[Zawgyi]

ေရာ္နယ္ဒိုကိုေလွ်ာ့မတြက္ရန္ သတိေပးလိုက္တဲ့ ကိုင္လီယံ ဘာဖ္ေပ (Kylian Mbappe)

ပီအက္စ္ဂ်ီအသင္းရဲ႕ကစားသမား ကိုင္လီယံ ဘာဖ္ေပ (Kylian Mbappe)က ခ်န္ပီယံလိဂ္တြင္ ယွဥ္ၿပိဳင္ရမယ့္ ရီးယဲလ္အသင္း အဓိက ကစားသမားျဖစ္တဲ့ ေရာ္နယ္ဒိုကို ေလွ်ာ့မတြက္ဖုိ႔ သတိေပးေျပာဆိုသြားခဲ့ပါတယ္။ ပီအက္စ္ဂ်ီအသင္းနဲ႔ ရီးယဲလ္အသင္းတုိ႔ဟာ ခ်န္ပီယံလိဂ္ (၁၆) သင္းအဆင့္မွာ ထိပ္တိုက္ေတြ႕ဆံုေနၿပီး ရီးယဲလ္တုိက္စစ္မွဴး ေရာ္နယ္ဒိုဟာ ဒီရာသီမွာ ပံုမွန္ေျခစြမ္းေပ်ာက္ဆံုးေနေပမယ့္ ဘာဖ္ေပက ေလွ်ာ့မတြက္သင့္ေၾကာင္း ေျပာဆုိခဲ့တာျဖစ္ပါတယ္။

ရီးယဲလ္တုိက္စစ္မွဴး ေရာ္နယ္ဒိုဟာ ဒီရာသီ လာလီဂါပြဲစဥ္ (၁၇) ပြဲ ပါဝင္ကစားထားၿပီးခ်ိန္မွာ (၈)ဂိုးသာသြင္းယူႏိုင္ခဲ့ေပမယ့္ ခ်န္ပီယံလိဂ္မွာေတာ့ အုပ္စု (၆) ပြဲမွာ (၉) ဂိုးထိသြင္းယူၿပီး စံခ်ိန္သစ္တင္ထားႏုိင္သူျဖစ္ပါတယ္။ ဆုိးေခ်ာ့အသင္း (Sochaux)ကိုႏုိင္တဲ့ပြဲစဥ္အၿပီးမွာ ဘာဖ္ေပက “ေရာ္နယ္ဒိုဟာ ေျခစြမ္းက်ေနတာမဟုတ္ပါဘူး။ သူသာ ေျခစြမ္းက်ေနတယ္ဆိုရင္ ေျခစြမ္းက်ေနတဲ့ ကစားသမားေတြ အမ်ားအျပားျဖစ္ေနမွာပါ။ သူဟာ ကစားသမားေကာင္းပါ။ ဒါေပမယ့္ သူအေနနဲ႔ အသင္းနဲ႔ေတြ႕ဆံုခ်ိန္မွာ ႏႈတ္ဆိတ္ေနမယ္လို႔ ေမွ်ာ္လင့္ပါတယ္။ ရီးယဲလ္တစ္သင္းလံုးရဲ႕အင္အားကို သတိထားၿပီး ပြဲအတြက္ ကၽြန္ေတာ္တို႔ ျပင္ဆင္ေနပါတယ္” လို႔ေျပာဆုိခဲ့ပါတယ္။

အဆိုပါ ျပင္သစ္ဖလားပြဲစဥ္မွာ ပီအက္စ္ဂ်ီအသင္းဟာ (၄-၁)ဂိုးနဲ႔ ဆုိးေခ်ာ့အသင္း (Sochaux)ကို အႏုိင္ယူခဲ့ၿပီး ကြင္းလယ္စားသမား ဒီမာရီယာဟာ ဟတ္ထရစ္သြင္းယူႏုိင္ခဲ့ပါတယ္။ဒီမာရီယာရဲ႕ ပြဲထြက္ခြင့္အေပၚ ဘာဖ္ေပက “ ဒီမာရီယာဟာ အသင္းအတြက္ ဘယ္ေလာက္အေရးပါလဲဆုိတာ အားလံုးေကာင္းေကာင္းသိပါတယ္။ သူဟာ ရီးယဲလ္နဲ႔ပြဲမွာ ပြဲထြက္ကစားဖို႔ ထိုက္တန္သူပါ။ ဒါေပမယ့္ ကၽြန္တာ္က နည္းျပမဟုတ္ပါဘူး” လို႔ေျပာဆိုခဲ့ပါတယ္။ ဘာဖ္ေပဟာ လက္ရိွပီအက္စ္ဂ်ီအသင္းမွာ ေနမာ၊ ကာဗာနီတို႔နဲ႔ တုိက္စစ္ပိုင္းမွာ ေျခစြမ္းျပေနသူ တစ္ဦးျဖစ္ပါတယ္။

www.akhayarmedia.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

ရော်နယ်ဒိုကိုလျှော့မတွက်ရန် သတိပေးလိုက်တဲ့ ကိုင်လီယံ ဘာဖ်ပေ (Kylian Mbappe)

ပီအက်စ်ဂျီအသင်းရဲ့ကစားသမား ကိုင်လီယံ ဘာဖ်ပေ (Kylian Mbappe)က ချန်ပီယံလိဂ်တွင် ယှဉ်ပြိုင်ရမယ့် ရီးယဲလ်အသင်း အဓိက ကစားသမားဖြစ်တဲ့ ရော်နယ်ဒိုကို လျှော့မတွက်ဖို့ သတိပေးပြောဆိုသွားခဲ့ပါတယ်။ ပီအက်စ်ဂျီအသင်းနဲ့ ရီးယဲလ်အသင်းတို့ဟာ ချန်ပီယံလိဂ် (၁၆) သင်းအဆင့်မှာ ထိပ်တိုက်တွေ့ဆုံနေပြီး ရီးယဲလ်တိုက်စစ်မှူး ရော်နယ်ဒိုဟာ ဒီရာသီမှာ ပုံမှန်ခြေစွမ်းပျောက်ဆုံးနေပေမယ့် ဘာဖ်ပေက လျှော့မတွက်သင့်ကြောင်း ပြောဆိုခဲ့တာဖြစ်ပါတယ်။

ရီးယဲလ်တိုက်စစ်မှူး ရော်နယ်ဒိုဟာ ဒီရာသီ လာလီဂါပွဲစဉ် (၁၇) ပွဲ ပါဝင်ကစားထားပြီးချိန်မှာ (၈)ဂိုးသာသွင်းယူနိုင်ခဲ့ပေမယ့် ချန်ပီယံလိဂ်မှာတော့ အုပ်စု (၆) ပွဲမှာ (၉) ဂိုးထိသွင်းယူပြီး စံချိန်သစ်တင်ထားနိုင်သူဖြစ်ပါတယ်။ ဆိုးချော့အသင်း (Sochaux)ကိုနိုင်တဲ့ပွဲစဉ်အပြီးမှာ ဘာဖ်ပေက “ရော်နယ်ဒိုဟာ ခြေစွမ်းကျနေတာမဟုတ်ပါဘူး။ သူသာ ခြေစွမ်းကျနေတယ်ဆိုရင် ခြေစွမ်းကျနေတဲ့ ကစားသမားတွေ အများအပြားဖြစ်နေမှာပါ။ သူဟာ ကစားသမားကောင်းပါ။ ဒါပေမယ့် သူအနေနဲ့ အသင်းနဲ့တွေ့ဆုံချိန်မှာ နှုတ်ဆိတ်နေမယ်လို့ မျှော်လင့်ပါတယ်။ ရီးယဲလ်တစ်သင်းလုံးရဲ့အင်အားကို သတိထားပြီး ပွဲအတွက် ကျွန်တော်တို့ ပြင်ဆင်နေပါတယ်” လို့ပြောဆိုခဲ့ပါတယ်။

အဆိုပါ ပြင်သစ်ဖလားပွဲစဉ်မှာ ပီအက်စ်ဂျီအသင်းဟာ (၄-၁)ဂိုးနဲ့ ဆိုးချော့အသင်း (Sochaux)ကို အနိုင်ယူခဲ့ပြီး ကွင်းလယ်စားသမား ဒီမာရီယာဟာ ဟတ်ထရစ်သွင်းယူနိုင်ခဲ့ပါတယ်။ဒီမာရီယာရဲ့ ပွဲထွက်ခွင့်အပေါ် ဘာဖ်ပေက “ ဒီမာရီယာဟာ အသင်းအတွက် ဘယ်လောက်အရေးပါလဲဆိုတာ အားလုံးကောင်းကောင်းသိပါတယ်။ သူဟာ ရီးယဲလ်နဲ့ပွဲမှာ ပွဲထွက်ကစားဖို့ ထိုက်တန်သူပါ။ ဒါပေမယ့် ကျွန်တာ်က နည်းပြမဟုတ်ပါဘူး” လို့ပြောဆိုခဲ့ပါတယ်။ ဘာဖ်ပေဟာ လက်ရှိပီအက်စ်ဂျီအသင်းမှာ နေမာ၊ ကာဗာနီတို့နဲ့ တိုက်စစ်ပိုင်းမှာ ခြေစွမ်းပြနေသူ တစ်ဦးဖြစ်ပါတယ်။

www.akhayarmedia.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။