[Zawgyi]



Juventus-Vs-Lazio

Juventus-Vs-Lazio


Cristiano-Ronaldo

Cristiano-Ronaldo


Ref: ESPN , Marca
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

ဂျူဗင်တပ်စ်အသင်းမှာ သွင်းဂိုးရှာဖွေနိုင်ခြင်းမရှိသေးတဲ့ စီရော်နယ်လ်ဒို Cristiano Ronaldo

ဒီနှစ်ဘောလုံးရာသီမှာ စီရော်နယ်လ်ဒို Cristiano Ronaldo ဟာ အီတလီထိပ်သီး ဂျူဗင်တပ်စ်အသင်းကို ယူရိုသန်း(၁၀၀)နဲ့ပြောင်းရွှေ့ခဲ့ပါတယ်။ အသက်(၃၃)နှစ်အရွယ်ရှိပြီဖြစ်တဲ့ စီရော်နယ်လ်ဒို Cristiano Ronaldo အတွက် ဂျူဗင်တပ်စ်အသင်းဟာ မြင့်မားတဲ့ ပြောင်းရွှေ့ကြေးကို အသုံးပြုခဲ့တာပါ။ စီရော်နယ်လ်ဒို Cristiano Ronaldo ရဲ့အသက်အရွယ်ဟာ ဘောလုံးသမားတစ်ဦးအနေနဲ့ဆို အသက်ကြီးနေတဲ့အရွယ်ကို ရောက်နေခဲ့ပါပြီ။ ဒါပေမဲ့ ရီးယဲလ်အသင်းမှာ အကောင်းဆုံးခြေစွမ်းတွေကို ထိန်းထားနိုင်ပြီး ပရိသတ်အားပေးနှုန်းမြင့်သလို ဈေးကွက်တန်ကြေးများပြားတဲ့ စီရော်နယ်လ်ဒို Cristiano Ronaldo ကို ဂျူဗင်တပ်စ်အသင်းဟာ မျှော်လင့်တကြီးနဲ့ခေါ်ယူခဲ့တာပါ။

Juventus-Vs-Lazio

Juventus-Vs-Lazio

စီးရီးအေ ဘောလုံးပြိုင်ပွဲစတင်ချိန်မှာတော့ စီရော်နယ်လ်ဒို Cristiano Ronaldo ဟာအားလုံးရဲ့စောင့်ကြည့်ခြင်းကိုခံခဲ့ရပါတယ်။ စီရော်နယ်လ်ဒို Cristiano Ronaldo ဟာ လက်ရှိအချိန်မှာတော့ ဂျူဗင်တပ်စ်အသင်းနဲ့အတူ စီးရီးအေပွဲစဉ်(၂)ပွဲကစားပြီးပါပြီ။ ဒီ(၂)ပွဲမှာ စီရော်နယ်လ်ဒို Cristiano Ronaldo ဟာ ဂိုးပေါက်ကန်သွင်းချက်(၁၄)ကြိမ်ထိရှိခဲ့ပေမယ့် သွင်းဂိုးတစ်ဂိုးမှ သွင်းယူထားနိုင်ခြင်းမရှိသေးပါဘူး။ ပြီးခဲ့တဲ့ လာဇီယိုနဲ့ပွဲစဉ်မှာတော့ စီရော်နယ်လ်ဒို Cristiano Ronaldo ဟာ အပိုင်အခွင့်အရေးတစ်ရပ်ကို အံအားသင့်ဖွယ် လွဲချော်ခဲ့ပါတယ်။ ညာတောင်ပံက ကန်ဆယ်လို Cancelo ချိုးပေးလိုက်တဲ့ ဘောလုံးကို စီရော်နယ်လ်ဒို Cristiano Ronaldo ဟာ အပိုင်ပိတ်သွင်းဖို့အခွင့်အရေးရခဲ့ပေမယ့် ကံဆိုးစွာနဲ့ လွဲချော်ခဲ့ရတာပါ။ အီတလီမြေဟာ စီရော်နယ်လ်ဒို Cristiano Ronaldo အတွက် အိမ်မက်ဆိုးတစ်ခုဖြစ်နေပြီလား ဆိုတာစိတ်ဝင်စားစရာပါပဲ။

Cristiano-Ronaldo

Cristiano-Ronaldo

စီရော်နယ်လ်ဒို Cristiano Ronaldo ဟာ စပို့တင်းလစ္စဘွန်းကစားသမားဘဝမှာ အသင်းအတွက်ပထမဆုံးသွင်းဂိုးကို(၅)ပွဲမြောက်ပွဲမှာ သွင်းယူခဲ့ပါတယ်။ မန်ယူအသင်း အတွက်ပထမဆုံးသွင်းဂိုးကို(၁၀)ပွဲမြောက်ပွဲမှာသွင်းယူခဲ့ပြီး ရီးယဲလ်အသင်းအတွက် ပထမဆုံးသွင်းဂိုးကိုတော့ ပထမဆုံးပွဲမှာသွင်းယူခဲ့တာဖြစ်ပါတယ်။ ဂျူဗင်တပ်စ်အသင်းမှာတော့ စီရော်နယ်လ်ဒို Cristiano Ronaldo ဟာ သွင်းဂိုးရယူနိုင်ဖို့ ခက်ခဲနေပါတယ်။ ဂျူဗင်တပ်စ်အသင်းအတွက် ပထမဆုံးသွင်းဂိုးကို စီရော်နယ်လ်ဒို Cristiano Ronaldo ဘယ်နှစ်ပွဲမြောက်မှာ သွင်းယူနိုင်မလဲ ဆိုတာကတော့ …

Ref: ESPN , Marca
Photo: JOE.co.uk , The18 , The Daily Voice
Ko Kyue(Akhayar)
www.akhayar.com