[Zawgyi] 







Min Than Htike (Akhayar)

www.akhayar.com


[Unicode] 

iPhone မှာ Gradient Wallpaper ကောင်းကောင်းလေးတွေဖန်တီးကြမယ်

iPhone ထဲက Wallpaper တွေကိုပျင်းနေပြီလား။ ပျင်းနေပြီဆိုရင်တော့ သင်ကိုယ်တိုင် Wallpaper ကောင်းကောင်းလေးတွေဖန်တီးလို့ရမယ့် App ကောင်းကောင်းလေးတစ်ခုကိုဖော်ပြပေးလိုက်ပါတယ်။ 

ဒီ Wallpaper App လေးကတော့ Clarity လို့ခေါ်ပါတယ်။ App Store မှာတော့ Clarity – Wallpaper Editor လို့ ရိုက်ရှာလိုက်ရင်တွေ့နိုင်ပါတယ်။ $0.99 ပဲရှိပြီး ပေးရတာနဲ့တန်ပါတယ်။ App အထဲမှာသုံးနေရင်း ကြော်ငြာတွေတက်လာတာတို့ App ထစ်တာတို့လုံးဝမရှိပါဘူး။ Error တစ်ခုခုရှိရင်လည်း Developer က ဂရုတစ်စိုက် Update လုပ်ပေးတာကြောင့် ဝယ်ရတာနဲ့တန်တဲ့ App လေးတစ်ခုပါပဲ။ 

App Store မှာ Clarity – Wallpaper Editor လို့ ရှာလိုက်ရင် ရပါတယ်

App ထဲမှာ Wallpaper ဖန်တီးဖို့အတွက် Menu သုံးခုပါပါတယ်။ Mask ၊ Blur နဲ့ Gradient ဆိုတာတွေထဲက တစ်ခုစီကိုသုံးပြီး Wallpaper တစ်ခုကို စက္ကန့်ပိုင်းအတွင်း ဖန်တီးလို့ရပါတယ်။ Mask ကတော့ iPhone Lock Screen Wallpaper တွေကိုဖန်တီးဖို့ဖြစ်ပါတယ်။ Blur ကတော့ Home Screen အတွက် Wallpaper ဖန်တီးဖို့ဖြစ်ပါတယ်။ Gradient ကတော့ ရိုးရိုးရှင်းရှင်းနဲ့ အရောင်စပ်ထားတာလေးတွေကို နှစ်သက်သူတွေအတွက်ဖြစ်ပါတယ်။ Gradient ကိုသင်ကိုယ်တိုင်ဖန်တီးလို့ရသလို Ready လုပ်ထားပေးတဲ့ Gradient လေးတွေလည်းပါဝင်တာကြောင့် အလွယ်တစ်ကူ Save လိုက်လို့လည်းရပါသေးတယ်။ 

Lock Screen နဲ့ Home Screen အတွက်သီးသန့်စီ ဖန်တီးလို့ရပါတယ်

In-App Purchase အနေနဲ့တော့ Clarity Pro ဆိုတာကို $1.99 နဲ့ထပ်ဝယ်လို့ရပါတယ်။ Pro ကိုထပ်ဝယ်လိုက်မယ်ဆိုရင်တော့ iOS ရဲ့ Photo App ထဲမှာလည်း Clarity နဲ့ပြင်လို့ရမှာပါ။ အဲ့ဒီအပြင် Gradient ကိုပိုအရောင်စုံသွားအောင် Double Point ကနေ Triple Point ဖြစ်အောင်ထပ်ထည့်ပေးထားတာပဲဖြစ်ပါတယ်။ Pro Version ကတော့သိပ်အရေးမကြီးတာကြောင့် မဝယ်လည်းကိစ္စမရှိပါဘူး။ Akhayar ပရိတ်သတ်ကြီးထဲက App ကောင်းကောင်းလေးတွေစိတ်ဝင်စားသူတွေအနေနဲ့ ဒီ Clarity App လေးကိုသဘောကျလိမ့်မယ်လို့ထင်ပါတယ်။ iOS 9 နဲ့အထက်တင်ထားတဲ့ iPhone ၊ iPad ၊ iPod Touch တွေမှာ ဒီ App လေးကိုသုံးလို့ရပါတယ်။ 

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။