[Zawgyi]

အသက္မျပည့္ေသးတဲ့ မိန္းကေလးတစ္ဦးကုိ က်ဴးလြန္ခဲ့တယ္လုိ႔ စြပ္စဲြခံခဲ့ရဖူးတဲ့ C​ristiano Ronaldo

ၿပီးခဲ့တဲ့ရက္ပုိင္းအတြင္း ကက္သရင္းမာေယာ္ဂါ Kathryn Mayorga ဆုိသူ အမ်ိဳးသမီးတစ္ဦးက စီေရာ္နယ္လ္ဒုိဟာ ၂၀၀၉ ခုႏွစ္တုန္းက သူမကုိ မုဒိမ္းက်င့္ပါတယ္ဆုိၿပီး လူသိရွင္ၾကား စြပ္စဲြခဲ့သလုိ ၂၀၁၃ ခုႏွစ္တုန္းကလည္း ကာရီမယ္မာရာ Karima El Mahroug လုိ႔ အမည္ရတဲ့ ေမာ္႐ုိကုိႏုိင္ငံသူ အမ်ိဳးသမီးတစ္ဦးကလည္း စီေရာ္နယ္လ္ဒုိဟာ သူမကုိ အခေၾကးေငြ ေပးၿပီး ေပ်ာ္ပါးခဲ့ဖူးတယ္လုိ႔ စြပ္စဲြခံခဲ့ရဖူးပါတယ္။

Karima-El-Mahroug

Karima-El-Mahroug

Ruby Heartstealer လုိ႔ နာမည္ႀကီးတဲ့ ကာရီမယ္မာရာဟာ ဘဲေလးအကမယ္ျဖစ္သလုိ မိန္းမေကာင္းတစ္ဦး မဟုတ္ဘဲ အခေၾကးေငြေပးၿပီး ေပ်ာ္ပါးလုိ႔ရတဲ့ ျပည့္တန္ဆာတစ္ဦးပါ။ သူမက ၂၀၁၀ ခုႏွစ္တုန္းက စီေရာ္နယ္လ္ဒုိဟာ မီလန္ၿမိဳ႕မွာရွိတဲ့ ဟုိတယ္တစ္ခုမွာ ယူ႐ုိ(၄၀၀၀)ေပးၿပီး ေပ်ာ္ပါးခ့ဲတယ္လုိ႔ အီတလီေရွ႕ေနေတြကုိ တိုင္ၾကားခဲ့တယ္။

Karima-el-Mahrougs-being-escorted-outside-Milans-court

Karima-el-Mahrougs-being-escorted-outside-Milans-court

အဲဒီအခ်ိန္က ကာရီမယ္မာရာရဲ႕ အသက္ဟာ (၁၇)ႏွစ္သာရွိေသးၿပီး အီတလီႏုိင္ငံက ဥပေဒအရ ဒါဟာ ျပစ္မႈေျမာက္ပါတယ္။ အီတလီႏုိင္ငံမွာ ႏွစ္ဦးသေဘာတူဆုိရင္ အသက္(၁၄)ႏွစ္အရြယ္မွာ လိင္ဆက္ဆံခြင့္ရွိေပမယ့္ အသက္(၁၇)ႏွစ္ေအာက္ မိန္းကေလးေတြကုိ အခေၾကးေငြေပး ေပ်ာ္ပါးရင္ မုဒိမ္းမႈအျဖစ္ သတ္မွတ္ထားလုိ႔ပါ။ ကာရီမယ္မာရာဟာ အဲဒီအခ်ိန္ကတည္းက စြပ္စဲြမႈေတြ လုပ္ခဲ့ေပမယ့္ စီေရာ္နယ္လ္ဒုိဘက္က အေၾကာင္းျပခ်က္ အခုိင္အလုံနဲ႔ ျငင္းဆန္ခဲ့လုိ႔ စဲြခ်က္တင္ မခံခဲ့ရဘူး။ စီေရာ္နယ္လ္ဒုိက ကာရီမယ္မာရာ စြပ္စဲြခဲ့တ့ဲအခ်ိန္တုန္းက သူဟာ မီလန္မွာ မရွိသလုိ အဲဒီမိန္းကေလးကုိလည္း တစ္ခါမွ မေတြ႕ဖူးဘူးလုိ႔ ျငင္းဆန္ခဲ့လုိ႔ သက္သာခဲ့တာပါ ။ ကာရီမယ္မာရာဟာ အရင္ကလည္း အီတလီ၀န္ႀကီးခ်ဳပ္ေဟာင္း ဘာလူစကုိနီ Berlusconi ကုိ သူမ အသက္မျပည့္ေသးတဲ့အခ်ိန္မွာ ေငြေပးၿပီး ေပ်ာ္ပါးခဲ့တယ္လုိ႔ စြပ္စဲြခ့ဲဖူးသူျဖစ္ပါတယ္။

Karima-El-Mahroug-shows-her-passport-to-members-of-the-media

Karima-El-Mahroug-shows-her-passport-to-members-of-the-media

စီေရာ္နယ္လ္ဒုိဟာ အရင္ကတည္း မိန္းကေလးေလးေတြ ထည္လဲတဲြခဲ့သူျဖစ္ၿပီး Celebrity တခ်ိဳ႕နဲ႔ေတာင္ ပတ္သက္ခဲ့ဖူးပါတယ္။ အခုအခ်ိန္မွာ မိသားစုနဲ႔ တည္တည္ၿငိမ္ၿငိမ္ ျဖတ္သန္းေနေပမယ့္ အတိတ္က သူလုပ္ခဲ့တဲ့ အမွားေတြရဲ႕ အက်ိဳးဆက္ကုိ ခံစားေနရၿပီလုိ႔ပဲ ဆုိရေတာ့မွာပါ။

REF:The Sun
Photo: The Sun,Sport.
Naing Linn(Akhayar)
www.akhayar.com

[Unicode]

အသက်မပြည့်သေးတဲ့ မိန်းကလေးတစ်ဦးကို ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲခံခဲ့ရဖူးတဲ့ Cristiano Ronaldo

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ကက်သရင်းမာယော်ဂါ Kathryn Mayorga ဆိုသူ အမျိုးသမီးတစ်ဦးက စီရော်နယ်လ်ဒိုဟာ ၂၀၀၉ ခုနှစ်တုန်းက သူမကို မုဒိမ်းကျင့်ပါတယ်ဆိုပြီး လူသိရှင်ကြား စွပ်စွဲခဲ့သလို ၂၀၁၃ ခုနှစ်တုန်းကလည်း ကာရီမယ်မာရာ Karima El Mahroug လို့ အမည်ရတဲ့ မော်ရိုကိုနိုင်ငံသူ အမျိုးသမီးတစ်ဦးကလည်း စီရော်နယ်လ်ဒိုဟာ သူမကို အခကြေးငွေ ပေးပြီး ပျော်ပါးခဲ့ဖူးတယ်လို့ စွပ်စွဲခံခဲ့ရဖူးပါတယ်။

Karima-El-Mahroug

Karima-El-Mahroug

Ruby Heartstealer လို့ နာမည်ကြီးတဲ့ ကာရီမယ်မာရာဟာ ဘဲလေးအကမယ်ဖြစ်သလို မိန်းမကောင်းတစ်ဦး မဟုတ်ဘဲ အခကြေးငွေပေးပြီး ပျော်ပါးလို့ရတဲ့ ပြည့်တန်ဆာတစ်ဦးပါ။ သူမက ၂၀၁၀ ခုနှစ်တုန်းက စီရော်နယ်လ်ဒိုဟာ မီလန်မြို့မှာရှိတဲ့ ဟိုတယ်တစ်ခုမှာ ယူရို(၄၀၀၀)ပေးပြီး ပျော်ပါးခဲ့တယ်လို့ အီတလီရှေ့နေတွေကို တိုင်ကြားခဲ့တယ်။

Karima-el-Mahrougs-being-escorted-outside-Milans-court

Karima-el-Mahrougs-being-escorted-outside-Milans-court

အဲဒီအချိန်က ကာရီမယ်မာရာရဲ့ အသက်ဟာ (၁၇)နှစ်သာရှိသေးပြီး အီတလီနိုင်ငံက ဥပဒေအရ ဒါဟာ ပြစ်မှုမြောက်ပါတယ်။ အီတလီနိုင်ငံမှာ နှစ်ဦးသဘောတူဆိုရင် အသက်(၁၄)နှစ်အရွယ်မှာ လိင်ဆက်ဆံခွင့်ရှိပေမယ့် အသက်(၁၇)နှစ်အောက် မိန်းကလေးတွေကို အခကြေးငွေပေး ပျော်ပါးရင် မုဒိမ်းမှုအဖြစ် သတ်မှတ်ထားလို့ပါ။ ကာရီမယ်မာရာဟာ အဲဒီအချိန်ကတည်းက စွပ်စွဲမှုတွေ လုပ်ခဲ့ပေမယ့် စီရော်နယ်လ်ဒိုဘက်က အကြောင်းပြချက် အခိုင်အလုံနဲ့ ငြင်းဆန်ခဲ့လို့ စွဲချက်တင် မခံခဲ့ရဘူး။ စီရော်နယ်လ်ဒိုက ကာရီမယ်မာရာ စွပ်စွဲခဲ့တဲ့အချိန်တုန်းက သူဟာ မီလန်မှာ မရှိသလို အဲဒီမိန်းကလေးကိုလည်း တစ်ခါမှ မတွေ့ဖူးဘူးလို့ ငြင်းဆန်ခဲ့လို့ သက်သာခဲ့တာပါ ။ ကာရီမယ်မာရာဟာ အရင်ကလည်း အီတလီဝန်ကြီးချုပ်ဟောင်း ဘာလူစကိုနီ Berlusconi ကို သူမ အသက်မပြည့်သေးတဲ့အချိန်မှာ ငွေပေးပြီး ပျော်ပါးခဲ့တယ်လို့ စွပ်စွဲခဲ့ဖူးသူဖြစ်ပါတယ်။

Karima-El-Mahroug-shows-her-passport-to-members-of-the-media

Karima-El-Mahroug-shows-her-passport-to-members-of-the-media

စီရော်နယ်လ်ဒိုဟာ အရင်ကတည်း မိန်းကလေးလေးတွေ ထည်လဲတွဲခဲ့သူဖြစ်ပြီး Celebrity တချို့နဲ့တောင် ပတ်သက်ခဲ့ဖူးပါတယ်။ အခုအချိန်မှာ မိသားစုနဲ့ တည်တည်ငြိမ်ငြိမ် ဖြတ်သန်းနေပေမယ့် အတိတ်က သူလုပ်ခဲ့တဲ့ အမှားတွေရဲ့ အကျိုးဆက်ကို ခံစားနေရပြီလို့ပဲ ဆိုရတော့မှာပါ။

REF:The Sun
Photo: The Sun,Sport.
Naing Linn(Akhayar)
www.akhayar.com