[Zawgyi]

Cristiano Ronaldo ရဲ႕ ဓာတ္ပံုေၾကာင့္ အရွက္ကဲြခဲ့ရတဲ့ Chiellini

ဂ်ဴဗင္တပ္စ္ ၀ါရင့္ေနာက္ခံလူႀကီး ခ်ီလီနီ Chiellini ကေတာ့ အသင္းေဖာ္ စီေရာ္နယ္လ္ဒုိ Cristiano Ronaldo ရဲ႕ ဓာတ္ပုံတစ္ခုေၾကာင့္ အရွက္ျဗန္းျဗန္းကြဲခဲ့ရပါတယ္။ ၿပီးခဲ့တဲ့ တနဂၤေႏြေန႔က စီးရီးေအ ပဲြႀကီးပဲြေကာင္းအျဖစ္ ေအစီမီလန္နဲ႔ ဂ်ဴဗင္တပ္စ္တို႔ ကစားခဲ့ၿပီး ဂ်ဴဗင္တပ္စ္အသင္းက (၂-၀)ဂုိးနဲ႔ အႏုိင္ရခဲ့တယ္။ အဲဒီပဲြအၿပီးမွာ ေအစီမီလန္အသင္းရဲ႕ လူငယ္ကစားသမား ဘယ္လာႏုိဗာ Raoul Bellanova က သူ႔ရဲ႕ Idol ျဖစ္တဲ့ စီေရာ္နယ္လ္ဒုိ နဲ႔တဲြၿပီး ဂ်ဴဗင္တပ္စ္အ၀တ္လဲခန္းထဲမွာ ဓာတ္ပုံ႐ုိက္ခဲ့ပါတယ္။ အဲဒီအခ်ိန္ထိ ဘာျပႆနာမွ မရွိေသးပါဘူး။

Chiellini-dressing-room-fail

Chiellini-dressing-room-fail

ဒါေပမဲ့ အဲဒီပုံကုိ လူမႈကြန္ရက္စာမ်က္ႏွာေပၚမွာ Post တင္လုိက္ေတာ့ ပရိသတ္ေတြက ထူးျခားမႈတစ္ခုကုိ သတိျပဳမိလုိက္တယ္။ အဲဒါက ဂ်ဴဗင္တပ္စ္ေနာက္ခံလူ ခ်ီလီနီဟာ ကုိယ္လုံးတီးနဲ႔ ဓာတ္ပုံထဲမွာ ပါလာတာပါပဲ။ အဲဒီေနာက္မွာေတာ့ သိတဲ့အတိုင္း Online ေပၚမွာ ဒီဓာတ္ပုံက ပ်ံ႕ႏွ႔ံသြားခဲ့ၿပီး Troll လုပ္တဲ့သူေတြလည္း မနည္းပါဘူး။ ဘယ္လာႏုိဗာဟာ အဲဒီပုံကုိ Post တင္ၿပီး မိနစ္ပုိင္းအၾကာမွာပဲ ျပန္ဖ်က္ခဲ့ေပမယ့္ အခ်ိန္မမီေတာ့ဘဲ Online Users ေတြရဲ႕ လက္ခ်က္မိသြားခဲ့ရတယ္။ ကြငး္ထဲမွာ ခပ္ၾကမ္းၾကမ္း ကစားတတ္သူ၊ ကြင္းျပင္ပမွာလည္း ႐ူတည္တည္ပုံစံနဲ႔ ေနတတ္သူ ခ်ီလီနီအတြက္ေတာ့ ဘယ္လာႏုိဗာကုိ စိတ္ဆုိးရအခက္၊ ေဒါသထြက္ရအခက္လုိ႔ပဲ ေျပာရေတာ့မွာပါ။

REF:Marca
Photo:beIN SPORTS,Twitter
Naing Linn(Akhayar)
www.akhayar.com

[Unicode]

Cristiano Ronaldo ရဲ့ ဓာတ်ပုံကြောင့် အရှက်ကွဲခဲ့ရတဲ့ Chiellini

ဂျူဗင်တပ်စ် ဝါရင့်နောက်ခံလူကြီး ချီလီနီ Chiellini ကတော့ အသင်းဖော် စီရော်နယ်လ်ဒို Cristiano Ronaldo ရဲ့ ဓာတ်ပုံတစ်ခုကြောင့် အရှက်ဗြန်းဗြန်းကွဲခဲ့ရပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က စီးရီးအေ ပွဲကြီးပွဲကောင်းအဖြစ် အေစီမီလန်နဲ့ ဂျူဗင်တပ်စ်တို့ ကစားခဲ့ပြီး ဂျူဗင်တပ်စ်အသင်းက (၂-ဝ)ဂိုးနဲ့ အနိုင်ရခဲ့တယ်။ အဲဒီပွဲအပြီးမှာ အေစီမီလန်အသင်းရဲ့ လူငယ်ကစားသမား ဘယ်လာနိုဗာ Raoul Bellanova က သူ့ရဲ့ Idol ဖြစ်တဲ့ စီရော်နယ်လ်ဒို နဲ့တွဲပြီး ဂျူဗင်တပ်စ်အဝတ်လဲခန်းထဲမှာ ဓာတ်ပုံရိုက်ခဲ့ပါတယ်။ အဲဒီအချိန်ထိ ဘာပြဿနာမှ မရှိသေးပါဘူး။

Chiellini-dressing-room-fail

Chiellini-dressing-room-fail

ဒါပေမဲ့ အဲဒီပုံကို လူမှုကွန်ရက်စာမျက်နှာပေါ်မှာ Post တင်လိုက်တော့ ပရိသတ်တွေက ထူးခြားမှုတစ်ခုကို သတိပြုမိလိုက်တယ်။ အဲဒါက ဂျူဗင်တပ်စ်နောက်ခံလူ ချီလီနီဟာ ကိုယ်လုံးတီးနဲ့ ဓာတ်ပုံထဲမှာ ပါလာတာပါပဲ။ အဲဒီနောက်မှာတော့ သိတဲ့အတိုင်း Online ပေါ်မှာ ဒီဓာတ်ပုံက ပျံ့နှံ့သွားခဲ့ပြီး Troll လုပ်တဲ့သူတွေလည်း မနည်းပါဘူး။ ဘယ်လာနိုဗာဟာ အဲဒီပုံကို Post တင်ပြီး မိနစ်ပိုင်းအကြာမှာပဲ ပြန်ဖျက်ခဲ့ပေမယ့် အချိန်မမီတော့ဘဲ Online Users တွေရဲ့ လက်ချက်မိသွားခဲ့ရတယ်။ ကွင်းထဲမှာ ခပ်ကြမ်းကြမ်း ကစားတတ်သူ၊ ကွင်းပြင်ပမှာလည်း ရူတည်တည်ပုံစံနဲ့ နေတတ်သူ ချီလီနီအတွက်တော့ ဘယ်လာနိုဗာကို စိတ်ဆိုးရအခက်၊ ဒေါသထွက်ရအခက်လို့ပဲ ပြောရတော့မှာပါ။

REF:Marca
Photo:beIN SPORTS,Twitter
Naing Linn(Akhayar)
www.akhayar.com