ စွပ်စွဲခံခဲ့ရပြီး စီရော်နယ်လ်ဒိုဘက်က ငြင်းဆန်မှု လုပ်ခဲ့ပေမယ့်လည်း အခုအချိန်မှာတော့ သူပေးစရာရှိတဲ့ အခွန်ငွေ၊ တရားရုံးစရိတ် ဒဏ်ငွေတွေအပါအဝင် ယူရို(၁၈.၈)သန်းကို ပေးဆောင်ဖို့ သဘောတူညီခဲ့သလို ဆိုင်းငံ့ထောင်ဒဏ်(၂)နှစ်ပြစ်ဒဏ်ကိုလည်း လက်ခံခဲ့တာဖြစ်ပါတယ်။ စပိန်နိုင်ငံဥပဒေအရ လူသတ်မှုကလွဲပြီး ကျန်တဲ့ပြစ်မှုတွေမှာ ပထမဆုံးအကြိမ်ကျူးလွန်ခဲ့လို့ ထောင်ဒဏ်(၂)နှစ်ချမှတ်ခံခဲ့ရသူကို ချက်ချင်းထောင်မချဘဲ ဆိုင်းငံ့အဖြစ်သာ သတ်မှတ်ထားတာကြောင့် စီရော်နယ်လ်ဒိုအနေနဲ့ ဘောလုံးဆက်ကစားခွင့်ရရှိမှာပါ။ စပိန်မှာ အခွန်ငွေပြဿနာနဲ့ရင်ဆိုင်ခဲ့ရတဲ့ နာမည်ကျော်ဘောလုံးသမား အတော်တော်များများရှိခဲ့ပြီး အဲဒီအထဲမှာ မက်ဆီ Messi ၊ အလက်ဆစ်ဆန်းချက်ဇ် Alexis Sanchez ၊ ဒီမာရီယာ Di Maria တို့လည်း ပါဝင်ခဲ့တယ်။

REF:BBC,Independent
Photo:Stadium Astro
Naing Linn(Akhayar)
www.akhayar.com