[Zawgyi]

အားကစားသမားေတြထဲမွာ Instagram ကေန ၀င္ေငြရရွိမႈအမ်ားဆုံးျဖစ္ေနတဲ့ Cristiano Ronaldo

ဂ်ဴဗင္တပ္စ္အသင္းရဲ႕ ေပၚတူဂီနာမည္ေက်ာ္ကစားသမား စီေရာ္နယ္လ္ဒုိ Cristiano Ronaldo ဟာ ၂၀၁၈ ခုႏွစ္အတြင္း အားကစားသမားေတြထဲမွာ Instagram ကေန ၀င္ေငြရရွိမႈအမ်ားဆုံးအျဖစ္ သူ႔ရဲ႕အဓိက ၿပိဳင္ဘက္ေတြျဖစ္တဲ့ မက္ဆီ Messi ၊ ေနမာ Neymar တို႔ကုိ ေက်ာ္ျဖတ္ၿပီး ရပ္တည္ေနပါတယ္။ မၾကာေသးမီကမွ ဂ်ဴဗင္တပ္စ္အသင္းဆီ ေပါင္သန္း(၁၀၀)နဲ႔ ေျပာင္းေရႊ႕ခဲ့သူ စီေရာ္နယ္လ္ဒုိဟာ ကြင္းတြင္းမွာ ေအာင္ျမင္သူတစ္ဦးျဖစ္႐ုံသာမကဘဲ လူမႈကြန္ရက္စာမ်က္ႏွာေတြေပၚမွာလည္း ထင္ရွားေက်ာ္ၾကားသူတစ္ဦးပါ။

Cristiano-Ronaldo

Cristiano-Ronaldo

Social Media Platform မွာ နာမည္ႀကီးေနသူေတြ ၊ ၀င္ေငြအေကာင္းဆုံး Celebrities ေတြနဲ႔ပတ္သက္ၿပီး အခ်က္အလက္ေတြကုိ စုေဆာင္းတဲ့ HopperHQ.com က ၂၀၁၈ ခုႏွစ္အတြင္း က႑အသီးသီးမွာ Instagram ကေန ၀င္ေငြရရွိမႈအမ်ားဆုံးျဖစ္ေနသူေတြစာရင္းကုိ ထုတ္ျပန္ေၾကညာခဲ့တာျဖစ္ၿပီး အားကစားက႑မွာေတာ့ စီေရာ္နယ္လ္ဒုိက အမ်ားဆုံးျဖစ္ေနပါတယ္။ စီေရာ္နယ္လ္ဒုိရဲ႕ Instagram ကုိ Followers လုပ္ထားတဲ့သူ စုစုေပါင္းက (၁၃၃)သန္းအထိရွိေနၿပီး သူဟာ ျပင္ပဘ၀ေနထုိင္မႈပုံေတြ၊ ကြင္းတြင္းမွာ ဆုဖလားရရွိခဲ့တဲ့ပုံေတြကုိ အၿမဲတေစ Post တင္ေလ့ရွိသူတစ္ဦးပါ။ အခုဆုိရင္ စီးပြားေရးကုမၸဏီေတြက စီေရာ္နယ္လ္ဒုိရဲ႕ ေက်ာ္ၾကားတဲ့ပုံရိပ္ကုိ အသုံးျပဳၿပီး သူတို႔ရဲ႕ကုန္ပစၥည္းေတြကုိ ေၾကာ္ျငာေနၾကတာေၾကာင့္ စီေရာ္နယ္လ္ဒုိ ၀င္ေငြေကာင္းေနရတဲ့အေၾကာင္းရင္းတစ္ခုပါပဲ။ စီးပြားေရးကုမၸဏီေတြက သူတို႔ရဲ႕ေၾကာ္ျငာကုိ စီေရာ္နယ္လ္ဒုိ Post တစ္ခါတင္ရင္ ေၾကာ္ျငာခအျဖစ္ အေမရိကန္ေဒၚလာ(၇၅၀၀၀၀)အထိ ေပးေခ်ေနရတာေၾကာင့္ စီေရာ္နယ္လ္ဒုိအတြက္ ေငြေတြဘယ္ေလာက္ရမလဲဆုိတာ ေတြးလုိ႔ေတာင္မရႏုိင္တဲ့အေနအထားပါ။ အားကစားက႑မွာ Instagram ကေန ၀င္ေငြအမ်ားဆုံးရရွိေနတဲ့ ထိပ္ဆုံး(၅)ဦးစာရင္း၀င္ေတြကေတာ့ စီေရာ္နယ္လ္ဒုိအျပင္ ေနမာ၊ မက္ဆီ၊ ေဒးဗစ္ဘက္ခမ္း David Beckham ၊ ဂါရတ္ေဘးလ္ Gareth Bale တို႔ပဲျဖစ္ပါတယ္။

David-Beckham

David-Beckham

ေနမာနဲ႔မက္ဆီတို႔ဟာ Post တစ္ခုအတြက္ အေမရိကန္ေဒၚလာ(၆၀၀၀၀၀)၊ အေမရိကန္ေဒၚလာ(၅၀၀၀၀၀)သိန္းစီ အသီးသီးရရွိေနၿပီး မန္ယူနာမည္ေက်ာ္ကစားသမားေဟာင္း ေဒးဗစ္ဘက္ခမ္က အေမရိကန္ေဒၚလာ(၃၀၀၀၀၀)၊ ဂါရတ္ေဘးလ္က အေမရိကန္ေဒၚလာ(၁၈၅၀၀၀)ရရွိေနၾကတယ္။

Kylie-Jenner

Kylie-Jenner

ကမၻာတစ္၀ွမ္းမွာ Instagram ကေန ၀င္ေငြအမ်ားဆုံး Celebrity က ကုိင္လီဂ်န္နာ Kylie Jenner ျဖစ္ၿပီး အေမရိကန္ေဒၚလာ(၁)သန္းအထိရရွိေနတာပါ။ ဒုတိယအမ်ားဆုံးက ဆယ္လီနာဂုိးမက္ဇ္ Selena Gomez ျဖစ္ၿပီး Post တစ္ခုကုိ အေမရိကန္ေဒၚလာ (၈၀၀၀၀၀)ရရွိေနတာျဖစ္ပါတယ္။ စီေရာ္နယ္လ္ဒုိဟာ နာမည္ႀကီး Celebrity တစ္ဦးျဖစ္တဲ့ ကင္ကာဒက္ရွန္ Kim Kardashian နဲ႔အတူ တတိယေနရာမွာ ပူးတဲြရပ္တည္ေနတာျဖစ္ပါတယ္။

REF:Daily Mail
Photo:The Sun,golazzoo.com,The Independent,Beckham Fragrances
Naing Linn(Akhayar)
www.akhayar.com

[Unicode]

အားကစားသမားတွေထဲမှာ Instagram ကနေ ဝင်ငွေရရှိမှုအများဆုံးဖြစ်နေတဲ့ Cristiano Ronaldo

ဂျူဗင်တပ်စ်အသင်းရဲ့ ပေါ်တူဂီနာမည်ကျော်ကစားသမား စီရော်နယ်လ်ဒို Cristiano Ronaldo ဟာ ၂၀၁၈ ခုနှစ်အတွင်း အားကစားသမားတွေထဲမှာ Instagram ကနေ ဝင်ငွေရရှိမှုအများဆုံးအဖြစ် သူ့ရဲ့အဓိက ပြိုင်ဘက်တွေဖြစ်တဲ့ မက်ဆီ Messi ၊ နေမာ Neymar တို့ကို ကျော်ဖြတ်ပြီး ရပ်တည်နေပါတယ်။ မကြာသေးမီကမှ ဂျူဗင်တပ်စ်အသင်းဆီ ပေါင်သန်း(၁၀၀)နဲ့ ပြောင်းရွှေ့ခဲ့သူ စီရော်နယ်လ်ဒိုဟာ ကွင်းတွင်းမှာ အောင်မြင်သူတစ်ဦးဖြစ်ရုံသာမကဘဲ လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာလည်း ထင်ရှားကျော်ကြားသူတစ်ဦးပါ။

Cristiano-Ronaldo

Cristiano-Ronaldo

Social Media Platform မှာ နာမည်ကြီးနေသူတွေ ၊ ဝင်ငွေအကောင်းဆုံး Celebrities တွေနဲ့ပတ်သက်ပြီး အချက်အလက်တွေကို စုဆောင်းတဲ့ HopperHQ.com က ၂၀၁၈ ခုနှစ်အတွင်း ကဏ္ဍအသီးသီးမှာ Instagram ကနေ ဝင်ငွေရရှိမှုအများဆုံးဖြစ်နေသူတွေစာရင်းကို ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပြီး အားကစားကဏ္ဍမှာတော့ စီရော်နယ်လ်ဒိုက အများဆုံးဖြစ်နေပါတယ်။ စီရော်နယ်လ်ဒိုရဲ့ Instagram ကို Followers လုပ်ထားတဲ့သူ စုစုပေါင်းက (၁၃၃)သန်းအထိရှိနေပြီး သူဟာ ပြင်ပဘဝနေထိုင်မှုပုံတွေ၊ ကွင်းတွင်းမှာ ဆုဖလားရရှိခဲ့တဲ့ပုံတွေကို အမြဲတစေ Post တင်လေ့ရှိသူတစ်ဦးပါ။ အခုဆိုရင် စီးပွားရေးကုမ္ပဏီတွေက စီရော်နယ်လ်ဒိုရဲ့ ကျော်ကြားတဲ့ပုံရိပ်ကို အသုံးပြုပြီး သူတို့ရဲ့ကုန်ပစ္စည်းတွေကို ကြော်ငြာနေကြတာကြောင့် စီရော်နယ်လ်ဒို ဝင်ငွေကောင်းနေရတဲ့အကြောင်းရင်းတစ်ခုပါပဲ။ စီးပွားရေးကုမ္ပဏီတွေက သူတို့ရဲ့ကြော်ငြာကို စီရော်နယ်လ်ဒို Post တစ်ခါတင်ရင် ကြော်ငြာခအဖြစ် အမေရိကန်ဒေါ်လာ(၇၅၀၀၀၀)အထိ ပေးချေနေရတာကြောင့် စီရော်နယ်လ်ဒိုအတွက် ငွေတွေဘယ်လောက်ရမလဲဆိုတာ တွေးလို့တောင်မရနိုင်တဲ့အနေအထားပါ။ အားကစားကဏ္ဍမှာ Instagram ကနေ ဝင်ငွေအများဆုံးရရှိနေတဲ့ ထိပ်ဆုံး(၅)ဦးစာရင်းဝင်တွေကတော့ စီရော်နယ်လ်ဒိုအပြင် နေမာ၊ မက်ဆီ၊ ဒေးဗစ်ဘက်ခမ်း David Beckham ၊ ဂါရတ်ဘေးလ် Gareth Bale တို့ပဲဖြစ်ပါတယ်။

David-Beckham

David-Beckham

နေမာနဲ့မက်ဆီတို့ဟာ Post တစ်ခုအတွက် အမေရိကန်ဒေါ်လာ(၆၀၀၀၀၀)၊ အမေရိကန်ဒေါ်လာ(၅၀၀၀၀၀)သိန်းစီ အသီးသီးရရှိနေပြီး မန်ယူနာမည်ကျော်ကစားသမားဟောင်း ဒေးဗစ်ဘက်ခမ်က အမေရိကန်ဒေါ်လာ(၃၀၀၀၀၀)၊ ဂါရတ်ဘေးလ်က အမေရိကန်ဒေါ်လာ(၁၈၅၀၀၀)ရရှိနေကြတယ်။

Kylie-Jenner

Kylie-Jenner

ကမ္ဘာတစ်ဝှမ်းမှာ Instagram ကနေ ဝင်ငွေအများဆုံး Celebrity က ကိုင်လီဂျန်နာ Kylie Jenner ဖြစ်ပြီး အမေရိကန်ဒေါ်လာ(၁)သန်းအထိရရှိနေတာပါ။ ဒုတိယအများဆုံးက ဆယ်လီနာဂိုးမက်ဇ် Selena Gomez ဖြစ်ပြီး Post တစ်ခုကို အမေရိကန်ဒေါ်လာ (၈၀၀၀၀၀)ရရှိနေတာဖြစ်ပါတယ်။ စီရော်နယ်လ်ဒိုဟာ နာမည်ကြီး Celebrity တစ်ဦးဖြစ်တဲ့ ကင်ကာဒက်ရှန် Kim Kardashian နဲ့အတူ တတိယနေရာမှာ ပူးတွဲရပ်တည်နေတာဖြစ်ပါတယ်။

REF:Daily Mail
Photo:The Sun,golazzoo.com,The Independent,Beckham Fragrances
Naing Linn(Akhayar)
www.akhayar.com