[Zawgyi]

ဂ်ဴဗင္တပ္စ္ကို ေျပာင္းေရႊ႕ဖုိ႔ စီေရာ္နယ္လ္ဒုိ C Ronaldo သေဘာတူညီမႈရခဲ့ၿပီလုိ႔ သတင္းထြက္ေပၚ

ရီးယဲလ္အသင္းရဲ႕ ေပၚတူဂီနာမည္ေက်ာ္တိုက္စစ္ကစားသမား စီေရာ္နယ္လ္ဒုိ C Ronaldo ဟာ စီးရီးေအထိပ္သီးကလပ္ ဂ်ဴဗင္တပ္စ္အသင္းကုိ တစ္ပတ္လစာေပါင္(၅)သိန္းနဲ႔ ေျပာင္းေရႊ႕ဖုိ႔ သေဘာတူညီမႈရခဲ့တယ္ဆုိၿပီး ၿဗိတိန္မီဒီယာေတြက ေဖာ္ျပေနပါတယ္။ စီေရာ္နယ္လ္ဒုိဟာ သူ႔ကို စာခ်ဳပ္သက္တမ္းတိုးဖုိ႔ အင္တင္တင္ျဖစ္ေနတဲ့ ရီးယဲလ္ဥကၠ႒ဖေလာ္ရင္တီႏုိပီရက္ဇ္ Florentino Perez နဲ႔ ဆက္ဆံေရးအဆင္မေျပျဖစ္ေနၿပီး သူ႔ရဲ႕ေအးဂ်င့္ ေဂ်ာ႔ခ်္မန္ဒက္ဇ္ Jorge Mendes က စီေရာ္နယ္လ္ဒုိရဲ႕အေျပာင္းအေရႊ႕အတြက္ ဂ်ဴဗင္တပ္စ္အသင္းတာ၀န္ရွိသူေတြနဲ႔ ေတြ႕ဆုံခဲ့တယ္လုိ႔ The Sun သတင္းစာကေဖာ္ျပခဲ့ပါတယ္။

RONALDO-has-accepted-a-£500000-a-week-salary-at-Juventus

RONALDO-has-accepted-a-£500000-a-week-salary-at-Juventus

အသက္(၃၃)ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ စီေရာ္နယ္လ္ဒုိဟာ အသက္(၄၁)ႏွစ္အရြယ္ေလာက္အထိ ေဘာလုံးဆက္ကစားသြားဖုိ႔ ဆႏၵရွိေနၿပီး ရီးယဲလ္အသင္းမွာ ေဘာလုံးသမားဘ၀ ကုန္ဆုံးသြားလုိေပမယ့္ အခုအေျခအေနအရ ရီးယဲလ္နဲ႔လမ္းခဲြဖုိ႔ျဖစ္လာခဲ့ပါၿပီ။ ၂၀၁၆ ခုႏွစ္အတြင္း ရီးယဲလ္အသင္းနဲ႔ ၂၀၂၁ ခုႏွစ္အထိ စာခ်ဳပ္သက္တမ္းတိုးခဲ့သူ စီေရာ္နယ္လ္ဒုိကုိ ဂ်ဴဗင္တပ္စ္အသင္းက ေပါင္(၈၈)သန္းအထိေပးၿပီး ကမ္းလွမ္းဖုိ႔ စီစဥ္ေနသလုိ ရီးယဲလ္အသင္းကလည္း ဂ်ဴဗင္တပ္စ္အသင္းဘက္က အမွန္တကယ္ကမ္းလွမ္းခဲ့ရင္ လက္ခံစဥ္းစားဖုိ႔ရွိတယ္လုိ႔ The Sun သတင္းစာကဆုိပါတယ္။ တကယ္လုိ႔ ဂ်ဴဗင္တပ္စ္အသင္းကုိသာ စီေရာ္နယ္လ္ဒုိ ေျပာင္းေရႊ႕ခဲ့မယ္ဆုိရင္ သူလုိခ်င္ေနတဲ့ ကမၻာ႔ထိပ္တန္းလစာေငြကုိ ရရွိမွာျဖစ္ၿပီး ဂ်ဴဗင္တပ္စ္အသင္းရဲ႕ေျပာင္းေရႊ႕ ေၾကးအျမင့္ဆုံးကစားသမားအျဖစ္လည္း ရပ္တည္ႏုိင္မွာပါ။ ဂ်ဴဗင္တပ္စ္အသင္းဟာ ၂၀၁၆ ခုႏွစ္တုန္းက အာဂ်င္တီးနားတိုက္စစ္မွဴး ဟီဂြါအင္ Higuain ကုိ ေပါင္(၇၉)သန္းနဲ႔ေခၚယူခဲ့ၿပီး ကလပ္စံခ်ိန္တင္လည္းျဖစ္ခဲ့တယ္။ စီေရာ္နယ္လ္ဒုိနဲ႔ ဂ်ဴဗင္တပ္စ္အသင္းတို႔ရဲ႕ အေျပာင္းအေရႊ႕ဇာတ္လမ္းက အမွန္တကယ္ျဖစ္လာမလား၊ ဒါမွမဟုတ္ သတင္းအျဖစ္သက္သက္နဲ႔ ၿပီးဆုံးသြားမလားဆုိတာေတာ့ ေစာင့္ၾကည့္သြားရမွာပါ . . .

ကစားသမားဘ၀တစ္ေလွ်ာက္ စီေရာ္နယ္လ္ဒုိ ရယူခဲ့တဲ့ ဆုဖလားမ်ား

Sporting CP
Supertaça Cândido de Oliveira: 2002

Manchester United
Premier League: 2006–07, 2007–08, 2008–09
FA Cup: 2003–04
Football League Cup: 2005–06, 2008–09
FA Community Shield: 2007
UEFA Champions League: 2007–08
FIFA Club World Cup: 2008

Real Madrid
La Liga: 2011–12, 2016–17
Copa del Rey: 2010–11, 2013–14
Supercopa de España: 2012, 2017
UEFA Champions League: 2013–14, 2015–16, 2016–17, 2017–18
UEFA Super Cup: 2014, 2017
FIFA Club World Cup: 2014, 2016, 2017

REF:The Sun,BBC
Photo:Independent,Marca
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ဂျူဗင်တပ်စ်ကို ပြောင်းရွှေ့ဖို့ စီရော်နယ်လ်ဒို C Ronaldo သဘောတူညီမှုရခဲ့ပြီလို့ သတင်းထွက်ပေါ်

ရီးယဲလ်အသင်းရဲ့ ပေါ်တူဂီနာမည်ကျော်တိုက်စစ်ကစားသမား စီရော်နယ်လ်ဒို C Ronaldo ဟာ စီးရီးအေထိပ်သီးကလပ် ဂျူဗင်တပ်စ်အသင်းကို တစ်ပတ်လစာပေါင်(၅)သိန်းနဲ့ ပြောင်းရွှေ့ဖို့ သဘောတူညီမှုရခဲ့တယ်ဆိုပြီး ဗြိတိန်မီဒီယာတွေက ဖော်ပြနေပါတယ်။ စီရော်နယ်လ်ဒိုဟာ သူ့ကို စာချုပ်သက်တမ်းတိုးဖို့ အင်တင်တင်ဖြစ်နေတဲ့ ရီးယဲလ်ဥက္ကဋ္ဌဖလော်ရင်တီနိုပီရက်ဇ် Florentino Perez နဲ့ ဆက်ဆံရေးအဆင်မပြေဖြစ်နေပြီး သူ့ရဲ့အေးဂျင့် ဂျော့ချ်မန်ဒက်ဇ် Jorge Mendes က စီရော်နယ်လ်ဒိုရဲ့အပြောင်းအရွှေ့အတွက် ဂျူဗင်တပ်စ်အသင်းတာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ The Sun သတင်းစာကဖော်ပြခဲ့ပါတယ်။

RONALDO-has-accepted-a-£500000-a-week-salary-at-Juventus

RONALDO-has-accepted-a-£500000-a-week-salary-at-Juventus

အသက်(၃၃)နှစ်အရွယ်ရှိပြီဖြစ်တဲ့ စီရော်နယ်လ်ဒိုဟာ အသက်(၄၁)နှစ်အရွယ်လောက်အထိ ဘောလုံးဆက်ကစားသွားဖို့ ဆန္ဒရှိနေပြီး ရီးယဲလ်အသင်းမှာ ဘောလုံးသမားဘ၀ ကုန်ဆုံးသွားလိုပေမယ့် အခုအခြေအနေအရ ရီးယဲလ်နဲ့လမ်းခွဲဖို့ဖြစ်လာခဲ့ပါပြီ။ ၂၀၁၆ ခုနှစ်အတွင်း ရီးယဲလ်အသင်းနဲ့ ၂၀၂၁ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးခဲ့သူ စီရော်နယ်လ်ဒိုကို ဂျူဗင်တပ်စ်အသင်းက ပေါင်(၈၈)သန်းအထိပေးပြီး ကမ်းလှမ်းဖို့ စီစဉ်နေသလို ရီးယဲလ်အသင်းကလည်း ဂျူဗင်တပ်စ်အသင်းဘက်က အမှန်တကယ်ကမ်းလှမ်းခဲ့ရင် လက်ခံစဉ်းစားဖို့ရှိတယ်လို့ The Sun သတင်းစာကဆိုပါတယ်။ တကယ်လို့ ဂျူဗင်တပ်စ်အသင်းကိုသာ စီရော်နယ်လ်ဒို ပြောင်းရွှေ့ခဲ့မယ်ဆိုရင် သူလိုချင်နေတဲ့ ကမ္ဘာ့ထိပ်တန်းလစာငွေကို ရရှိမှာဖြစ်ပြီး ဂျူဗင်တပ်စ်အသင်းရဲ့ပြောင်းရွှေ့ ကြေးအမြင့်ဆုံးကစားသမားအဖြစ်လည်း ရပ်တည်နိုင်မှာပါ။ ဂျူဗင်တပ်စ်အသင်းဟာ ၂၀၁၆ ခုနှစ်တုန်းက အာဂျင်တီးနားတိုက်စစ်မှူး ဟီဂွါအင် Higuain ကို ပေါင်(၇၉)သန်းနဲ့ခေါ်ယူခဲ့ပြီး ကလပ်စံချိန်တင်လည်းဖြစ်ခဲ့တယ်။ စီရော်နယ်လ်ဒိုနဲ့ ဂျူဗင်တပ်စ်အသင်းတို့ရဲ့ အပြောင်းအရွှေ့ဇာတ်လမ်းက အမှန်တကယ်ဖြစ်လာမလား၊ ဒါမှမဟုတ် သတင်းအဖြစ်သက်သက်နဲ့ ပြီးဆုံးသွားမလားဆိုတာတော့ စောင့်ကြည့်သွားရမှာပါ . . .

ကစားသမားဘဝတစ်လျှောက် စီရော်နယ်လ်ဒို ရယူခဲ့တဲ့ ဆုဖလားများ

Sporting CP
Supertaça Cândido de Oliveira: 2002

Manchester United
Premier League: 2006–07, 2007–08, 2008–09
FA Cup: 2003–04
Football League Cup: 2005–06, 2008–09
FA Community Shield: 2007
UEFA Champions League: 2007–08
FIFA Club World Cup: 2008

Real Madrid
La Liga: 2011–12, 2016–17
Copa del Rey: 2010–11, 2013–14
Supercopa de España: 2012, 2017
UEFA Champions League: 2013–14, 2015–16, 2016–17, 2017–18
UEFA Super Cup: 2014, 2017
FIFA Club World Cup: 2014, 2016, 2017

REF:The Sun,BBC
Photo:Independent,Marca
Naing Linn(Akhayar)
www.akhayar.com