[Zawgyi]

Cristiano Ronaldo ရဲ႕ ခႏၶာကုိယ္ႀက့ံခုိင္မႈက အသက္(၂၀)အရြယ္လူငယ္ေလးအတိုင္းပါပဲ

စီေရာ္နယ္လ္ဒုိ Cristiano Ronaldo အတြက္ အသက္အရြယ္ဆုိတာ ကန္႔သတ္ခ်က္တစ္ခု မဟုတ္သလုိပဲ။ အသက္ႀကီးလာတာနဲ႔အမွ် သူ႔ရဲ႕႐ုပ္ပုိင္း၊ စိတ္ပုိင္းဆုိင္ရာေတြက ယုိယြင္းမသြားဘဲ ပုိၿပီးေတာ့ေတာင္ ေကာင္းမြန္လာေနတယ္။ ဆြီဒင္၀ါရင့္တိုက္စစ္မွဴးႀကီး အီဘရာဟီမုိဗစ္ Ibrahimovic ေၾကြးေက်ာ္ခဲ့ဖူးတဲ့ စကားတစ္ခြန္းကုိ ျပန္သတိရမိပါတယ္။ သူဟာ ၀ုိင္(Wine)လုိပါပဲ၊ ႏွစ္ေတြၾကာလာေလေလ ပုိေကာင္းလာေလေလပါတဲ့။ အခု စီေရာ္နယ္လ္ဒုိကုိလည္း အဲဒီအတိုင္း သတ္မွတ္ရေတာ့မယ္။ အသက္(၃၃)ႏွစ္အရြယ္ေရာက္တဲ့ ေဘာလုံးသမားတိုင္း အနည္းနဲ႔အမ်ား အက်ဘက္ကုိ ေရာက္လာေလ့ရွိတယ္။ မ်ားေသာအားျဖင့္ အက်ဘက္ကုိ ေရာက္တဲ့ ကစားသမား ပိုမ်ားပါတယ္။ စီေရာ္နယ္လ္ဒုိလုိ အသက္အရြယ္မ်ိဳးမွာ နာမည္ႀကီးေဘာလုံးသမားေတြေတာင္ ဥေရာပေျမမွာ ဆက္ၿပီးရွင္သန္ဖုိ႔ မျဖစ္ႏုိင္ေတာ့တဲ့အတြက္ တျခားလိဂ္ေတြကုိ ေျပာင္းေရႊ႕ကစားခဲ့ရတဲ့ သာဓကေတြ အမ်ားႀကီးပါ။

Cristiano-Ronaldo

Cristiano-Ronaldo

အခုလုိ စကားပ်ိဳးေနရတာကလည္း အေၾကာင္းရွိပါတယ္။ ဂ်ဴဗင္တပ္စ္အသင္းနဲ႔ စီေရာ္နယ္လ္ဒုိတို႔ ေဆးစစ္မႈ ခံယူခဲ့ခ်ိန္မွာ သူ႔ရဲ႕ခႏၶာကုိယ္ႀက့ံခုိင္မႈအေနအထားကုိ ေဆးအဖဲြ႕က စက္ကိရိယာေတြနဲ႔ တိုင္းတာခဲ့ၾကတယ္။ အဲဒီမွာ ထြက္လာတဲ့ရလဒ္ကုိ ၾကည့္ၿပီး ဂ်ဴဗင္တပ္စ္အသင္းရဲ႕ ေဆးအဖဲြ႕၀င္ေတြ ပါးစပ္အေဟာင္းသားျဖစ္ခဲ့ရတယ္။ ဘာျဖစ္လုိ႔လဲဆုိေတာ့ စီေရာ္နယ္လ္ဒုိရဲ႕ ခႏၶာကုိယ္ႀကံ့ခုိင္မႈက အသက္(၂၀)အရြယ္ကစားသမားတစ္ဦးလုိျဖစ္ေနလုိ႔ပါပဲ။ ဇီ၀ကမၼတည္ေဆာက္မႈ Biological Age အရ သူဟာ ေနာက္ထပ္ (၄)ႏွစ္ေလာက္အထိ ေဘာလုံးဆက္ကစားႏုိင္တဲ့အေနအထားျဖစ္ေနတယ္။

C-Ronaldo-a-physical-age-of-13-years-younger-than-his-actual-age

C-Ronaldo-a-physical-age-of-13-years-younger-than-his-actual-age

စစ္ေဆးမႈရလဒ္အရ စီေရာ္နယ္လ္ဒုိရဲ႕ ခႏၶာကုိယ္မွာ အဆီပါ၀င္မႈႏႈန္းက (၇)ရာခုိင္ႏႈန္းသာရွိေနၿပီး သူ႔အသက္အရြယ္ တျခားကစားသမားေတြရဲ႕ ပ်မ္းမွ်အဆီပါ၀င္မႈက (၁၀)ရာခုိင္ႏႈန္းအထိရွိေနတာပါ။ ေနာက္ၿပီး သူ႔ရဲ႕ ၾကြက္သားထုထည္ Muscle Mass က (၅၀)ရာခုိင္ႏႈန္းအထိရွိေနၿပီး တျခားကစားသမားေတြ ပ်မ္းမွ်အားျဖင့္ (၄၆)ရာခုိင္ႏႈန္းပဲရွိတာျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပဲြတုန္းကလည္း စီေရာ္နယ္လ္ဒုိဟာ တစ္နာရီကုိ (၃၃.၉၈)ကီလုိမီတာအထိ ေျပးလႊားခဲ့ၿပီး ၿပိဳင္ပဲြရဲ႕အျမန္ဆုံးကစားသမားအျဖစ္ မွတ္တမ္း၀င္ခဲ့သလုိ ဘာေပ Mbappe လုိ လူငယ္ကစားသမားတစ္ဦးေတာင္ သူ႔ေလာက္အထိ မေျပးႏုိင္ခဲ့ဘူး။ စီေရာ္နယ္လ္ဒုိအေနနဲ႔ အစားအေသာက္ကုိ ဂ႐ုတစုိက္ စားခဲ့တာ၊ ခႏၶာကုိယ္ထိန္းသိမ္းခဲ့တဲ့အက်ိဳးဆက္ေတြကုိ ခံစားေနရၿပီလုိ႔ ဆုိရမယ္။ အခုအခ်ိန္ေလာက္ဆုိ စီေရာ္နယ္လ္ဒုိကုိ ေရာင္းထုတ္ခဲ့တဲ့ ရီးယဲလ္အသင္း ေနာင္တရေနေလာက္ၿပီး ဂ်ဴဗင္တပ္စ္ပရိသတ္ေတြကေတာ့ အားရ၀မ္းသာျဖစ္ေနေလာက္ပါၿပီ . . .

REF:The Sun,Marca
Photo:Youtube Channel,Goal,
Naing Linn(Akhayar)
www.akhayar.com

[Unicode]

Cristiano Ronaldo ရဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုက အသက်(၂၀)အရွယ်လူငယ်လေးအတိုင်းပါပဲ

စီရော်နယ်လ်ဒို Cristiano Ronaldo အတွက် အသက်အရွယ်ဆိုတာ ကန့်သတ်ချက်တစ်ခု မဟုတ်သလိုပဲ။ အသက်ကြီးလာတာနဲ့အမျှ သူ့ရဲ့ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာတွေက ယိုယွင်းမသွားဘဲ ပိုပြီးတော့တောင် ကောင်းမွန်လာနေတယ်။ ဆွီဒင်ဝါရင့်တိုက်စစ်မှူးကြီး အီဘရာဟီမိုဗစ် Ibrahimovic ကြွေးကျော်ခဲ့ဖူးတဲ့ စကားတစ်ခွန်းကို ပြန်သတိရမိပါတယ်။ သူဟာ ဝိုင်(Wine)လိုပါပဲ၊ နှစ်တွေကြာလာလေလေ ပိုကောင်းလာလေလေပါတဲ့။ အခု စီရော်နယ်လ်ဒိုကိုလည်း အဲဒီအတိုင်း သတ်မှတ်ရတော့မယ်။ အသက်(၃၃)နှစ်အရွယ်ရောက်တဲ့ ဘောလုံးသမားတိုင်း အနည်းနဲ့အများ အကျဘက်ကို ရောက်လာလေ့ရှိတယ်။ များသောအားဖြင့် အကျဘက်ကို ရောက်တဲ့ ကစားသမား ပိုများပါတယ်။ စီရော်နယ်လ်ဒိုလို အသက်အရွယ်မျိုးမှာ နာမည်ကြီးဘောလုံးသမားတွေတောင် ဥရောပမြေမှာ ဆက်ပြီးရှင်သန်ဖို့ မဖြစ်နိုင်တော့တဲ့အတွက် တခြားလိဂ်တွေကို ပြောင်းရွှေ့ကစားခဲ့ရတဲ့ သာဓကတွေ အများကြီးပါ။

Cristiano-Ronaldo

Cristiano-Ronaldo

အခုလို စကားပျိုးနေရတာကလည်း အကြောင်းရှိပါတယ်။ ဂျူဗင်တပ်စ်အသင်းနဲ့ စီရော်နယ်လ်ဒိုတို့ ဆေးစစ်မှု ခံယူခဲ့ချိန်မှာ သူ့ရဲ့ခန္ဓာကိုယ်ကြံ့ခိုင်မှုအနေအထားကို ဆေးအဖွဲ့က စက်ကိရိယာတွေနဲ့ တိုင်းတာခဲ့ကြတယ်။ အဲဒီမှာ ထွက်လာတဲ့ရလဒ်ကို ကြည့်ပြီး ဂျူဗင်တပ်စ်အသင်းရဲ့ ဆေးအဖွဲ့ဝင်တွေ ပါးစပ်အဟောင်းသားဖြစ်ခဲ့ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ စီရော်နယ်လ်ဒိုရဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုက အသက်(၂၀)အရွယ်ကစားသမားတစ်ဦးလိုဖြစ်နေလို့ပါပဲ။ ဇီဝကမ္မတည်ဆောက်မှု Biological Age အရ သူဟာ နောက်ထပ် (၄)နှစ်လောက်အထိ ဘောလုံးဆက်ကစားနိုင်တဲ့အနေအထားဖြစ်နေတယ်။

C-Ronaldo-a-physical-age-of-13-years-younger-than-his-actual-age

C-Ronaldo-a-physical-age-of-13-years-younger-than-his-actual-age

စစ်ဆေးမှုရလဒ်အရ စီရော်နယ်လ်ဒိုရဲ့ ခန္ဓာကိုယ်မှာ အဆီပါဝင်မှုနှုန်းက (၇)ရာခိုင်နှုန်းသာရှိနေပြီး သူ့အသက်အရွယ် တခြားကစားသမားတွေရဲ့ ပျမ်းမျှအဆီပါဝင်မှုက (၁၀)ရာခိုင်နှုန်းအထိရှိနေတာပါ။ နောက်ပြီး သူ့ရဲ့ ကြွက်သားထုထည် Muscle Mass က (၅၀)ရာခိုင်နှုန်းအထိရှိနေပြီး တခြားကစားသမားတွေ ပျမ်းမျှအားဖြင့် (၄၆)ရာခိုင်နှုန်းပဲရှိတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းကလည်း စီရော်နယ်လ်ဒိုဟာ တစ်နာရီကို (၃၃.၉၈)ကီလိုမီတာအထိ ပြေးလွှားခဲ့ပြီး ပြိုင်ပွဲရဲ့အမြန်ဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သလို ဘာပေ Mbappe လို လူငယ်ကစားသမားတစ်ဦးတောင် သူ့လောက်အထိ မပြေးနိုင်ခဲ့ဘူး။ စီရော်နယ်လ်ဒိုအနေနဲ့ အစားအသောက်ကို ဂရုတစိုက် စားခဲ့တာ၊ ခန္ဓာကိုယ်ထိန်းသိမ်းခဲ့တဲ့အကျိုးဆက်တွေကို ခံစားနေရပြီလို့ ဆိုရမယ်။ အခုအချိန်လောက်ဆို စီရော်နယ်လ်ဒိုကို ရောင်းထုတ်ခဲ့တဲ့ ရီးယဲလ်အသင်း နောင်တရနေလောက်ပြီး ဂျူဗင်တပ်စ်ပရိသတ်တွေကတော့ အားရဝမ်းသာဖြစ်နေလောက်ပါပြီ . . .

REF:The Sun,Marca
Photo:Youtube Channel,Goal,
Naing Linn(Akhayar)
www.akhayar.com