This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

ကမၻာ႔ဖလားသြင္းဂုိးမွတ္တမ္းေကာင္းတစ္ခုရရွိခဲ့တဲ့ စီေရာ္နယ္လ္ဒုိ C.Ronaldo

ေပၚတူဂီအသင္းရဲ႕ နာမည္ေက်ာ္ တိုက္စစ္ကစားသမား စီေရာ္နယ္လ္ဒုိ C.Ronaldo ကေတာ့ ကမၻာ႔ဖလားသြင္းဂုိးမွတ္တမ္းေကာင္း တစ္ခုကုိ ရယူလုိက္ျပန္ပါၿပီ။ စပိန္နဲ႔ကစားခဲ့တဲ့ အုပ္စုပဲြမွာ ေပၚတူဂီအသင္းအတြက္ အဖြင့္ဂုိးကုိ ပယ္နယ္တီကေန သြင္းယူခဲ့တဲ့ စီေရာ္နယ္လ္ဒုိဟာ မတူညီတဲ့ ကမၻာ႔ဖလားၿပိဳင္ပဲြ(၄)ခုမွာ ဂုိးသြင္းယူခဲ့တဲ့ စတုတၳေျမာက္ကစားသမားအျဖစ္ မွတ္တမ္း၀င္ခဲ့တာျဖစ္ပါတယ္။

Cristiano-Ronaldo-Scores-Penalty

Cristiano-Ronaldo-Scores-Penalty

စီေရာ္နယ္လ္ဒုိမတိုင္ခင္က ကမၻာ႔ဖလား(၄)ႀကိမ္မွာ ဂုိးသြင္းယူခဲ့တဲ့သူေတြက ဘရာဇီးလ္ဂႏၳ၀င္ ပီလီ Pele ၊ ဂ်ာမနီဂႏၳ၀င္ကစားသမားေတြျဖစ္တဲ့ အူ၀ီစီလာ Uwe Seeler ၊ ကလုိေဆး Klose တို႔ပဲရွိပါတယ္။ ပီလီနဲ႔အူ၀ီစီလာတို႔ဟာ ၁၉၅၈၊ ၁၉၆၂၊ ၁၉၆၆၊ ၁၉၇၀ ကမၻာ႔ဖလားေတြမွာ ဂုိးသြင္းယူခဲ့ၿပီး ကလုိေဆးကေတာ့ ၂၀၀၂၊ ၂၀၀၆၊ ၂၀၁၀၊ ၂၀၁၄ ကမၻာ႔ဖလားၿပိဳင္ပဲြေတြမွာ စုစုေပါင္း(၁၆)ဂုိးသြင္းယူခဲ့သလုိ ကမၻာ႔ဖလားၿပိဳင္ပဲြတစ္ေလွ်ာက္ သြင္းဂုိးအမ်ားဆုံးကစားသမားအျဖစ္လည္း ရပ္တည္ေနတယ္။ စီေရာ္နယ္လ္ဒုိဟာ ၂၀၀၆၊ ၂၀၁၀၊ ၂၀၁၄ ၿပိဳင္ပဲြေတြအျပင္ အခု ၂၀၁၈ ကမၻာ႔ဖလားမွာလည္း ဂုိးေတြ သြင္းယူခဲ့ပါတယ္။

REF:The Sun
Photo:The Sun
Naing Linn(Akhyar)

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

ကမ္ဘာ့ဖလားသွင်းဂိုးမှတ်တမ်းကောင်းတစ်ခုရရှိခဲ့တဲ့ စီရော်နယ်လ်ဒို C.Ronaldo

ပေါ်တူဂီအသင်းရဲ့ နာမည်ကျော် တိုက်စစ်ကစားသမား စီရော်နယ်လ်ဒို C.Ronaldo ကတော့ ကမ္ဘာ့ဖလားသွင်းဂိုးမှတ်တမ်းကောင်း တစ်ခုကို ရယူလိုက်ပြန်ပါပြီ။ စပိန်နဲ့ကစားခဲ့တဲ့ အုပ်စုပွဲမှာ ပေါ်တူဂီအသင်းအတွက် အဖွင့်ဂိုးကို ပယ်နယ်တီကနေ သွင်းယူခဲ့တဲ့ စီရော်နယ်လ်ဒိုဟာ မတူညီတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ(၄)ခုမှာ ဂိုးသွင်းယူခဲ့တဲ့ စတုတ္ထမြောက်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့တာဖြစ်ပါတယ်။

Cristiano-Ronaldo-Scores-Penalty

Cristiano-Ronaldo-Scores-Penalty

စီရော်နယ်လ်ဒိုမတိုင်ခင်က ကမ္ဘာ့ဖလား(၄)ကြိမ်မှာ ဂိုးသွင်းယူခဲ့တဲ့သူတွေက ဘရာဇီးလ်ဂန္ထဝင် ပီလီ Pele ၊ ဂျာမနီဂန္ထဝင်ကစားသမားတွေဖြစ်တဲ့ အူဝီစီလာ Uwe Seeler ၊ ကလိုဆေး Klose တို့ပဲရှိပါတယ်။ ပီလီနဲ့အူဝီစီလာတို့ဟာ ၁၉၅၈၊ ၁၉၆၂၊ ၁၉၆၆၊ ၁၉၇၀ ကမ္ဘာ့ဖလားတွေမှာ ဂိုးသွင်းယူခဲ့ပြီး ကလိုဆေးကတော့ ၂၀၀၂၊ ၂၀၀၆၊ ၂၀၁၀၊ ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ စုစုပေါင်း(၁၆)ဂိုးသွင်းယူခဲ့သလို ကမ္ဘာ့ဖလားပြိုင်ပွဲတစ်လျှောက် သွင်းဂိုးအများဆုံးကစားသမားအဖြစ်လည်း ရပ်တည်နေတယ်။ စီရော်နယ်လ်ဒိုဟာ ၂၀၀၆၊ ၂၀၁၀၊ ၂၀၁၄ ပြိုင်ပွဲတွေအပြင် အခု ၂၀၁၈ ကမ္ဘာ့ဖလားမှာလည်း ဂိုးတွေ သွင်းယူခဲ့ပါတယ်။

REF:The Sun
Photo:The Sun
Naing Linn(Akhyar)