[Zawgyi]

အသက္ေဘးကေန လက္မတင္ကေလး လြတ္ေျမာက္ခဲ့တဲ့ ခရစၥစီတုိ Criscito

ဂ်ီႏုိအာအသင္းေနာက္ခံလူ ခရစၥစီတို Criscito ဟာ ေသေဘးကေန သီသီေလး လြတ္ေျမာက္ခဲ့တဲ့ အေၾကာင္းကုိ ပရိသတ္ေတြ သိေအာင္ ေျပာျပခဲ့ပါတယ္။ ၿပီးခဲ့တဲ့အဂၤါေန႔ အီတလီစံေတာ္ခ်ိန္ မနက္ (၁၁း၃၀) ေလာက္မွာ ဂ်ီႏုိအာၿမိဳ႕မွာရွိတဲ့ Ponte Morandi အေ၀းေျပးတံတားႀကီး ၿပိဳက်ခဲ့တာေၾကာင့္ အနည္းဆုံး လူအေယာက္(၃၀)ေလာက္ ေသဆုံးခဲ့သလုိ ထိခုိက္ဒဏ္ရာရရသူေတြ အမ်ားႀကီးရွိခဲ့တယ္။ ေသဆုံးခဲ့သူေတြထဲမွာ ကေလးငယ္တစ္ဦးပါ၀င္ခဲ့သလုိ အဲဒီတံတားရဲ႕ အပုိင္းအစေတြက လူေနအိမ္ေတြေပၚလည္း က်ခဲ့တာေၾကာင့္ အိမ္မွာေနရင္း ေသဆုံးခဲ့သူ(၂)ဦးပါ၀င္ခဲ့တယ္လုိ႔ မီဒီယာေတြက ေဖာ္ျပခဲ့ၾကတယ္။

Morandi-bridge-collapse

Morandi-bridge-collapse

အဲဒီေန႔မွာ မုန္တိုင္းရွိလုိ႔ မုိးေတြ သည္းႀကီးမည္းႀကီး ရြာသြန္းခဲ့ၿပီး ခရစၥစီတိုဟာ သူ႔မိသားစုနဲ႔အတူ ကားနဲ႔ အဲဒီတံတားေပၚက ျဖတ္သန္းခဲ့ရတယ္။ ကံေကာင္းေထာက္မစြာနဲ႔ပဲ ခရစၥစီတိုရဲ႕ကား ျဖတ္ၿပီး (၁၀)မိနစ္ေလာက္အၾကာမွာပဲ တံတားက ႐ုတ္တရက္ၿပိဳက်ခဲ့တာပါ။ ခရစၥစီတုိက အသက္အႏၱရာယ္ကေန သီသီေလး လြတ္ခဲ့တဲ့အေၾကာင္းကုိ သူ႔ Instagram မွာ Post တင္ခဲ့ၿပီး ေသဆုံးခဲ့ၾကတဲ့သူေတြအတြက္လည္း ၀မ္းနည္းေၾကာငး္စာ ေရးသားခဲ့တယ္။ ခရစၥစီတိုက “ကၽြန္ေတာ္နဲ႔ ကၽြန္ေတာ့္ရဲ႕မိသားစုအတြက္ စုိးရိမ္ေနၾကတဲ့သူေတြ သိႏုိင္ေအာင္လုိ႔ ဒီ Post ကုိ ေရးသားခဲ့တာျဖစ္ပါတယ္။ အဲဒီတံတားကုိ ျဖတ္ၿပီး (၁၀)မိနစ္ေလာက္ အၾကာမွာ ၿပိဳက်ခဲ့တာျဖစ္လုိ႔ ကၽြန္ေတာ္တို႔ တစ္ဦးတစ္ေယာက္မွ ဒဏ္ရာမရခဲ့ပါဘူး။ ေသဆုံးခဲ့သူေတြရဲ႕ မိသားစု၀င္ေတြ အတြက္ တကယ့္ကုိ စိတ္မေကာင္းျဖစ္မိပါတယ္။ အေ၀းေျပး လမ္းတံတားႀကီးတစ္ခု အခုလုိၿပိဳက်ခဲ့တာက ေသြး႐ုိးသား႐ုိးေတာ့ မျဖစ္ႏုိင္ပါဘူး။ ဒီကိစၥအတြက္ ကၽြန္ေတာ္တို႔ တစ္ခုခုလုပ္သင့္တယ္လုိ႔ ထင္ပါတယ္” ဆုိၿပီးေရးသားခဲ့တာျဖစ္ပါတယ္။

REF:Daily Mail
Photo:Yahoo Sports,sharedmedia
Naing Linn(Akhayar)
www.akhayar.com

[Unicode]

အသက်ဘေးကနေ လက်မတင်ကလေး လွတ်မြောက်ခဲ့တဲ့ ခရစ္စစီတို Criscito

ဂျီနိုအာအသင်းနောက်ခံလူ ခရစ္စစီတို Criscito ဟာ သေဘေးကနေ သီသီလေး လွတ်မြောက်ခဲ့တဲ့ အကြောင်းကို ပရိသတ်တွေ သိအောင် ပြောပြခဲ့ပါတယ်။ ပြီးခဲ့တဲ့အင်္ဂါနေ့ အီတလီစံတော်ချိန် မနက် (၁၁း၃၀) လောက်မှာ ဂျီနိုအာမြို့မှာရှိတဲ့ Ponte Morandi အဝေးပြေးတံတားကြီး ပြိုကျခဲ့တာကြောင့် အနည်းဆုံး လူအယောက်(၃၀)လောက် သေဆုံးခဲ့သလို ထိခိုက်ဒဏ်ရာရရသူတွေ အများကြီးရှိခဲ့တယ်။ သေဆုံးခဲ့သူတွေထဲမှာ ကလေးငယ်တစ်ဦးပါဝင်ခဲ့သလို အဲဒီတံတားရဲ့ အပိုင်းအစတွေက လူနေအိမ်တွေပေါ်လည်း ကျခဲ့တာကြောင့် အိမ်မှာနေရင်း သေဆုံးခဲ့သူ(၂)ဦးပါဝင်ခဲ့တယ်လို့ မီဒီယာတွေက ဖော်ပြခဲ့ကြတယ်။

Morandi-bridge-collapse

Morandi-bridge-collapse

အဲဒီနေ့မှာ မုန်တိုင်းရှိလို့ မိုးတွေ သည်းကြီးမည်းကြီး ရွာသွန်းခဲ့ပြီး ခရစ္စစီတိုဟာ သူ့မိသားစုနဲ့အတူ ကားနဲ့ အဲဒီတံတားပေါ်က ဖြတ်သန်းခဲ့ရတယ်။ ကံကောင်းထောက်မစွာနဲ့ပဲ ခရစ္စစီတိုရဲ့ကား ဖြတ်ပြီး (၁၀)မိနစ်လောက်အကြာမှာပဲ တံတားက ရုတ်တရက်ပြိုကျခဲ့တာပါ။ ခရစ္စစီတိုက အသက်အန္တရာယ်ကနေ သီသီလေး လွတ်ခဲ့တဲ့အကြောင်းကို သူ့ Instagram မှာ Post တင်ခဲ့ပြီး သေဆုံးခဲ့ကြတဲ့သူတွေအတွက်လည်း ဝမ်းနည်းကြောင်းစာ ရေးသားခဲ့တယ်။ ခရစ္စစီတိုက “ကျွန်တော်နဲ့ ကျွန်တော့်ရဲ့မိသားစုအတွက် စိုးရိမ်နေကြတဲ့သူတွေ သိနိုင်အောင်လို့ ဒီ Post ကို ရေးသားခဲ့တာဖြစ်ပါတယ်။ အဲဒီတံတားကို ဖြတ်ပြီး (၁၀)မိနစ်လောက် အကြာမှာ ပြိုကျခဲ့တာဖြစ်လို့ ကျွန်တော်တို့ တစ်ဦးတစ်ယောက်မှ ဒဏ်ရာမရခဲ့ပါဘူး။ သေဆုံးခဲ့သူတွေရဲ့ မိသားစုဝင်တွေ အတွက် တကယ့်ကို စိတ်မကောင်းဖြစ်မိပါတယ်။ အဝေးပြေး လမ်းတံတားကြီးတစ်ခု အခုလိုပြိုကျခဲ့တာက သွေးရိုးသားရိုးတော့ မဖြစ်နိုင်ပါဘူး။ ဒီကိစ္စအတွက် ကျွန်တော်တို့ တစ်ခုခုလုပ်သင့်တယ်လို့ ထင်ပါတယ်” ဆိုပြီးရေးသားခဲ့တာဖြစ်ပါတယ်။

REF:Daily Mail
Photo:Yahoo Sports,sharedmedia
Naing Linn(Akhayar)
www.akhayar.com