[Zawgyi]

ခ်န္ပီယံလိဂ္မွာ စံခ်ိန္မွတ္တမ္းေကာင္းတစ္ခုရယူခဲ႔တဲ႔ စီေရာ္နယ္လ္ဒို Cristiano Ronaldo

ေဘာလံုးေလာကမွာ စံခ်ိန္မွတ္တမ္းေတြတစ္ခုျပီး တစ္ခုရယူေနတဲ႔ စီေရာ္နယ္လ္ဒို Cristiano Ronaldo ဟာ လက္ရိွမွာ စံခ်ိန္မွတ္တမ္းေကာင္းတစ္ခုကို ထပ္ရရိွခဲ႔ပါတယ္။ ဒါကေတာ႔ ခ်န္ပီယံလိဂ္မွာ ႏိုင္ပြဲ(၁၀၀)ျပည္႔ခဲ႔တဲ႔ ပထမဆံုးကစားသမားဆိုတဲ႔ စံခ်ိန္မွတ္တမ္းေကာင္းပါပဲ။ ခ်န္ပီယံလိဂ္လို ႏိုင္ပြဲတစ္ပြဲရယူဖို႔ ခက္ခဲတဲ႔ ျပိဳင္ပြဲမွာ စီေရာ္နယ္လ္ဒို ဟာ အခုလိုမ်ိဳးစြမ္းေဆာင္ႏိုင္ခဲ႔တာေၾကာင္႔ တကယ္႕ကို ဂုဏ္ယူစရာအေနအထားတစ္ရပ္လို႔ ေျပာရမွာပါ။

Cristiano-Ronaldo-first-to-100-Champions-League-wins

Cristiano-Ronaldo-first-to-100-Champions-League-wins

စီေရာ္နယ္လ္ဒို ဟာ ဒီစံခ်ိန္မွတ္တမ္းေကာင္းကို ဒီေန႔မနက္အေစာပိုင္းက ယွဥ္ျပိဳင္ကစားခဲ႔တဲ႔ ဗလင္စီယာနဲ႔ ပြဲစဥ္မွာရရိွခဲ႔တာပါ။ ဒီပြဲစဥ္မွာ ဂ်ဴဗင္တပ္စ္အသင္းက ဗလင္စီယာကို (၁ – ၀ )နဲ႔ အႏိုင္ရရိွခဲ႔ျပီး စီေရာ္နယ္လ္ဒို ဟာ ကိုယ္တိုင္ဂိုးမသြင္းႏိုင္ခဲ႔ေပမယ္႔ မန္ဇူကစ္ Mandžukić သြင္းယူခဲ႔တဲ႔ အသင္းအတြက္ တစ္လံုးထဲေသာ အႏိုင္ဂိုးကို ဖန္တီးေပးႏိုင္ခဲ႔ပါတယ္။ ဒီပြဲရလဒ္ေၾကာင္႔ ဂ်ဴဗင္တပ္္စ္အသင္းဟာ ခ်န္ပီယံလိဂ္မွာ ႐ံႈးထြက္အဆင္႔ကို တက္ေရာက္ႏိုင္ခဲ႔သလို စီေရာ္နယ္လ္ဟာလည္း ခ်န္ပီယံလိဂ္မွာ ႏိုင္ပြဲ(၁၀၀)ျပည္႔ခဲ႔တဲ႔ ပထမဆံုးကစားသမားဆိုတဲ႔ စံခ်ိန္မွတ္တမ္းေကာင္းကို ရရိွခဲ႔တာေၾကာင္႔ သူ႔အတြက္ေရာ အသင္းအတြက္ပါ ေက်နပ္စရာျဖစ္ခဲ႔ပါတယ္။

Cristiano-Ronaldo

Cristiano-Ronaldo

စီေရာ္နယ္ဒို ဟာ ခ်န္ပီယံလိဂ္မွာ သြင္းဂိုး(၁၂၁)ဂိုးသြင္းယူထားျပီး ျပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္ ဂိုးသြင္းအမ်ားဆံုးကစားသမားအျဖစ္ ရပ္တည္ေနသလို ခ်န္ပီယံလိဂ္ဆုဖလားကိုလည္း မတူညီတဲ႔ ကလပ္အသင္း(၂)သင္းနဲ႔ (၅)ၾကိမ္ ရရိွထားပါတယ္။ စီေရာ္နယ္လ္ဒို ဟာ ခ်န္ပီယံလိဂ္ဆုဖလားကို မန္ယူနဲ႔ (၁)ၾကိမ္ ၊ ရီးယဲလ္အသင္းနဲ႔(၄)ၾကိမ္ထိရရိွထားတာပဲ ျဖစ္ပါတယ္။

Ref: Bleacher Report Football
Photo: Calcio e Finanza , Evening Standard , Bleacher Report Football
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

ချန်ပီယံလိဂ်မှာ စံချိန်မှတ်တမ်းကောင်းတစ်ခုရယူခဲ့တဲ့ စီရော်နယ်လ်ဒို Cristiano Ronaldo

ဘောလုံးလောကမှာ စံချိန်မှတ်တမ်းတွေတစ်ခုပြီး တစ်ခုရယူနေတဲ့ စီရော်နယ်လ်ဒို Cristiano Ronaldo ဟာ လက်ရှိမှာ စံချိန်မှတ်တမ်းကောင်းတစ်ခုကို ထပ်ရရှိခဲ့ပါတယ်။ ဒါကတော့ ချန်ပီယံလိဂ်မှာ နိုင်ပွဲ(၁၀၀)ပြည့်ခဲ့တဲ့ ပထမဆုံးကစားသမားဆိုတဲ့ စံချိန်မှတ်တမ်းကောင်းပါပဲ။ ချန်ပီယံလိဂ်လို နိုင်ပွဲတစ်ပွဲရယူဖို့ ခက်ခဲတဲ့ ပြိုင်ပွဲမှာ စီရော်နယ်လ်ဒို ဟာ အခုလိုမျိုးစွမ်းဆောင်နိုင်ခဲ့တာကြောင့် တကယ့်ကို ဂုဏ်ယူစရာအနေအထားတစ်ရပ်လို့ ပြောရမှာပါ။

Cristiano-Ronaldo-first-to-100-Champions-League-wins

Cristiano-Ronaldo-first-to-100-Champions-League-wins

စီရော်နယ်လ်ဒို ဟာ ဒီစံချိန်မှတ်တမ်းကောင်းကို ဒီနေ့မနက်အစောပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ဗလင်စီယာနဲ့ ပွဲစဉ်မှာရရှိခဲ့တာပါ။ ဒီပွဲစဉ်မှာ ဂျူဗင်တပ်စ်အသင်းက ဗလင်စီယာကို (၁ – ၀ )နဲ့ အနိုင်ရရှိခဲ့ပြီး စီရော်နယ်လ်ဒို ဟာ ကိုယ်တိုင်ဂိုးမသွင်းနိုင်ခဲ့ပေမယ့် မန်ဇူကစ် Mandžukić သွင်းယူခဲ့တဲ့ အသင်းအတွက် တစ်လုံးထဲသော အနိုင်ဂိုးကို ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဒီပွဲရလဒ်ကြောင့် ဂျူဗင်တပ်စ်အသင်းဟာ ချန်ပီယံလိဂ်မှာ ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့သလို စီရော်နယ်လ်ဟာလည်း ချန်ပီယံလိဂ်မှာ နိုင်ပွဲ(၁၀၀)ပြည့်ခဲ့တဲ့ ပထမဆုံးကစားသမားဆိုတဲ့ စံချိန်မှတ်တမ်းကောင်းကို ရရှိခဲ့တာကြောင့် သူ့အတွက်ရော အသင်းအတွက်ပါ ကျေနပ်စရာဖြစ်ခဲ့ပါတယ်။

Cristiano-Ronaldo

Cristiano-Ronaldo

စီရော်နယ်ဒို ဟာ ချန်ပီယံလိဂ်မှာ သွင်းဂိုး(၁၂၁)ဂိုးသွင်းယူထားပြီး ပြိုင်ပွဲသမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်နေသလို ချန်ပီယံလိဂ်ဆုဖလားကိုလည်း မတူညီတဲ့ ကလပ်အသင်း(၂)သင်းနဲ့ (၅)ကြိမ် ရရှိထားပါတယ်။ စီရော်နယ်လ်ဒို ဟာ ချန်ပီယံလိဂ်ဆုဖလားကို မန်ယူနဲ့ (၁)ကြိမ် ၊ ရီးယဲလ်အသင်းနဲ(၄)ကြိမ်ထိရရှိထားတာပဲ ဖြစ်ပါတယ်။

Ref: Bleacher Report Football
Photo: Calcio e Finanza , Evening Standard , Bleacher Report Football
Ko Kyue(Akhayar)
www.akhayar.com