[Zawgyi]

အုိးလ္ထရက္ဖုိ႔ဒ္ကုိ တစ္ေက်ာ႔ျပန္ ေျခခ်မယ့္ စီေရာ္နယ္လ္ဒုိ Cristiano Ronaldo

ဒီေန႔ (အဂၤါ)မွာ ခ်န္ပီယံလိဂ္ပဲြႀကီးပဲြေကာင္းေတြ အမ်ားႀကီးရွိေနၿပီး အဲဒီထဲကမွ စိတ္၀င္စားစရာအေကာင္းဆုံးက အုိးလ္ထရက္ဖုိ႔ဒ္ေျမကုိ တစ္ေက်ာ႔ျပန္လာမယ့္ စီေရာ္နယ္လ္ဒုိ Cristiano Ronaldo ရဲ႕ မန္ခ်က္စတာ အျပန္လမ္းပါပဲ။

Cristiano-Ronaldo-Manchester-United

Cristiano-Ronaldo-Manchester-United

စီေရာ္နယ္လ္ဒုိဆုိတာက အရင္ဂႏၳ၀င္ကစားသမား ေဒးဗစ္ဘက္ခမ္ David Beckham လုိ မန္ယူပရိသတ္ေတြရဲ႕ အခ်စ္ေတာ္ ကစားသမားတစ္ဦးျဖစ္ၿပီး အသင္းကုိ ျပန္လာဖုိ႔ မန္ယူပရိသတ္ေတြက အၿမဲလုိလုိ ေတာင္းဆုိခဲ့ၾကဖူးတယ္။ ရီးယဲလ္နဲ႔ အနာဂတ္ မေသခ်ာျဖစ္ေနခ်ိန္တုနး္က မန္ယူပရိသတ္ေတြဟာ မန္ခ်က္စတာေျမကုိ စီေရာ္နယ္လ္ဒုိ ေျချပန္ခ်ဖုိ႔ ေမွ်ာ္လင့္ခဲ့ၾကေပမယ့္ သူကေတာ့ တူရင္ၿမိဳ႕ရဲ႕ ရင္ခြင့္ကုိသာ ခုိလႈံဖုိ႔ ဆုံးျဖတ္ခဲ့တာျဖစ္ပါတယ္။ အခုဆုိရင္ စီေရာ္နယ္လ္ဒုိဟာ ဂ်ဴဗင္တပ္စ္ကစားသမားဘ၀နဲ႔ အုိးလ္ထရက္ဖုိ႔ဒ္ေျမကုိ တစ္ေက်ာ႔ျပန္ လာေတာ့မွာပါ။ အုိးလ္ထရက္ဖုိ႔ဒ္ကုိ ၿပိဳင္ဘက္အျဖစ္ စီေရာ္နယ္လ္ဒုိ ျပန္လာတာက ဒါ ပထမဆုံးအႀကိမ္ေတာ့ မဟုတ္ဘူး။

Cristiano-Ronaldo-at-Old-Trafford

Cristiano-Ronaldo-at-Old-Trafford

၂၀၁၂-၁၃ ရာသီ ခ်န္ပီယံလိဂ္ ႐ႈံးထြက္(၁၆)သင္းအဆင့္တုန္းက ရီးယဲလ္အသင္းနဲ႔အတူ မန္ခ်က္စတာေျမကုိ ခ်ီတက္ခဲ့သလုိ အသင္းေဟာင္းဘက္ကုိ ဂုိးပါသြင္းခဲ့ေသးတယ္။ စီေရာ္နယ္လ္ဒုိဆုိတာကလည္း မန္ယူနဲ႔ေတြ႕ရင္ အၿမဲလုိလုိ ဒုကၡေပးေလ့ရွိသူပါပဲ။ ၂၀၀၃ ခုႏွစ္တုန္းက စပုိ႔တင္းလစၥဘြန္းနဲ႔ မန္ယူတို႔ရဲ႕ ေျခစမ္းပဲြကုိ ပရိသတ္ေတြ အမွတ္ရေနဆဲျဖစ္ပါလိမ့္မယ္။ အဲဒီတုန္းက ခ်ာတိတ္ေလး စီေရာ္နယ္လ္ဒုိရဲ႕ ထုိးေဖာက္ ေမႊေႏွာက္မႈေတြေၾကာင့္ မန္ယူကစားသမားေတြ အ႐ူးမီး၀ုိင္းျဖစ္ခဲ့ၿပီး ေနာက္ခံလူ အုိေရွး O’Shea ဆုိရင္ ေခါင္းမူးလာလုိ႔ ေဆးကုသမႈ ခံရတဲ့အထိျဖစ္ခဲ့ရတယ္။

Cristiano-Ronaldo-against-Manchester-united

Cristiano-Ronaldo-against-Manchester-united

စီေရာ္နယ္လ္ဒုိဟာ ရီးယဲလ္ကစားသမားဘ၀မွာ မန္ယူအသင္းနဲ႔ (၃)ႀကိမ္ ဆုံေတြ႕ခဲ့ၿပီး (၂)ပဲြ ဂုိးသြင္းခဲ့တယ္။ အခု တစ္ႀကိမ္ဆုံေတြ႕မႈမွာေရာ မန္ယူကုိ စီေရာ္နယ္လ္ဒုိ ဒုကၡေပးဦးမွာလား။

Manchester-United-fan-welcome-C-Ronaldo

Manchester-United-fan-welcome-C-Ronaldo

ဘာပဲျဖစ္ျဖစ္ပါ အုိးလ္ထရက္ဖုိ႔ဒ္မွာ ဂ်ဴဗင္တပ္စ္နဲ႔ကစားမယ့္ပဲြက်ရင္ စီေရာ္နယ္လ္ဒုိကုိ မန္ယူပရိသတ္ေတြက ၿပိဳင္ဘက္လုိ႔ သေဘာထားမွာ မဟုတ္ဘဲ ေသာင္းေသာင္းျဖျဖ ႀကိဳဆုိၾကမွာ အမွန္ပဲျဖစ္ပါေတာ့တယ္ . . .

Photo:itv.com,weallfollowunited,SPORTbible,Twitter,imperiya
Naing Linn(Akhayar)
www.akhayar.com

[Unicode]

အိုးလ်ထရက်ဖို့ဒ်ကို တစ်ကျော့ပြန် ခြေချမယ့် စီရော်နယ်လ်ဒို Cristiano Ronaldo

ဒီနေ့ (အင်္ဂါ)မှာ ချန်ပီယံလိဂ်ပွဲကြီးပွဲကောင်းတွေ အများကြီးရှိနေပြီး အဲဒီထဲကမှ စိတ်ဝင်စားစရာအကောင်းဆုံးက အိုးလ်ထရက်ဖို့ဒ်မြေကို တစ်ကျော့ပြန်လာမယ့် စီရော်နယ်လ်ဒို Cristiano Ronaldo ရဲ့ မန်ချက်စတာ အပြန်လမ်းပါပဲ။

Cristiano-Ronaldo-Manchester-United

Cristiano-Ronaldo-Manchester-United

စီရော်နယ်လ်ဒိုဆိုတာက အရင်ဂန္ထဝင်ကစားသမား ဒေးဗစ်ဘက်ခမ် David Beckham လို မန်ယူပရိသတ်တွေရဲ့ အချစ်တော် ကစားသမားတစ်ဦးဖြစ်ပြီး အသင်းကို ပြန်လာဖို့ မန်ယူပရိသတ်တွေက အမြဲလိုလို တောင်းဆိုခဲ့ကြဖူးတယ်။ ရီးယဲလ်နဲ့ အနာဂတ် မသေချာဖြစ်နေချိန်တုန်းက မန်ယူပရိသတ်တွေဟာ မန်ချက်စတာမြေကို စီရော်နယ်လ်ဒို ခြေပြန်ချဖို့ မျှော်လင့်ခဲ့ကြပေမယ့် သူကတော့ တူရင်မြို့ရဲ့ ရင်ခွင့်ကိုသာ ခိုလှုံဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ အခုဆိုရင် စီရော်နယ်လ်ဒိုဟာ ဂျူဗင်တပ်စ်ကစားသမားဘဝနဲ့ အိုးလ်ထရက်ဖို့ဒ်မြေကို တစ်ကျော့ပြန် လာတော့မှာပါ။ အိုးလ်ထရက်ဖို့ဒ်ကို ပြိုင်ဘက်အဖြစ် စီရော်နယ်လ်ဒို ပြန်လာတာက ဒါ ပထမဆုံးအကြိမ်တော့ မဟုတ်ဘူး။

Cristiano-Ronaldo-at-Old-Trafford

Cristiano-Ronaldo-at-Old-Trafford

၂၀၁၂-၁၃ ရာသီ ချန်ပီယံလိဂ် ရှုံးထွက်(၁၆)သင်းအဆင့်တုန်းက ရီးယဲလ်အသင်းနဲ့အတူ မန်ချက်စတာမြေကို ချီတက်ခဲ့သလို အသင်းဟောင်းဘက်ကို ဂိုးပါသွင်းခဲ့သေးတယ်။ စီရော်နယ်လ်ဒိုဆိုတာကလည်း မန်ယူနဲ့တွေ့ရင် အမြဲလိုလို ဒုက္ခပေးလေ့ရှိသူပါပဲ။ ၂၀၀၃ ခုနှစ်တုန်းက စပို့တင်းလစ္စဘွန်းနဲ့ မန်ယူတို့ရဲ့ ခြေစမ်းပွဲကို ပရိသတ်တွေ အမှတ်ရနေဆဲဖြစ်ပါလိမ့်မယ်။ အဲဒီတုန်းက ချာတိတ်လေး စီရော်နယ်လ်ဒိုရဲ့ ထိုးဖောက် မွှေနှောက်မှုတွေကြောင့် မန်ယူကစားသမားတွေ အရူးမီးဝိုင်းဖြစ်ခဲ့ပြီး နောက်ခံလူ အိုရှေး O’Shea ဆိုရင် ခေါင်းမူးလာလို့ ဆေးကုသမှု ခံရတဲ့အထိဖြစ်ခဲ့ရတယ်။

Cristiano-Ronaldo-against-Manchester-united

Cristiano-Ronaldo-against-Manchester-united

စီရော်နယ်လ်ဒိုဟာ ရီးယဲလ်ကစားသမားဘဝမှာ မန်ယူအသင်းနဲ့ (၃)ကြိမ် ဆုံတွေ့ခဲ့ပြီး (၂)ပွဲ ဂိုးသွင်းခဲ့တယ်။ အခု တစ်ကြိမ်ဆုံတွေ့မှုမှာရော မန်ယူကို စီရော်နယ်လ်ဒို ဒုက္ခပေးဦးမှာလား။

Manchester-United-fan-welcome-C-Ronaldo

Manchester-United-fan-welcome-C-Ronaldo

ဘာပဲဖြစ်ဖြစ်ပါ အိုးလ်ထရက်ဖို့ဒ်မှာ ဂျူဗင်တပ်စ်နဲ့ကစားမယ့်ပွဲကျရင် စီရော်နယ်လ်ဒိုကို မန်ယူပရိသတ်တွေက ပြိုင်ဘက်လို့ သဘောထားမှာ မဟုတ်ဘဲ သောင်းသောင်းဖြဖြ ကြိုဆိုကြမှာ အမှန်ပဲဖြစ်ပါတော့တယ် . . .

Photo:itv.com,weallfollowunited,SPORTbible,Twitter,imperiya
Naing Linn(Akhayar)
www.akhayar.com