[Zawgyi]

(၆၁)ႏွစ္ ၾကာျမင့္ေနၿပီျဖစ္တဲ့ မွတ္တမ္းတစ္ခုကုိ စီေရာ္နယ္လ္ဒုိ Cristiano Ronaldo ရယူႏုိင္ခဲ့ၿပီ

ဂ်ဴဗင္တပ္စ္အသင္းအတြက္ ေတာက္ေလွ်ာက္ေျခစြမ္းျပ ဂုိးေတြသြင္းယူေနတဲ့ စီေရာ္နယ္လ္ဒုိ Cristiano Ronaldo ဟာ အခုဆုိရင္ (၆၁)ႏွစ္အထိ ၾကာျမင့္ေနၿပီျဖစ္တဲ့ သြင္းဂုိးမွတ္တမ္းေကာင္း တစ္ခုကုိ ရယူႏုိင္ခဲ့ပါၿပီ။ စီေရာ္နယ္လ္ဒုိဟာ ဂ်ဴဗင္တပ္စ္အသင္းအတြက္ စီးရီးေအ (၁၀)ပဲြကစားၿပီးခ်ိန္မွာ (၇)ဂုိးအထိ သြင္းထားၿပီး (၆၁)ႏွစ္အတြင္း ဂ်ဴဗင္တပ္စ္ကစားသမားဘ၀ ပဲြဦးထြက္ စီးရီးေအရာသီ (၁၀)ပဲြမွာ (၇)ဂိုးသြင္းယူခဲ့တ့ဲ ပထမဆုံးကစားသမားအျဖစ္ မွတ္တမ္း၀င္ခဲ့တာပါ။ ဒီရာသီအစက ဂ်ဴဗင္တပ္စ္အသင္းကုိ ေျပာင္းေရႊ႕ခဲ့တဲ့ စီေရာ္နယ္လ္ဒုိဟာ ရာသီအစပဲြစဥ္ေတြျဖစ္တဲ့ ခ်ီေယဗုိ၊ လာဇီယုိ၊ ပါးမားတို႔နဲ႔ပဲြမွာ ဂုိးမသြင္းႏုိင္ခဲ့ေပမယ့္ ဆာဆူအုိလုိကုိ (၂-၁)ဂုိးနဲ႔ အႏုိင္ရခဲ့တဲ့ပဲြမွာ (၂)ဂုိးသြင္းယူခဲ့ၿပီးေနာက္ပုိင္း ဂုိးေတြ ဆက္တိုက္ဆုိသလုိ သြင္းယူႏုိင္ခဲ့တယ္။

Cristiano-Ronaldo-celebrates-after-he-scored-his-first-goal-

Cristiano-Ronaldo-celebrates-after-he-scored-his-first-goal-

ဂ်ဴဗင္တပ္စ္အသင္းအတြက္ စီးရီးေအ ရာသီအစ (၁၀)ပဲြမွာ (၇)ဂုိးအထိ သြင္းယူခဲ့တာက ၁၉၅၇ ခုႏွစ္တုန္းက ေ၀းလ္စ္ဂႏၳ၀င္ တိုက္စစ္မွဴး ဂၽြန္ခ်ားလ္စ္ John Charles ျဖစ္ၿပီး (၆၁)ႏွစ္အၾကာမွာ စီေရာ္နယ္လ္ဒုိက အဲဒီ မွတ္တမ္းကုိ ရယူႏုိင္ခဲ့တာျဖစ္ပါတယ္။

John-Charles

John-Charles

အရင္တုန္းက ဂ်ဴဗင္တပ္စ္အသင္းရဲ႕ နာမည္ေက်ာ္ တိုက္စစ္မွဴးေတြျဖစ္တဲ့ ဟီဂြါအင္ Gonzalo Higuain ၊ တီဗက္ဇ္ Carlos Tevez ၊ ဖိလစ္ပုိအင္ဇာဂီ Filippo Inzaghi တို႔ဟာ ဂ်ဴဗင္တပ္စ္ကစားသမားဘ၀ ပထမဆုံး စီးရီးေအရာသီမွာ (၁၀)ပဲြကစားၿပီး (၆)ဂုိးသာ သြင္းယူခဲ့တာေၾကာင့္ စီေရာ္နယ္လ္ဒုိက သူတို႔ထက္ ပုိေကာင္းတဲ့ စြမ္းေဆာင္ရည္ကုိ ျပသႏုိင္ခဲ့တာျဖစ္ပါတယ္။ စီေရာ္နယ္လ္ဒုိအေနနဲ႔ ေနာက္ထပ္စံခ်ိန္ မွတ္တမ္းေကာင္းတစ္ခုကုိ ခ်ိဳးျဖတ္ျပႏုိင္ဖုိ႔လည္း ပစ္မွတ္ထားေနပါၿပီ။ အဲဒါကေတာ့ ၁၉၂၅-၂၆ ရာသီတုန္းက (၃၅)ဂုိးသြင္းယူၿပီး တစ္ရာသီအတြင္း ဂ်ဴဗင္တပ္စ္အသင္းအတြက္ သြင္းဂုိးအမ်ားဆုံး ကစားသမားအျဖစ္ စံခ်ိန္တင္ထားတဲ့ Ferenc Hirzer ရဲ႕ စံခ်ိန္ကုိ ေက်ာ္ျဖတ္ႏုိင္ဖုိ႔ပဲ ျဖစ္ပါတယ္။

REF:Daily Mail
Photo:Trends India,The Guardian Nigeria,thesefootballtimes
Naing Linn(Akhayar)
www.akhayar.com

[Unicode]

(၆၁)နှစ် ကြာမြင့်နေပြီဖြစ်တဲ့ မှတ်တမ်းတစ်ခုကို စီရော်နယ်လ်ဒို Cristiano Ronaldo ရယူနိုင်ခဲ့ပြီ

ဂျူဗင်တပ်စ်အသင်းအတွက် တောက်လျှောက်ခြေစွမ်းပြ ဂိုးတွေသွင်းယူနေတဲ့ စီရော်နယ်လ်ဒို Cristiano Ronaldo ဟာ အခုဆိုရင် (၆၁)နှစ်အထိ ကြာမြင့်နေပြီဖြစ်တဲ့ သွင်းဂိုးမှတ်တမ်းကောင်း တစ်ခုကို ရယူနိုင်ခဲ့ပါပြီ။ စီရော်နယ်လ်ဒိုဟာ ဂျူဗင်တပ်စ်အသင်းအတွက် စီးရီးအေ (၁၀)ပွဲကစားပြီးချိန်မှာ (၇)ဂိုးအထိ သွင်းထားပြီး (၆၁)နှစ်အတွင်း ဂျူဗင်တပ်စ်ကစားသမားဘ၀ ပွဲဦးထွက် စီးရီးအေရာသီ (၁၀)ပွဲမှာ (၇)ဂိုးသွင်းယူခဲ့တဲ့ ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့တာပါ။ ဒီရာသီအစက ဂျူဗင်တပ်စ်အသင်းကို ပြောင်းရွှေ့ခဲ့တဲ့ စီရော်နယ်လ်ဒိုဟာ ရာသီအစပွဲစဉ်တွေဖြစ်တဲ့ ချီယေဗို၊ လာဇီယို၊ ပါးမားတို့နဲ့ပွဲမှာ ဂိုးမသွင်းနိုင်ခဲ့ပေမယ့် ဆာဆူအိုလိုကို (၂-၁)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ (၂)ဂိုးသွင်းယူခဲ့ပြီးနောက်ပိုင်း ဂိုးတွေ ဆက်တိုက်ဆိုသလို သွင်းယူနိုင်ခဲ့တယ်။

Cristiano-Ronaldo-celebrates-after-he-scored-his-first-goal-

Cristiano-Ronaldo-celebrates-after-he-scored-his-first-goal-

ဂျူဗင်တပ်စ်အသင်းအတွက် စီးရီးအေ ရာသီအစ (၁၀)ပွဲမှာ (၇)ဂိုးအထိ သွင်းယူခဲ့တာက ၁၉၅၇ ခုနှစ်တုန်းက ဝေးလ်စ်ဂန္ထဝင် တိုက်စစ်မှူး ဂျွန်ချားလ်စ် John Charles ဖြစ်ပြီး (၆၁)နှစ်အကြာမှာ စီရော်နယ်လ်ဒိုက အဲဒီ မှတ်တမ်းကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

John-Charles

John-Charles

အရင်တုန်းက ဂျူဗင်တပ်စ်အသင်းရဲ့ နာမည်ကျော် တိုက်စစ်မှူးတွေဖြစ်တဲ့ ဟီဂွါအင် Gonzalo Higuain ၊ တီဗက်ဇ် Carlos Tevez ၊ ဖိလစ်ပိုအင်ဇာဂီ Filippo Inzaghi တို့ဟာ ဂျူဗင်တပ်စ်ကစားသမားဘ၀ ပထမဆုံး စီးရီးအေရာသီမှာ (၁၀)ပွဲကစားပြီး (၆)ဂိုးသာ သွင်းယူခဲ့တာကြောင့် စီရော်နယ်လ်ဒိုက သူတို့ထက် ပိုကောင်းတဲ့ စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့တာဖြစ်ပါတယ်။ စီရော်နယ်လ်ဒိုအနေနဲ့ နောက်ထပ်စံချိန် မှတ်တမ်းကောင်းတစ်ခုကို ချိုးဖြတ်ပြနိုင်ဖို့လည်း ပစ်မှတ်ထားနေပါပြီ။ အဲဒါကတော့ ၁၉၂၅-၂၆ ရာသီတုန်းက (၃၅)ဂိုးသွင်းယူပြီး တစ်ရာသီအတွင်း ဂျူဗင်တပ်စ်အသင်းအတွက် သွင်းဂိုးအများဆုံး ကစားသမားအဖြစ် စံချိန်တင်ထားတဲ့ Ferenc Hirzer ရဲ့ စံချိန်ကို ကျော်ဖြတ်နိုင်ဖို့ပဲ ဖြစ်ပါတယ်။

REF:Daily Mail
Photo:Trends India,The Guardian Nigeria,thesefootballtimes
Naing Linn(Akhayar)
www.akhayar.com