ဂျူဗင်တပ်စ်အသင်းရဲ့ နာမည်ကျော်ကစားသမား စီရော်နယ်လ်ဒို Cristiano Ronaldo ဟာ စီးရီးအေက ချီးမြှင့်တဲ့ အထူးဂုဏ်ပြုဆုကို ၀တ်ဆင်ကစားဖို့ ငြင်းဆန်ခဲ့ပြီး အဓိကအချက်ကတော့ သူ့အသင်းဖော်တွေကို လေးစားမှုရှိတာကြောင့်ပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီက ဂျူဗင်တပ်စ်အသင်းကို ပြောင်းရွှေ့ခဲ့တဲ့ စီရော်နယ်လ်ဒိုဟာ ပထမဆုံးရာသီမှာပဲ ပုံစံကောင်းပြနိုင်ခဲ့ပြီး ပြိုင်ပွဲစုံ (၂၈)ဂိုးသွင်း၊ ဂိုးဖန်တီးမှု (၁၀)ကြိမ်အထိ ပြုလုပ်ခဲ့သလို စီးရီးအေချန်ပီယံဆုကို (၈)ရာသီဆက်ရရှိခဲ့တဲ့နေရာမှာ အဓိကကျခဲ့သူဖြစ်ပါတယ်။ အဲဒါကြောင့်လည်း ပြီးခဲ့တဲ့ရာသီကုန်မှာ စီးရီးအေ(၁)နှစ်တာအကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူးခဲ့ပြီး စီးရီးအေအဖွဲ့ချုပ် ဒီရာသီကစပြီး  လိဂ်ပြိုင်ပွဲ အကောင်းဆုံးကစားသမား ဆုရရှိတဲ့သူတွေဟာ အသင်းဂျာစီပေါ်မှာ အထူးဂုဏ်ပြုဆုတံဆိပ် ၀တ်ဆင်ကစားခွင့်ရှိပါတယ်။

ပြီးခဲ့တဲ့ရာသီ စီးရီးအေပြိုင်ပွဲမှာ နေရာအလိုက် အကောင်းဆုံးကစားသမားဆုတွေ ရရှိခဲ့ကြတဲ့ ဟန်ဒါနိုဗစ် Samir Handanovic (အင်တာမီလန်)၊ ဇာနီအိုလို Nicolo Zaniolo (ရိုးမား)၊ ကူလီဘလီ Kalidou Koulibaly (နာပိုလီ)၊ ဆာဗစ် Milinkovic-Savic (လာဇီယို)၊ ကွာဂလီယာရယ်လာ Fabio Quagliarella (ဆမ်ဒိုးရီးယား)တို့ဟာ ဒီရာသီမှာ အထူးဂုဏ်ပြုဆုတံဆိပ်တွေ ၀တ်ဆင်ကစားခဲ့ကြပါတယ်။ စီးရီးအေအဖွဲ့ချုပ်ဟာ အကောင်းဆုံးဆု ရခဲ့တဲ့ကစားသမားတွေ အထူးဂုဏ်ပြုဆုတံဆိပ် ၀တ်ဆင်ဖို့ သတ်မှတ်ထားပေမယ့် ကစားသမားရဲ့ ဆန္ဒအရ တကယ်လို့ မ၀တ်ချင်ဘူးဆိုရင်လည်း ခွင့်ပြုပေးထားတာဖြစ်ပါတယ်။ ဒါကြောင့် စီရော်နယ်လ်ဒိုဟာ ဒီဆုတံဆိပ်ကို ၀တ်ဆင်ဖို့ ငြင်းဆန်ခဲ့တာဖြစ်ပြီး အသင်းဖော်တွေထက် သူက ပိုပြီး အရေးပါအရာရောက်တဲ့သူအဖြစ် သတ်မှတ်ခံရမှာ မလိုလားတာကြောင့်ပဲဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် တခြား ကစားသမားတွေ အထူးဂုဏ်ပြုဆုဝတ်ဆင်ကစားနေချိန်မှာ အသင်းဖော်တွေကို ငဲ့ပြီး ဒီဆုမ၀တ်ခဲ့တဲ့ စီရော်နယ်လ်ဒိုရဲ့ လုပ်ရပ်ကတော့ ချီးကျူးစရာပါပဲ။

REF:Daily Mail
Photo: sportbible,Cristiano Ronaldo Facebook
Naing Linn(Akhayar)
www.akhayar.com