ဂျူဗင်တပ်စ်အသင်းရဲ့ ပေါ်တူဂီနာမည်ကျော်ကစားသမား စီရော်နယ်လ်ဒို Cristiano Ronaldo ဟာ မုဒိမ်းမှုကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်ပေါ်ခဲ့ပေမယ့် အဲဒီနောက်ပိုင်း သူ့ရဲ့ Instagram မှာ Followers တွေ မတရားမြင့်တက်လာခဲ့ပါတယ်။ ကက်သရင်းမာယော်ဂါ Kathryn Mayorga ဆိုသူ အမျိုးသမီးတစ်ဦးက စီရော်နယ်လ်ဒိုဟာ ၂၀၀၉ ခုနှစ်တုန်းက သူမကို မုဒိမ်းမှုကျုးလွန်ခဲ့တယ်ဆိုတဲ့ အကြောင်းကို ၂၀၁၈၊ အောက်တိုဘာလအတွင်းမှာ မီဒီယာတွေဆီ ဖွင့်ချခဲ့ပါတယ်။

အဲဒီသတင်းက စီရော်နယ်လ်ဒိုနဲ့ သူ့ပတ်ဝန်းကျင်ကို လှုပ်ခတ်သွားပြီး EA Sports က FIFA 19 ဂိမ်းခွေ မျက်နှာဖုံးမှာ စီရော်နယ်လ်ဒို ရုပ်ပုံကို ဖြုတ်ချခဲ့သလို သူနဲ့ လက်တွဲထားတဲ့ Nike ကုမ္ပဏီကလည်း ဒီပြဿနာကို အလေးအနက်ထား ဖြေရှင်းသင့်တယ်လို့ တောင်းဆိုခဲ့ကြပါတယ်။ ဒါပေမဲ့ Social Network မှာ စီရော်နယ်လ်ဒိုရဲ့ ပုံရိပ်က ပိုမိုကြီးမားလာပြီး ၂၀၁၈၊ အောက်တိုဘာလ(၁၈)ရက်ကနေ အခုနှစ် ဖေဖော်ဝါရီ (၁၈)ရက်အတွင်း သူ့ Instagram မှာ Followers အရေအတွက်က (၁၃)သန်းကျော်အထိ မြင့်တက်လာခဲ့တာပါ။ ၂၀၁၈ အောက်တိုဘာလတုန်းက (၁၄၃၆၄၆၇၁၀)သန်းသာ ရှိခဲ့တာကနေ ဖေဖော်ဝါရီ (၁၈)ရက်မှာတော့ (၁၅၅၀၉၅၃၅၄)သန်းအထိ ရှိနေပါတယ်။ အဲဒါကြောင့် စီရော်နယ်လ်ဒိုဟာ Instagram မှာ Followers အများဆုံး နာမည်ကျော်ပုဂ္ဂိုလ်အဖြစ် နာမည်ကြီးအဆိုတော် ဆလီနာဂိုးမက်ဇ် Selena Gomez ကို ကျော်ဖြတ်ပြီး နံပါတ်(၁)နေရာ ရရှိခဲ့တာဖြစ်ပါတယ်။ စီရော်နယ်လ်ဒိုတစ်ဦးတည်းမဟုတ်ဘဲ ဂျူဗင်တပ်စ်အသင်းကလည်း Followers အရေအတွက် မြင့်တက်ခဲ့ပြီး စီရော်နယ်လ်ဒိုရောက်ရှိပြီးကတည်းက အရင်ကထက် (၆၁၃၂၄၂၆)ဦးအထိ များလာခဲ့တာဖြစ်ပါတယ်။

REF:The Sun
Photo:AFP,The Sun
Naing Linn(Akhayar)
www.akhayar.com