[Zawgyi]




(၁) Unicorn Look


(၂) Fairy Look


(၃) Comic Character Look


(၄) Devil Pumpkin Look


(၅) Skull Look


(၆) Wonder Woman Look


(၇) Joker Look


(၈) Glam Mask Look



www.akhayar.com
[Unicode]

Halloween အတွက် ပြင်ရလွယ်ပြီး အထာကျတဲ့ Makeup Look လေးများ

ဒီလာမယ့် အောက်တိုဘာ ၃၁ ရက်နေ့ဆို အနောက်နိုင်ငံတွေရဲ့ Halloween Party ကြီးကို နေရာအနှံ့အပြားမှာ ကျင်းပတော့မှာနော်။ ဝတ်စုံအဆန်းအပြားတွေ၊ Makeup အလန်းစားတွေနဲ့ တစ်နိုင်ငံလုံး Party တွေ၊ ပွဲလမ်းသဘင်တွေကျင်းပကြ ပျော်ကြ မြူးကြတဲ့ Halloween ယဉ်ကျေးမှုကြီးက ခုဆို မြန်မာနိုင်ငံထိအောင်ပျံ့နှံ့လာပြီနော်။ ဒီတစ်ခါလည်း တစ်နှစ်မှ တစ်ကြိမ်တည်းကျရောက်တဲ့ Halloween Party ကြီးနွှဲဖို့ ရန်ကုန်မြို့က Restaurant တွေ၊ Bar တွေမှာလည်း ပြင်ဆင်နေကြပြီဆိုတော့ ဒီကြုံတောင့်ကြုံခဲ ပွဲတက်တဲ့အခါ Makeup ကလည်း အသက်ပဲလေ။ အဲ့ဒါမို့ Instagram က Makeup Artist တွေပြင်ဆင်ပြထားတဲ့ Halloween Inspired Makeup Look လေးတွေထဲက ထူးခြားပြီး ကိုယ်တွေလိုက်ပြင်လို့ရမယ့် Look လေးတွေကို ရှာဖွေတင်ပေးလိုက်တယ်နော်။ ဒီ look လေးတွေအတိုင်း ကိုယ့် Idea လေး ထပ်ပေါင်းထည့်ပြီးပြင်လိုက်ရင် အားလုံးကြားထဲမှာ ကိုယ်အထင်းဆုံဒဖြစ်မသွားဘူးလို့ မပြောနိုင်ဘူးလေနော်။ ကဲ..ဒါဆို ပြင်လိုက်ကြရအောင်။

(၁) Unicorn Look

ခုနောက်ပိုင်းခေတ်စားလာတဲ့ Unicorn ပုံစံ အရောင်ဖျော့ဖျော့လေးတွေ၊ အပြာဖျော့၊ပန်းရောင်ဖျော့လေးတွေနဲ့ အဓိကခြယ်လှယ်ရတဲ့ Makeup Look လေးက ကြောက်စရာလည်းသိပ်မကောင်းဘဲ ဆန်းဆန်းလေးနဲ့ချစ်စရာကောင်းအောင်ပြင်ချင်သူတွေအကြိုက်ပဲနော်။

(၂) Fairy Look

Fairy Tale ပုံပြင်တွေထဲကလို နုနုရွရွ ဖြူဖျော့ဖျော့လေးပြင်ပြီးမှ နှုတ်ခမ်းမှာ ဆန့်ကျင်ဘက် Theme မျိုးဖြစ်တဲ့ သွေးစီးကြောင်းလေးထည့်လိုက်ရင်ရော လုံးဝအလန်းစားဖြစ်မသွားနိုင်ဘူးလား..နော်။

(၃) Comic Character Look

Spider Man လား၊ Batman လား၊ Superman လား ကိုယ်ကြိုက်တဲ့ ရူးသွပ်တဲ့ Character တွေကို Makeup Look နဲ့ရဘ်ညွှန်းဖို့ အကောင်းဆုံးပွဲတော်ပဲလေ နော်။

(၄) Devil Pumpkin Look

ဒါလေးကတော့ ခပ်ရှင်းရှင်းနဲ့ချစ်စရာ Dark Theme လေးပေါ့။ မျက်နှာကို အနက်ရောင်လေး အဓိက Highlight လုပ်ပြီး ရွှေဖရုံသီးပုံလေးနဲ့ နှာခေါင်းတို့၊ ပါးပေါ်တို့မှာ အလှဆင်တာမျိုးပေါ့။ ဒါလေးလည်း လွယ်လွယ်ပြင်လို့ရတာပဲ။

(၅) Skull Look

ဘယ်တော့မှ ရိုးမသွားတာကတော့ အရိုးခေါင်းဆန်ဆန်မိတ်ကပ်ခြယ်သတာပဲလေ။ ဒီပုံလေးထဲကလို Highlight ကိုအဓိကအားထားပြီး ပြင်သွားရင်လည်း လုံးဝဂေါ်နေမှာပဲပေါ့။

(၆) Wonder Woman Look

Gal Gadot ရဲ့Wonder Woman Character ကတော့ မနှစ်က Harley Quinn Character လိုပဲ ဒီနှစ်ခေတ်စားလာဦးမှာလားဆိုတာ တော်တော်စိတ်ဝင်စားစရာကောင်းလာပြီမို့ လူစွမ်းကောင်းပုံစံမျိုး အထာကျကျဖန်တီးချင်ရင် Gal ရဲ့ Wonder Woman လေးအသွင် ပြောင်းကြည့်ပါဦးလို့။

(၇) Joker Look

ယောက်ျားလေးတွေမှ Joker လိုပြင်လို့ရတာ မဟုတ်ဘူးနော်။ မိန်းကလေးတွေလည်း မိတ်ကပ်နဲ့ အားပြုပြီး နှုတ်ခမ်းပြဲပြဲကြီးနဲ့ကြောက်စရာ Joker ရုပ်ဖန်တီးလို့ရတာ မမေ့နဲ့နော်။

(၈) Glam Mask Look

အရမ်းကြောက်စရာကောင်းတဲ့ပုံမဟုတ်ဘဲ ကိုယ့်နဂိုရုပ်သွင်ကို မသိသာစေတဲ့ပုံစံမျိုးဆို ဒီလို Mask ပုံစံဖန်တီးထားတဲ့ Makeup Look ကလည်း ကိုယ်ပုံမှန်ပြင်နေကျအပေါ် Creation ထပ်လိုက်တဲ့ပုံပါပဲ။ လိုက်ပြင်ရလည်း လွယ်တယ်လေ။ ဒီလောက်ဆို ဒီနှစ် Halloween အတွက် ပြင်ဆင်ခြယ်သဖို့ ခေါင်းမစားရလောက်တော့ဘူးနော်။ ဒီပုံလေးတွေထဲက Look တွေကို Inspire ယူပြီး ကိုယ့်စိတ်ကူးဉာဏ်အတိုင်းကွန့်မြူးခြယ်လို့ အထာအကျဆုံး Halloween Girl လေးဖြစ်နိုင်ကြပါစေ။

EiEiKhineMinn (Akhayar)

www.akhayar.com